မန်ချက် စတာ စီးတီး အသင်း ဟာ ပြီးခဲ့တဲ့ ရာသီ အကုန် တုန်းက အသင်းနဲ့ လမ်းခွဲ သွား ခဲ့တဲ့ ဗင်းဆင့် ကွန်ပနီ ရဲ့ နေရာ ကို အစား ထိုး ဖို့ အတွက် လက်စတာ စီးတီး ခံစစ်မှုး ဆိုရန်ကူ ကို လာမယ့် ဇန်နဝါရီ မှာ ကမ်းလှမ်း ဖို့ အတွက် စိတ်ကူး နေတယ် လို့ သတင်း ကြားသိ ရ ပါတယ် ။

ဘာစီလိုနာ အသင်း ခံစစ်မှုး ပီကေး ဟာ ဒူးဒဏ်ရာ ကြောင့် အင်တာ မီလန် နဲ့ ကစားမယ့် ချန်ပီယံ လိဂ် ပွဲစဉ် ကို လွဲချော် မယ် လို့ သတင်း ကြားသိရ ပါတယ် ။

ပဲလေ့စ် အသင်း ခံစစ် သမားတွေ ဖြစ်တဲ့ စကော့ဒန်း နဲ့ ဂယ်ရီ ကာဟေး တို့ ဟာ ကြားရက် မှာ ကစားမယ့် ဘုန်းမောက် အသင်း နဲ့ ပွဲစဉ် ကို ဒဏ်ရာ တွေ ကြောင့် လွဲချော် မယ်လို့ ကြားသိရ ပါတယ် ။

ဘရက်စီယာ အသင်း ဟာ လူမျိုးရေး ခွဲခြား လှောင်ပြောင်မှု တွေ ခံစား နေရတဲ့ တိုက်စစ် မှုး ဘာလိုတယ်လီ ကို အချိန် မရွေး စာချုပ် ဖျက်သိမ်း ဖို့ ခွင့်ပြု ပေးထား တယ် လို့ သိရ ပါတယ် ။

စပါး အသင်း ကွင်းလယ်လူ လိုကယ်ဆို ကတော့ အင်္ဂလန် ကို ပြောင်းရွှေ့ လာ အပြီး ၄ လ အကြာ မှာ ပင် နေရာ မရမှု ကြောင့် အသင်း ပြန်လည် ပြောင်းရွှေ့ ဖို့ စိတ်ကူး နေပြီ လို့ ကြားသိရ ပါတယ် ။

အီတလီ လက်ရွေးစင် ဟောင်း ကာဆာနို ကတော့ ခရစ္စတီယာနို ရိုနယ်ဒို နဲ့ ယူဗင်တပ် နည်းပြ ဆာရီ တို့ အကြား မှာ အဆင်မပြေ မှုတွေ ရှိ နေပြီ လို့ ခံစား မိကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

လီဗာပူး နဲ့ မန်ချက် စတာ ယူနိုက်တက် အသင်း တို့ ဟာ လိုင်ယွန် အသင်းရဲ့ ကစား သမား ရာယန် ချာကီ ကို အပြိုင် စောင့်ကြည့် နေကြတယ် လို့ သိရှိ ရပါတယ် ။

အင်တာ မီလန် အသင်း အကြီးအကဲ တွေ ဟာ နည်းပြသစ် ကွန်တီ ရဲ့ စွမ်းဆောင်ရည် တွေ အပေါ် အားရ ကျေနပ် ခဲ့ပြီး ဇန်နဝါရီမှာ စိတ်တိုင်းကျ ဖြည့်ဆည်း ပေးဖို့ စဉ်းစား ထားတယ် လို့ သတင်း ကြားသိရ ပါတယ် ။

ဘိုင်ယန် မြုးနစ် အသင်း ရဲ့ တောင်ပံ ကစား သမား ကင်းစလေ ကိုးမန်း ကတော့ သူဟာ ဘိုင်ယန် မှာ နှစ်တွေ အကြာကြီး ဆက်ကစား သွားဖို့ ရည်မှန်း ထားတယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ဘာစီလိုနာ ကနေ အငှား ရောက်လာတဲ့ ဖိလစ်ပီ ကော်တင်ဟို ဟာ လည်း ဘိုင်ယန် မှာ ပျော်ရွှင် နေပြီး အပြီးသတ် ပြောင်းရွှေ့ ဖို့ ဆန္ဒ ရှိနေတယ် လို့ သိရ ပါတယ် ။

ဒီရာသီ မှာ ရလဒ်တွေ ဆိုးရွား နေပေမယ့် အဲဗာတန် အသင်း ဟာ နည်းပြ မာကိုဆေးလ်ဗား ကို လီဗာပူး နဲ့ ကစားမယ့် မာဆေးဆိုက် ဒါဘီ ပွဲ မတိုင်ခင် မှာ ထုတ်ပယ်ဖို့ စိတ်ကူး ဦးမှာ မဟုတ်ဘူး လို့ သိရ ပါတယ် ။

နည်းပြ ဆန်းချက် ဖလော်ရက်စ် ကို ထုတ်ပယ် ခဲ့တဲ့ ဝက်ဖိုဒ့် ဟာ ကြားရက် မှာ ကစားမယ့် လက်စတာ စီးတီး နဲ့ ပွဲအတွက် ယူ-၂၃ နည်းပြ မူလင် ကို တာဝန်ပေး သွားမယ် လို့ သိရ ပါတယ် ။

လီဗာပူး အသင်း ဟာ ဇန်နဝါရီ မှာ ဒေါ့မွန် ကနေ ထွက်ခွာ ဖို့ ရှိ နေတဲ့ အင်္ဂလန် စတား ဂျေဒန် ဆန်ချို ကို ခါ်ယူ ဖို့ အတွက် အလေးသာ နေတယ် လို့ သတင်း ကြားသိရ ပါတယ် ။

အီတလီ ခံစစ်မှုးဟောင်း ဖေဘီယို ကန်နာဗာရို ကိုင်တွယ် နေတဲ့ ကွမ်ကျိုး အဲဗားဂရန့် ဟာ တရုတ် စူပါလိဂ် မှာ ဗိုလ်စွဲ သွားခဲ့ တယ်လို့ သိရ ပါတယ် ။ ဒါဟာ ကွမ်ကျိုး အဲဗားဂရန့် အတွက် ၈ ကြိမ် မြောက် အမှတ်ပေး ချန်ပီယံ ဖြစ်ခဲ့တာ လို့ သိရ ပါတယ် ။

မန်စီးတီး ခံစစ်မှုး လာပေါ့တ် ကတော့ နောက်ထပ် ၁ လ ခွဲ ကနေ ၂ လ အတွင်းမှာ ပြန်ကစား ပေးနိုင် ဖို့ ရှိနေကြောင်း ပရိသတ် တွေ ကို သတင်းကောင်း ပြောပြ သွားခဲ့ ပါတယ် ။

ဘာစီလိုနာ ကွင်းလယ်လူ အိုင်ဗန် ရာကီတစ် ကတော့ အသင်းမှာ ကစားခွင့် နည်းပါး နေရာမှု အပေါ် နားမလည် နိုင်ဖြစ်နေရ တယ်လို့ ပြောဆို သွားခဲ့ ပြီး ဇန်နဝါရီ မှာ အသင်း ပြောင်းရွှေ့ နိုင်ချေ ကို ပိုမို မြင့်တက် စေခဲ့ ပါတယ် ။

SPORTS MYANMAR