မန်ချက် စတာ ယူနိုက်တက် အသင်း ရဲ့ လူငယ် ကစား သမားလေး မက်စ် တိုင်လာ ဟာ သက်တူ ရွယ်တူ တွေ အတွက် အတုယူ ဖွယ် ရာ ကစား သမား တစ်ဦး ဖြစ်တယ် လို့ စပါး နည်းပြ ဟိုဆေး မော်ရင်ဟို က ညွှန်းဆို သွားခဲ့ ပါတယ် ။ မက်စ် တိုင်လာ ဟာ အသက် အန္တရာယ် စိုးရိမ် ရတဲ့ ကင်ဆာ ဝေဒနာ ကနေ လွတ်မြောက် အောင် တိုက်ပွဲ ၀င်နိုင် ခဲ့ပြီး မြက်ခင်း စိမ်းတွေ ပေါ် ကို ပြန်လည် ခြေချ လာနိုင် ခဲ့ သူဖြစ် ပါတယ်

အသက် ၁၉ နှစ် ရှိပြီ ဖြစ်တဲ့ တိုင်လာ ဟာ ပြီးခဲ့တဲ့ နှစ် အောက်တိုဘာ လ အတွင်း က ကင်ဆာ ဝေဒနာ ကို စတင် ခံစား ခဲ့ရ ပါတယ် ။ အဆိုပါ အချိန် တုန်းက မော်ရင်ဟို ဟာ မန်ချက် စတာ ယူနိုက်တက် နည်းပြ အဖြစ် နဲ့ ရှိ နေဆဲ ဖြစ်ပြီး ဒီ ကိစ္စ ကို ကောင်းစွာ သိရှိ ခဲ့ ပါတယ် ။

တိုင်လာ ဟာ ၂၀၁၈ နိုဝင်ဘာလ ထဲ မှာတော့ ၉ လ ကြာမြင့်မယ့် ကုသ မှု ကို မန်ချက်စတာ က ဆေးရုံ မှာ စတင် ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ လ ထဲ မှာ တော့ အဆုတ် မှာ တွယ်ကပ် နေတဲ့ ကင်ဆာ ဆဲလ် ကို ဓါတ်ရောင်ခြည် နည်းနဲ့ အောင်မြင်စွာ ခွဲစိတ် ကုသ ခဲ့ပြီး ပြန်လည် ကောင်းမွန် လာအောင် နေထိုင် ကုသ နိုင်ခဲ့ ပါတယ် ။

ပြီး ခဲ့တဲ့ အောက်တိုဘာ လ မှာတော့ တိုင်လာ ဟာ ယူနိုက်တက် လူငယ် အသင်း အတွက် ပြန် ကစားပေး နိုင် ခဲ့သလို ပြီးခဲ့တဲ့ ကြာသပတေး နေ့ က ကစား ခဲ့တဲ့ ယူရိုပါ လိဂ် ပွဲစဉ် မှာ လည်း စီနီယာ အသင်းရဲ့ အရန် ကစား သမား အဖြစ် ပါ၀င် ခဲ့ ပါတယ် ။

တိုင်လာ ရဲ့ အကြောင်း ဇာတ်လမ်း ဟာ အင်္ဂလန် ဘောလုံး လောက မှာ လူသိ များတဲ့ ကိစ္စ ဖြစ်လာ ခဲ့ပြီး မော်ရင်ဟို က လည်း ယူနိုက်တက် လူငယ်လေး ကို ထုတ်ဖော် ချီးကျုးမှု ပြု သွားခဲ့ ပါတယ် ။

“တိုင်လာ ရဲ့ သတင်းကို ကြားခဲ့ ရတုန်းက ကျွန်တော် အပါ အဝင် ကလပ် အသင်းက လူတိုင်း အံ့အား သင့် ပြီး တုန်လှုပ် ခဲ့ကြရ ပါတယ် ။ တိုင်လာ ဟာ စိတ်သဘောထား အရမ်း ကောင်းတဲ့ လူငယ်လေး ဖြစ်သလို ပရော်ဖက်ရှင်နယ် လည်း အရမ်း ဆန် ပါတယ်”

“ဒါဟာ ကြောက်ရွံ့ ထိတ်လန့် ဖွယ် သတင်း ဖြစ်ခဲ့ ပေမယ့် တိုင်လာ ကတော့ ကြံ့ကြံ့ခံ နိုင် ခဲ့ ပါတယ် ။ ကျွန်တော် အပါ အဝင် အားလုံး က မျက်ရည် မကျမိ အောင် ထိန်းချုပ် ထားခဲ့ ကြ ပေမယ့် တိုင်လာ က လူတိုင်း ကို စပြီး အားပေး ခဲ့တာပါ ။ ဒီ ဝေဒနာကြီး ဟာ သူ့ကို တားဆီး လို့ မရဘူး လို့ ပြင်းပြ တဲ့ ခံယူချက် ရှိ နေခဲ့ ပါတယ်”

အခု သူ ဘောလုံး ပြန်ကစား နိုင် ခဲ့ ပါပြီ ။ ဒါဟာ အားလုံး အတွက် စိတ်ဓါတ် ခွန်အား တစ်ခု ပါပဲ ၊ တိုင်လာ ရဲ့ စိတ်ဓါတ် ကြံ့ခိုင်မှု ဟာ အားလုံး အတွက် အတုယူ စရာ ဖြစ်ခဲ့ ပါတယ် ။ တစ်နှစ် အကြာမှာ ပဲ သူ ပြန်ကောင်း လာခဲ့ ပါပြီ ။ တကယ့် တကယ် ကို အံ့အားသင့် ၊ ၀မ်းသာစရာ သတင်း ကောင်း တစ်ခု ပါပဲ”

“တိုင်လာ ဟာ ဆုဖလား တွေ ရချင် မှ ရပါဦးမယ် ၊ ဒါပေမယ့် သူ့ဘဝ ရဲ့ အကြီးဆုံး သော ဗိုလ်လုပွဲ ကို အနိုင် ရအောင်မြင် ခဲ့ပါပြီ” လို့ မော်ရင်ဟို က ပြောဆို သွားခဲ့ ပါတယ် ။

မော်ရင်ဟို ဟာ လာမယ့် ဗုဒ္ဓဟူးနေ့ မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် အသင်း ဟောင်း မန်ချက် စတာ ယူနိုက်တက် ကို အိုးထရက်ဖိုဒ့် ကွင်းဆီ သွားရောက် ယှဉ်ပြိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။ ဒီပွဲ မှာ မော်ရင်ဟို နဲ့ ယူနိုက်တက် တို့ ဘယ်လို ဆုံတွေ့ ကြမလဲ ဆိုတာ အားလုံး က သိချင် နေကြပြီ ဖြစ် ပါတယ် ။

SPORTS MYANMAR