မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် မှာ အက်စတွန် ဗီလာ အသင်း နဲ့ ပရီးမီးယား လိဂ် ပွဲစဉ် 14 အဖြစ် ကစား ခဲ့ ရပြီး တစ်ဖက် နှစ်ဂိုး စီ သရေ ရလဒ် သာ ရယူ နိုင်ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် မှာတော့ ဦးဆောင် ဂိုးကို အက်စတွန် ဗီလာ ဖက်မှ ဂျက် ဂရီလစ်ရှ် က သွင်းယူ ခဲ့ပြီး ယူနိုက်တက် အတွက် ဦးဆောင် ဂိုး နဲ့ ခြေပ ဂိုး တွေကို တော့ ဟီတန် ( Og ) နဲ့ လင်ဒီလော့ဖ် တို့က ရယူ နိုင်ခဲ့ ကြ ပါတယ် ။ ဒါပေမယ့် မကြာမီ မှာပဲ တိုင်ရွန်မင်း က ခြေပ ဂိုး ပြန်လည် သွင်းယူ ခဲ့တာ ကြောင့် ပွဲစဉ် က 2 – 2 ဆိုတဲ့ ရလဒ် နဲ့သာ ပြီးဆုံး ခဲ့ရ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပရီးမီးယား လိဂ်မှာ ပွဲစဉ် 14 ပွဲ ကစား ပြီးချိန် 4 ပွဲ နိုင် ၊ 6 ပွဲ သရေ ၊ 4 ပွဲ ရှုံး ဆိုတဲ့ ရလဒ် နဲ့ အတူ ရမှတ် 18 မှတ်သာ ရှာဖွေ ထားနိုင် ခဲ့ပြီး အမှတ်ပေး ဇယား အဆင့် 9 နေရာ မှာသာ ရပ်တည် နိုင်ခဲ့ ပါတယ် ။

ဒါပေမယ့် ယူနိုက်တက် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား ကတော့ ရလဒ် တွေ တည်ငြိမ်မှု မရှိ သေးတဲ့ လက်ရှိ အသင်း ရဲ့ အမှတ်ပေး ဇယား ရပ်တည်မှု မပေါ် စိုးရိမ်စိတ် မဖြစ် မိကြောင်း အဆိုပါ ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲ မှာ ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကျွန်တော် တို့သာ နောက် တစ်ဂိုး ပိုမို သွင်းယူ ရရှိ နိုင်ခဲ့မယ် ဆိုရင် အမှတ်ပေး ဇယား အဆင့် 5 နေရာ မှာ ရပ်တည် နိုင် လိမ့်မယ် ဆိုတဲ့ အကြောင်း တွေကုုိ ပြောကြား ဖို့ ဒီမှာ ထိုင် နေတာ မဟုတ် ပါဘူး ”

” လက်ရှိ အချိန် မှာ အမှတ်ပေး ဇယား ရပ်တည်မှု က အသင်း အတွက် အကြီးမားဆုံး စိုးရိမ်ဖွယ် ကောင်းတဲ့ အရာ အဖြစ် မရှိသေး ပါဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ခြားနားချက် တွေ ကျဉ်းမြောင်း ပြီး ပွဲစဉ် တိုင်းက ခက်ခဲ နေတယ် လေ ”

” လက်ရှိ အချိန် ကျွန်တော့် အတွက် တော့ အသင်း ရဲ့ စွမ်းဆောင်ရည် ကောင်းတွေ ရရှိ နိုင်ဖို့ ၊ ကစားသမား တွေရဲ့ စွမ်းဆောင်ရည် တိုးတက် လာဖို့ နဲ့ သုံး ၊ လေးပွဲ လောက် ကောင်းမွန် တဲ့ ရလဒ် တွေကို ရှာဖွေ နိုင်ဖို့ ပဲ အဓိက ထားနေ ပါတယ် ”

” ကျွန်တော် လက်ရှိ ပြောလို့ ရနိုင် တဲ့ အရာ တစ်ခု က ကျွန်တော် တို့ တွေဟာ ပွဲစဉ် အတော် များများ မှာ ဦးဆောင် မှုတွေ ကို ရယူ နိုင်ခဲ့ ပြီး အဲ့ဒီ ပွဲစဉ် တွေကို အနိုင် မယူ နိုင်ခဲ့ သေးတာ ပါပဲ ”

” အနည်းဆုံး 6 ကြိမ် ၊ 7 ကြိမ် လောက် ရှိမယ် ၊ ကျွန်တော် တို့ဟာ 1 – 0 ၊ 2 – 1 ၊ 3 – 2 ဆိုတဲ့ ရလဒ် မျိုး တွေနဲ့ ဦးဆောင် နိုင်ခဲ့ ပြီး အနိုင် မယူနိုင် ခဲ့ကြ ပါဘူး ။ ကျွန်တော် တို့ အဲ့ဒီ လို ပွဲစဉ် တွေမှာ နိုင်ပွဲ ရရှိ အောင် လုပ်ဆောင် ရမယ် ဆိုတဲ့ အကြောင်း ကို ရှေးရှု နေကြ ပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar