ဒီရာသီ ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ရုန်းကန် နေခဲ့ ကြတဲ့ ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း တို့ဟာ ကြားရက် ပွဲစဉ် အဖြစ် အိုးလ် ထရပ်ဖို့ဒ် မှာ ထိပ်တိုက် ရင်ဆိုင် ကစား ကြရ ပါ တော့မယ် ။

ဒါဟာ ယူနိုက်တက် မှာ နှစ်နှစ်ခွဲ နည်းပြ သွား ခဲ့တဲ့ ဟိုဆေး မော်ရင်ဟို အတွက်တော့ အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာ ခဲ့ပြီး နောက် အသင်း ဟောင်းနဲ့ ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင် ကစား ရခြင်း ပါပဲ ။ ဒါ့ကြောင့် မော်ရင်ဟို ရဲ့ အိုးလ် ထရပ်ဖို့ဒ် ကို လာရာ လမ်းကြောင်း မှာ စိတ်လှုပ်ရှား မှုတွေ ရှိနေ လိမ့်မှာ အမှန် ပါပဲ ။

အဆိုပါ ပွဲစဉ် မတိုင်မီ မှာတော့ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ အားထား ရတဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်သူ ဆွန်ဟောင်မင် က ဟိုဆေး မော်ရင်ဟို ဟာ အသင်း ဆီကို အပေါင်း လက္ခဏာ ဆောင်တဲ့ အရာ တွေကို ယူဆောင် လာခဲ့ သူ ဖြစ်ကြောင်း ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

ဟိုဆေး မော်ရင်ဟို ဟာ တော့တင်ဟမ် ဟော့ စပါး အသင်း ကို ရောက်ရှိ လာ ခဲ့တဲ့ နောက် ပွဲစဉ် 3 ပွဲ ကိုင်တွယ် ခဲ့ရာ မှာ သုံးပွဲ လုံးကို အနိုင် ရလဒ် ရရှိ အောင် ဦးဆောင် ညွှန်ကြား ပေးထား နိုင်ခဲ့ သူပဲ ဖြစ်ပါတယ် ။ ဒါပေမယ့် ခံစစ် ကတော့ ပွဲတိုင်း ဂိုးတွေ ပေးနေ ခဲ့ရ ပါတယ် ။

အခုတော့ တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ အဓိက တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဆွန်ဟောင်မင် က သူတို့ တွေဟာ နည်းပြ ဖြစ်သူ အသင်းဟောင်း နဲ့ ပထမဆုံး ပြန်လည် ရင်ဆိုင် သွားမယ့် ပွဲစဉ် မှာ သူ့ အတွက် အနိုင် ရလဒ် ယူဆောင် ပေးနိုင် ဖို့ အကောင်းဆုံး ကြိုးစား သွွားမယ် လို့ ကြံုးဝါး သွားခဲ့ လိုက် ပါတယ် ။

” သူ ( မော်ရင်ဟို ) ဟာ အရမ်း ကို ကြင်နာ တက်သူ တစ်ဦး ပါ ။ သူဟာ အမြဲ ပြံုးနေ တက်ပြီး ကစားသမား တွေနဲ့ ဟာသ လုပ်နေ တက် ပါတယ် ။ ကျွန်တော် အဲ့တာ ကို တစ်ကယ် ပဲ နှစ်သက် လှ ပါတယ် ။ ရလဒ် တွေဟာ လည်း အရမ်း ကို ပြောင်းလဲ သွားခဲ့ ပါတယ် ။ အပေါင်း လက္ခဏာ ဆောင်တဲ့ ဖက်ကို ပေါ့ ”

” ပွဲစဉ် တစ်ပွဲ မတိုင်မီ အသင်းသား တိုင်းက အပေါင်း လက္ခဏာ ဆောင်နေ တက်ကြ ပါတယ် ။ နည်းပြ ကလည်း ခမ်းနား တဲ့ အလုပ် တွေကို လုပ်ဆောင်ရင်း ကျွန်တော် တို့ သူနဲ့ အတူ အမှန်ပဲ ပျော်ရွှင် နေကြရ ပါတယ် ။ အသင်း မှာလဲ အရာရာ တိုင်းက အပေါင်း လက္ခဏာ ဆန်စွာ ပြောင်းလဲ လာခဲ့ ပါပြီ ”

” ဒါဟာ ဝမ်းနည်း စရာ ရက် သတ္တပါတ် တစ်ခု ပါပဲ ။ ကျွန်တော် တို့ မန်နေဂျာ ထုတ်ခံ ရတယ် ဆိုတာ ကို ကျွန်တော် တို့ မတွေ့မြင် လိုကြ ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့က ပရော်ဖက်ရှင်နယ် တွေပါ ။ ကျွန်တော် တို့ဟာ သုံးပွဲဆက် နိုင်ခဲ့ ကြ ပါတယ် ။ ရလဒ် တွေက အပေါင်း လက္ခဏာ တွေချည်း ပဲလေ ”

” အသင်း မှာ ရှိတဲ့ သူတွေ ကလည်း အပေါင်း လက္ခဏာ ဆောင်တဲ့ ခွန်အား သစ် ၊ အပြံုး အသစ် တွေနဲ့ ရှိနေ နိုင်ကြ ပါပြီ ။ ဒါဟာ အသင်း တစ်သင်း အတွက် အရေး အကြီးဆုံး အရာ ပဲလို့ ကျွန်တော် ထင် ပါတယ် ။ ဒါဟာ ကျွန်တော် တို့ ဆီမှာ ပြောင်းလဲ လာ ခဲ့တဲ့ အရာ တစ်ခု ပါပဲ ”

” ကျွန်တော့် အထင် သူ ( မော်ရင်ဟို ) ဟာ ယူနိုက်တက် မှာ နှစ်နှစ်ကျော် နေခဲ့ ပါတယ် ။ ပွဲ ပြီးတဲ့ အချိန် ပရိသတ် တွေဖက် လှည့် လိုက်တဲ့ အခါ တွေမှာ ကျွန်တော် တို့ ဆက်လက် ပြံုးပျော် ချင်ကြ ပါတယ် ။ ကျွန်တော် တို့ဟာ သူ့ အတွက် သာမက ကျွန်တော် တို့ အတွက် ပါ အကောင်းဆုံး ရလဒ် ရယူ ပေးလို ကြ ပါတယ် ” လို့ ဆွန်ဟောင်မင် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar