လီဗာပူး အသင်း ဒီရာသီမှာ ပရီးမီးယားလိဂ် ဖလားနဲ့ လွဲချော် ခဲ့မယ် ဆိုရင် 1956 Grand National မှာ တုန်းက ထိပ်ဆုံးကနေ ဦးဆောင် နေခဲ့ပေမယ့် နောက်ဆုံး အဆင့် ပန်းဝင်ခါနီးကာမှ ခြေချော် သွားခဲ့တဲ့ Devon Loch (ပြိုင်မြင်းကြီး) နဲ့ ခိုင်းနှိုင်း သွားရမှာ ဖြစ်တယ်လို့ ဂျေမီရက်နက်က ဆိုလိုက်ပါတယ်။ လီဗာပူး ဟာ ဒီရာသီ ပရီးမီးယားလိဂ် ရဲ့ ပွဲစဥ် ၁၄ အပြီးမှာ အမှတ်ပေးဖလား အတွက် တကယ့်ကို ကောင်းမွန်တဲ့ အနေအထား ကို ရရှိအောင် စွမ်းဆောင်ထား ခဲ့ပါတယ်။

 

ယာဂန်ကလော့ ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား မှာ ဒုတိယ နေရာက လက်စတာကို ၈ မှတ်အသာနဲ့ ဦးဆောင်လျက် ရှိနေပြီး အဓိက ပြိုင်ဘက် မန်စီးတီး ကို ၁၁ မှတ်ထိ ဖြတ်ထား ခဲ့ပါတယ်။ နှစ် ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလား ကို စောင့်ဆိုင်း နေကြတဲ့ အန်ဖီးမှာ ရှိတဲ့ သူအားလုံး ဒီအခြေအနေ အပေါ် သာယာ နေကြမှာ မဟုတ်ပေမယ့် လီဗာပူး ဟာ ကိုယ့်ကံကြမ္မာကို ကိုယ် ဖန်တီး နိုင်မယ့် အခွင့်အရေး ရှိနေပြီ ဖြစ်ပါတယ်။

အကယ်၍ ယခုလို အခြေအနေ ကနေ လီဗာပူး တို့ ခြေချော် လက်ချော် ဖြစ်သွား ခဲ့မယ် ဆိုပါက ၎င်းတို့ရဲ့ ချွတ်ချော်မှုဟာ အားကစား သမိုင်းမှာ နာမည်ကျော် ရှုံးနိမ့်မှုတွေ နဲ့အတူ မှတ်တမ်း ဝင်သွားမှာ ဖြစ်ပါတယ်။

ဂျေမီရက်နက်က “ဒီလို ဦးဆောင် ထားနိုင်ခဲ့တဲ့ အခြေအနေ ကနေ နှစ် ၃၀ လောက် စောင့်ဆိုင်း နေခဲ့ရတဲ့ အမှတ်ပေးဖလား ကို လွဲချော် ခဲ့မယ် ဆိုရင် တကယ့်ကို ကြေကွဲစရာ ဖြစ်လာ ပါလိမ့်မယ်။ ဒီအဖြစ်ဟာ လွန်ခဲ့တဲ့ 1956 Grand National မှာ တုန်းက ပန်းဝင်ခါနီးကာမှ ခြေချော် သွားခဲ့တဲ့ Devon Loch လိုမျိူး ဖြစ်လာမှာပါ။ ဒီပြိုင်မြင်းဟာ finish line ကို ရောက်ဖို့ ထိပ်ဆုံးကနေ ဒုန်းစိုင်း ပြေးနေတုန်း ဘာမှ မရှိတဲ့ မြက်ခင်းပြင်မှာ ခုန်ကျော်ရမယ့် အတားအဆီးလို့ အထင်မှာကာ ခုန်ခဲ့တာကြောင့် ခြေချော် သွားခဲ့ပြီး ပထမဆုနဲ့ လွဲချော် ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူး ဟာ ဒီလို ဖြစ်လာမယ်လို့ ကျွန်တော် မထင်မိ ပါဘူး။ ဒီလမ်းကြောင်းမှာ လီဗာပူး အတွက် အတားအဆီးတွေ ရှိလာမယ် ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ဒါဟာ သူတို့ရဲ့ အချိန် ကျရောက် လာပြီလို့ ကျွန်တော် ခံစားမိပါတယ်။ သူတို့ဟာ အခုချိန်မှာ ကပ်ပြီး အနိုင် ရခဲ့တဲ့ ပွဲတွေ အများကြီး ဖြစ်နေပါတယ်။ သူတို့ဟာ ခရစ်စတယ်ပဲလေ့စ် ၊ ရှက်ဖီး ၊ဗီလာ ၊ လက်စတာ ၊ တော့တင်ဟမ် တို့ကို ကပ်ပြီး အနိုင်ရရှိ ခဲ့ပြီးနောက် ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန် ကို ၂-၁ နဲ့ ပွတ်ကာသီကာ နိုင်ခဲ့ပါတယ်။

Title race မှာ သူတို့ လိုချင်သလို ဖြစ်နေ ပါတယ်။ အကယ်၍ ဆာဒီယိုမာနေး ၊ မိုဟာမက်ဆာလား ၊ ရော်ဘတ်တိုဖာမီနို တို့ ဂိုးတွေ မသွင်းယူ နိုင်ဘူးဆိုရင် ဗာဂျယ်ဗန်ဒိုက် ဂိုးတွေ သွင်းယူ ပေးပြီး ဖြေရှင်း ပေးပါတယ်။ အကယ်၍ စီးတီးဟာ ပြီးခဲ့တဲ့ ရာသီတွေက ပက်ဂွာဒီယိုလာ ရဲ့ လက်အောက်မှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို ပြသနေတယ် ဆိုရင် အမှတ်ပေးဖလား ဟာ လီဗာပူး အတွက် ဖြစ်လာဖို့ တကယ် ကောင်းတဲ့ အခြေအနေ ဖြစ်နေပြီလို့ ကျွန်တော် ပြောခဲ့မယ် ဆိုရင် ဒါဟာ ရူးမိုက်ရာ ကျပါလိမ့်မယ်။

ဒါပေမယ့် လက်ရှိ အမှတ်တရား ကတော့ သူတို့ဟာ အကောင်းဆုံး အနေအထား မှာ ရှိမနေတာ ပါပဲ။ ဖာနန်ဒင်ညို ကို ကွင်းလယ် ခံစစ်နေရာ အတွက် ဆုံးရှုံး ထားခဲ့ရခြင်းဟာ သူတို့ကို ထိခိုက်မှုတွေ ရှိစေခဲ့ပြီး စီးတီးဟာ ဗင်ဆန့်ကွန်ပနီရဲ့ အသင်း အပေါ် လွှမ်းမိုးမှုတွေကိုလည်း ဆုံးရှုံး ထားခဲ့ ရပါသေးတယ်။ ပြီးခဲ့တဲ့ စနေနေ့က လီဗာပူး ဟာ သူတို့ရဲ့ ပြိုင်ဘက် နယူးကာဆယ် ကွင်းမှာ ရမှတ်တွေ လျော့ခဲ့တယ် ဆိုတာ ကြိုတင် သိရှိထားတဲ့ အခြေအနေတဲ ကွင်းထဲကို ဝင်လာ ခဲ့ရပါတယ်။ သူတို့ဟာ စီးတီးနဲ့ ကွာဟနေမှုကို ထပ်မံ တိုးမြှင့် နိုင်မယ့် အခွင့်အရေး ကို ရယူ ခဲ့ပါတယ်။ လက်စတာ ကတော့ သူတို့ကို မေ့ထားလို့ မရဘူး ဆိုတာကို ကျွန်တော် တို့ကို သတိပေး ခဲ့ပါတယ်။

ဒါပေမယ့် လီဗာပူး ဟာ ဒီဆုဖလား အတွက် အကောင်းဆုံး အနေအထား မှာ ရှိနေပါတယ်။ အကယ်၍ သူတို့ ဒိအနေအထားကို ပိုင်ဆိုင်ထား ခဲ့ပြီးမှ ဖလား လက်လွှတ် ခဲ့ရမယ် ဆိုရင် ကလော့ ဟာ ဒီအဖြစ်အပျက်ကို ပြန်ကြည့်ပြီး လီဗာပူး ဟာ Devon Loch လို ဖြစ်ခဲ့တယ် ဆိုတာ သဘောပေါက် သွားမှာပါ။” လို့ ဆိုလိုက်ပါတယ်။

လီဗာပူး ဟာ စနေနေ့က ဗာဂျယ်ဗန်ဒိုက် ရဲ့ ပထမပိုင်း သွင်းဂိုး ၂ ဂိုးနဲ့ ဘရိုက်တန်ကို ဦးဆောင် နိူင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်း ၇၆ မိနစ်မှာ အလီဆွန် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ် ခံခဲ့ ရတဲ့ အပြင် အက်ဒရီယန် လူစားဝင် ပြီးပြီးချင်း ဂိုးပေး ခဲ့ရတာကြောင့် လက်ကျန် ပွဲစဥ်တွေမှာ ဒီအနိုင်ရလဒ်ကို ထိန်းသိမ်းဖို့ အတွက် အတော် ရုန်းကန် ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ကလော့ရဲ့ အသင်းဟာ လိုအပ်တဲ့ နိုင်ပွဲကို ရယူ သွားနိုင် ခဲ့ပြီး လီဗာပူး ဟာ လာမည့် ဗုဒ္ဓဟူးနေ့မှာတော့ မာဆေးဆိုက် ဒါဘီအဖြစ် အဲဗာတန် ကို အန်ဖီးမှာ လက်ခံ ကစား သွားရမှာပါ။

SM