ကမ္ဘာ့ဘောလုံးလောကရဲ့ အထင်ကရ ဆုတံဆိပ် တခုဖြစ်ပြီး ကစား သမားတိုင်းက မက်မော တောင့်တကြတဲ့ ဘလွန်းဒီအောဆု ပေးပွဲ အခမ်းအနားကို ယနေ့ ညမှာကျင်းပတော့မှာဖြစ်ပါတယ်။ပြင်သစ် နိုင်ငံ ပဲရစ်မှာ ကျင်းပမယ့် အဆိုပါအခမ်းအနားမှာဘယ်သူပဲဆုရရ ဂုဏ်ယူမိမှာဖြစ်တယ် လို့ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ကဆိုပါတယ်။

ဒီဆုအတွက် ဆန်ကာတင် ကစားသမားစာရင်းကိုတော့ နိုဝင်ဘာလ ၆ရက်နေ့မှာ ကြေငြာထားခဲ့ပြီးဖြစ်ပြီး ကစားသမားကောင်းတွေ အများအပြားပါဝင်နေပါတယ်။ုနောက်ဆုံး ဆယ်စုနှစ် အတွင်းမှာ ဘလွန်းဒီအောဆုကို လွှမ်းမိုးထားခဲ့တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို တို့ ၂ဦးဟာ အခုနှစ်အတွက် ဆန်ကာတင်စာရင်းမှာလည်းပါဝင်နေပါတယ်။

ယမန်နှစ်က ဒီဆုကို ရရှိခဲ့တဲ့ လူကာမို ရစ်ကတော့ ဆန်ကာတင်စာရင်းမှာတော့ ပြန်ပြီး မပါလာနိုင်ခဲ့တာဖြစ်ပါတယ်။ အခုနှစ် အတွက် ဘလွန်းဒီအောဆု ကြီးကို ရရှှိဖို့ လတ်တလော ရေပန်းအစားဆုံး အဖြစ် ရှိနေတာကတော့ ဘာစီလိုနာ အသင်းရဲ့ အိုင်ကွန် မက်ဆီနဲ့ လီဗာပူး ခံစစ် မှူး ဗန်ဒိုက်တို့ပဲ ဖြစ်ပါတယ်။

အသက်၂၈ နှစ်အရွယ်် ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ရာသီ လီဗာပူးအသင်းရဲ့ အဓိက ခံစစ် ကစားသမားတဦးဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင်ဟော်လန်အသင်းကိုလည်း Nations Leagueမှာဖိုင်နယ်အထိတက်ရောက်နိုင်အောင်ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

 

ဒါကြောင့်လည်း ဒီအခမ်းအနားကို ဂုဏ်ယူစိတ်တခုတည်းနဲ့ တက်ရောက်မှာဖြစ်တယ်လို့ ဗန်ဒိုက်ကဆိုပါတယ်။UEFA ရဲ့ ပြီးခဲ့တဲ့ရာသီအတွင်းအကောင်းဆုံး ဆုရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ဗန်ဒိုက်က အင်တာဗျူးတခုမှာ-

” အဲ့ဒီ ပွဲကို အကြောင်းပြချက်တခု တည်းအတွက် တက်ရောက်သွားမှာဖြစ်ပါတယ်။ဒီညနေ ခင်းမှာ အရှံးသမားဆိုတာ ရှိမှာတော့ မဟုတ်ပါဘူး။ပြီးခဲ့တဲ့ရာသီမှာ အသင်းအတွက်နိုင်ငံအတွက်လုပ်ဆောင်နိုင်ခဲ့တာတွေအတွက် ဒီနေရာကိုရောက်ခွင့်ရတာဖြစ်လို့ လည်းကျေနပ်ဂုဏ်ယူမိပါတယ်။ဒီနေရာကိုကစား သမားတွေအများကြီး တက်ရောက်ခွင့်မရှိသလို ဒီလိုဆုတံဆိပ်တွေကို ရယူနိုင်တဲ့သူများများစားစားမရှိတာကြောင့်လည်းဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဘလွန်းဒီအောဆု ကြီးကိုသာ ပိုင်ဆိုင်နိုင် ခဲ့ပါက ဗန်ဒိုက်အတွက် ပထမဆုံးဖြစ်လာ မှာဖြစ်ပြီး မက်ဆီ၊ ရော်နယ်ဒိုတို့ အတွက်တော့ ဆဋ္ဌမမြောက် အောင်မြင် မှု ဖြစ်လာဖို့ရှိနေတာ ဖြစ်ပါတယ်။မက်ဆီဟာ ဒီရာသီမှာလည်းခြေစွမ်းကောင်းပြသနေပြီး ပြိုင်ပွဲစုံမှာ ၁၁ဂိုးအထိသွင်းယူပေးထားပါတယ်။

ကမ္ဘာ့ ဘောလုံးလောကရဲ့ အထင်ကရ ကစားသမားတွေသာမကပဲ ပြိုင်ဘက် အသင်းတွေရဲ့ ချီးကျူးမှုတွေကို ခံထားခဲ့ရဖူးတဲ့ မက်ဆီဟာ ယနေ့ နံနက်ပိုင်းမှာ ကစားခဲ့ အေတီကို အသင်းနဲ့ ပွဲစဉ်မှာ လည်းခြေစွမ်းပြသနိုင်ခဲ့ပြီးအနိုင်အရှံုးကို အဆုံးအဖြတ်ဖြစ်စေမယ့်ဂိုးကိုသွင်းယူပေးခဲ့လို့ အေတီကို ကွင်းလယ်လူ နီဂွက်ဇ်ကတောင် ချီးကျူးထားပါတယ်။

ပွဲအပြီး Marca သတင်းစာနဲ့ အင်တာဗျူး မှာ နီဂွက်ဇ်က – ” အဆုံးသတ်ချိန်မှာ ရှံုးပွဲကြံုတွေ့သွားခဲ့ လို့ ကျွန်တော်တို့ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ကြပါတယ်။ဘာကြောင့်လည်းဆိုတော့ကျွန်တော်တို့ကောင်းကောင်း ကစားနိုင် ခဲ့ပြီး ဂိုးရလောက်တဲ့ အခွင့်အရေးတွေကို ဖန်တီးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီ လိုကစားသမားမျိုးက ကွင်းထဲရှိနေချိန်မှာ ဒီနေ့ ပွဲကလို စွမ်းဆောင်ရည်မျိုးကို အလွယ်တကူ ပဲ လုပ်ဆောင်နိုင်ပါတယ်။သူဟာ အကောင်းဆုံး ကစားသမား တယောက်လည်းဖြစ်ပါတယ် ” လို့ထုတ်ပြောထားခဲ့တာဖြစ်ပါတယ်။

အခုနှစ် ဘလွန်းဒီအောဆု အတွက်ဆန်ကာတင်စာရင်းဝင်ကစားသမားများ-

Virgil van Dijk (Liverpool), Bernardo Silva (Manchester City), Son Heung-min (Tottenham), Robert Lewandowski (Bayern Munich), Roberto Firmino (Liverpool), Alisson (Liverpool), Matthijs de Ligt (Ajax & Juventus), Karim Benzema (Real Madrid), Georginio Wijnaldum (Liverpool), Sergio Aguero (Manchester City), Frenkie de Jong (Ajax & Barcelona), Hugo Lloris (Tottenham), Dusan Tadic (Ajax), Cristiano Ronaldo (Juventus), Kylian Mbappe (Paris St-Germain), Trent Alexander-Arnold (Liverpool), Donny van de Beek (Ajax), Pierre-Emerick Aubameyang (Arsenal), Marc-Andre ter Stegen (Barcelona), Sadio Mane (Liverpool), Lionel Messi (Barcelona), Riyad Mahrez (Manchester City), Kevin de Bruyne (Manchester City), Kalidou Koulibaly (Napoli), Antoine Griezmann (Atletico Madrid & Barcelona), Mohammed Salah (Liverpool), Eden Hazard (Chelsea & Real Madrid), Marquinhos (Paris St-Germain), Raheem Sterling (Manchester City), Joao Felix (Benfica & Atletico Madrid

SPORTS MYANMAR