ချယ်လ်ဆီး အသင်း ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ဝက်စ်ဟမ်း အသင်း ကို အိမ်ကွင်း မှာ ၀ – ၁ နဲ့ အရေးနိမ့် ခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ အိမ်ကွင်း ပွဲစဉ် တွေထက် ၊ အဝေးကွင်း ပွဲစဉ် တွေမှာ ခြေစွာပြီး ဂိုးတွေ ရတတ်တာ ကို ချယ်လ်ဆီး ပရိသတ်တိုင်း သတိထား မိကြမယ် လို့ ထင်ပါတယ် ။

ရာသီ အစောပိုင်း မန်ချက်စတာ ယူနိုက်တက် ကို ၄ဂိုးပြတ် နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲစဉ် နဲ့ မန်စီးတီး ကို ၂ – ၁ နဲ့ အရေးနိမ့် ခဲ့တဲ့ ပွဲစဉ် တွေက လွဲရင် ၊ ချယ်လ်ဆီး အသင်း ဟာ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် တွေမှာ ဂိုးအတော် သွင်းပြီး နိုင်ပွဲ တွေ ရယူ ထားနိုင်ခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။ စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားခဲ့တဲ့ ပွဲစဉ် တွေမှာတော့ အိမ်ကွင်း ပရိသတ် အင်အား ရှိတဲ့ အနေအထား မှာတောင် ခြေစွမ်း ပုံစံကောင်း ရဖို့ ချယ်လ်ဆီး အသင်းသား တွေ ရုန်းကန် နေခဲ့ရပါတယ် ။

ဒါဟာ အခြား အသင်း တွေထက် ချယ်လ်ဆီး အသင်း မှာသာ တွေ့ရတဲ့ အားနည်းချက် တခု ဖြစ်ပြီး ၊ ဒီနှစ် ဘောလုံး ရာသီ အတွင်း မှာ လမ်းပတ် နဲ့ ချယ်လ်ဆီး အသင်းသား တွေ မဖြစ်မနေ ပြုပြင် ရမယ့် အချက် လည်း ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ အမေရိကန် လက်ရွေးစင် တောင်ပံ ကစားသမား ခရစ်တီယန် ပူလီဆစ် ကတော့ အခုလို အဝေးကွင်း ပွဲစဉ် တွေထက် အိမ်ကွင်း ပွဲစဉ် တွေမှာ ပိုပြီး ခက်ခက်ခဲခဲ ကစား နေရခြင်း နဲ့ ပတ်သက်ပြီး ထင်မြင်ချက် ပေးခဲ့ပါတယ် ။

ပူလီဆစ် က ” ကျွန်တော် တို့ အားလုံး ဟာ ဒီနှစ် ဘောလုံး ရာသီ ရဲ့ အိမ်ကွင်း ပွဲစဉ် တွေမှာ ရလဒ်ကောင်း တွေ ရချင်ခဲ့တာ အမှန်ပါပဲ ။ ကျွန်တော် တို့ရဲ့ အဝေးကွင်း ကစားပုံ နဲ့ ရလဒ် တွေက အဆင်ပြေပါတယ် ။ ဒါပေမယ့် တချို့ အိမ်ကွင်း ပွဲစဉ် တွေမှာ အဝေးကွင်း ပွဲစဉ် တွေထက် အနည်းငယ် ပိုပြီး ခက်ခဲတတ်တာ ကို သတိထား မိခဲ့ပါတယ် ။ တချို့ အိမ်ကွင်း ပွဲစဉ် တွေမှာ ကျွန်တော် တို့ရဲ့ ကစားပုံ ကောင်းခဲ့ပါတယ် ။ ”

” တဖက် မှာ ကျွန်တော် တို့ဟာ အိမ်ကွင်း ပရိသတ် တွေ အတွက် ရလဒ်ကောင်း အမြဲ ရယူ ပေးလိုတဲ့ ဖိအား က အမြဲ ရှိနေခဲ့ပါတယ် ။ ဒီလို ဖိအားမျိုး က ခင်ဗျား တို့ကို ပြန်ပြီး ရှင်းပြ ရတာ မလွယ်ပါဘူး ။ ခင်ဗျား တို့ကတော့ တခြား မတူညီတဲ့ ဝေဖန်မှု တွေ လုပ်နိုင်ကြပါတယ် ။ ဒါပေမယ့် အခု ကျွန်တော် တို့ရဲ့ အိမ်ကွင်း ရလဒ်ပိုင်း အားနည်း နေတာ က နည်းနည်း တော့ ထူးဆန်းပါတယ် ။ ကျွန်တော် လည်း ဘာကြောင့်မှန်းတော့ မသိပါဘူး ။ ”

” ဒါကလည်း ကျွန်တော် တို့ လိုတာထက် ပိုပြီး အိမ်ကွင်း မှာ ကစားပုံ ပိုကောင်းချင်တာကြောင့် ကိုယ့်ကိုယ်ကို ဖိအား ပိုပေးမိတာကြောင့်လည်း ဖြစ်နိုင်တာပဲလေ ။ ဘယ်သူ က ဒါတွေကို သေသေချာချာ သိနိုင်မှာလဲ ? ဘယ်လို ပွဲစဉ်မျိုး ပဲ ဖြစ်ဖြစ် ၊ ကျွန်တော် တို့ဟာ ကစားပုံ ကောင်းကောင်း နဲ့ အနိုင်ရလဒ် တွေကို ယူဆောင် ပေးချင်တာပါပဲ ။ တပွဲ နဲ့ တပွဲ တူညီတဲ့ ကြိုးစား ပေးဆပ်မှု မျိုး နဲ့ပဲ ကစား နေတာ ဖြစ်သလို ၊ လာမယ့် ပွဲစဉ် တွေမှာတော့ ပိုကောင်းတဲ့ ရလဒ် ၊ ခြေစွမ်း တွေနဲ့ ပြန်လာနိုင်မယ် လို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

ဆက်လက်ပြီး ပူလီဆစ် က ပြီးခဲ့တဲ့ ဝက်စ်ဟမ်း နဲ့ ပွဲမှာ ချယ်လ်ဆီး အတွက် ပွဲထွက်ခွင့် ပြန်လည် ရရှိခဲ့ပေမယ့် ခြေစွမ်း ပြနိုင်ဖို့ ရုန်းကန် ခဲ့ရတဲ့ ဝါရင့် ကစားသမား ၂ဦး ဖြစ်တဲ့ ၊ တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ၊ တောင်ပံ ကစားသမား ပတ်ဒရို တို့ ဖက်က ကာကွယ် ပြောဆို သွားခဲ့ပါတယ် ။

ပူလီဆစ် က ” ဟုတ်ပါတယ် ။ တမ်မီ ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကျွန်တော် တို့ အသင်း အတွက် သူ့ရဲ့ သွင်းဂိုး တွေနဲ့ ကူညီ ပေးနေခဲ့ပါတယ် ။ ဒါပေမယ့် ကျန်တဲ့ အသင်းဖော် တွေ ဆီမှာလည်း သူ့လို ဂိုးသွင်း ပေးနိုင်တဲ့ စွမ်းရည် တွေ ရှိနေပါတယ် ။ အိုလီ ဟာ ကျွန်တော် တို့နဲ့ အတူ အကောင်းဆုံး လေကျင့်နေသလို ၊ ပြီးခဲ့တဲ့ ပွဲစဉ် မှာ သူ့ အတွက် ခြေစွမ်း ပြဖို့ အနည်းငယ် ကံမကောင်း ဖြစ်နေခဲ့တာပါ ။ ”

” ဒါကြောင့်မို့ နောက် ပွဲစဉ် တွေမှာ သူ့ရဲ့ ခြေစွမ်း ကို ကျွန်တော်တို့ ထပ်မံ စောင့်ကြည့် ရအောင်ပါ ။ ကျွန်တော် တို့ အသင်း မှာ မတူညီတဲ့ နေရာ တွေ အတွက် မတူညီတဲ့ ပုံစံ တွေနဲ့ ကစား ပေးနိုင်တဲ့ ကစားသမားကောင်း များစွာ ရှိပါတယ် ။ နောက်ပြီး ကျွန်တော် တို့ရဲ့ ကစားသမား အင်အား က တောင့်တင်း နေသလို ၊ ကြံ့ခိုင်မှု ပုံစံကောင်း မှာလည်း ရှိနေကြပါတယ် ။ ဒါကြောင့်မို့ လူစာရင်း နဲ့ ပတ်သက်ပြီးတော့ ပြဿနာ သိပ်မရှိပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR