ယခု ကြားရက်မှာ ကစား သွားရမယ့် ပရီးမီးယားလိဂ် ပွဲစဥ်တွေ ထဲမှာ ပွဲကြီးပွဲကောင်းတွေ ပါဝင်နေပြီး တော့တင်ဟမ် နည်းပြဘဝ အစမှာ နိုင်ပွဲတွေ ဆက်နေတဲ့ ဟိုဆေးမော်ရင်ညို ဟာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက် ကို အဝေးကွင်း မှာ သွားကစား ရမှာ ဖြစ်ပြီး ရလဒ်တွေ ဆက်တိုက် ဆိုးနေတဲ့ အဲဗာတန် အသင်းကလည်း မာဆေးဆိုက် ဒါဘီအဖြစ် ထိပ်ဆုံးက လီဗာပူး ကို အန်ဖီးမှာ သွားရောက် ယှဥ်ပြိုင် ရမှာ ဖြစ်ပါတယ်။

၁- ဘန်လေ Vs မန်စီးတီး

မန်စီးတီး ဟာ ပြီးခဲ့တဲ့ စနေနေ့က စိန့်ဂျိမ်းပက်မှာ နယူးကာဆယ် ကို ၂ကြိမ်တိုင်တိုင် ဦးဆောင် နိုင်ခဲ့ပေမယ့်လည်း ၂ ကြိမ်စလုံး ချေပ ခံခဲ့ရကာ အဖိုးတန် အမှတ်တွေ ဆုံးရှုံး ခဲ့ရပါတယ်။ ဒါပေမယ့် အဆိုပါ ပွဲက သွင်းဂိုး ၄ ဂိုးစလုံး ကတော့ အဆင့်အတန်း မြင့်မားလှတာကို တွေ့ရပါတယ်။ ဘန်လေဟာ ခရစ်စတယ်ပဲလေ့စ် အသင်းနဲ့ ပွဲစဥ်မှာ ဂိုးပေါက် ခြိမ်းခြောက်မှု ၁၅ ကြိမ် ပြုလုပ် နိုင်ခဲ့ပေမယ့်လည်း ပဲလေ့စ်ကို အရေးနိမ့် ခဲ့ကာ လက်ရှိမှာတော့ နောက်ဆုံး လိဂ်ပွဲစဥ် ၆ ပွဲမှာ ၄ ပွဲ ရှုံးထား ခဲ့ပါတယ်။ ဘန်လေဟာ ပက်ဂွာဒီယိုလာ ရဲ့ အသင်းကို ဂိုးသွင်းယူ နိုင်မှာ ဖြစ်ပေမယ့် လက်ရှိ ချန်ပီယံ အသင်းသာ အနိုင် ၃ မှတ် ရသွားမယ်လို့ ကျွန်တော် မျှော်လင့်ထား ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့ – ဘန်လေ ၁ – ၃ မန်စီးတီး

၂- ချဲလ်ဆီး Vs အက်စတွန်ဗီလာ

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ စနေနေ့က စတန်းဖို့ဘရစ်ချ်မှာ ဝက်ဟမ်းရဲ့ ခံစစ်ကို ဖြိုခွဲ နိုင်ဖို့အတွက် ရုန်းကန် ခဲ့ရပြီး ဖရန့်လမ်းပတ်ရဲ့ အသင်းအတွက် စိုးရိမ်စရာ အချက်အလက် ကတော့ ၎င်းတို့ဟာ ပရီးမီးယားလိဂ် မှာ အရင် ဦးဆုံး ဂိုးပေးလိုက်ရတဲ့ အခါတိုင်း တစ်မှတ်မှ ရယူ ထားနိုင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ဂရီလစ်ချ် ဟာ တနင်္ဂနွေနေ့က အိုးထရပ်ဖို့ဒ်မှာ ထိုက်ထိုက်တန်တန် သရေတစ်မှတ် ရရှိ ခဲ့တဲ့ ပွဲမှာ အက်စတွန်ဗီလာ အတွက် ခြေစွမ်းပြ ကစားခဲ့ပါတယ်။ ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ ဝက်ဟမ်းနဲ့ ပွဲစဥ်မှာ ပုံစံကောင်း ကို မပြသနိုင် ခဲ့ပါဘူး။ ဒါပေမယ့် ချဲလ်ဆီးဟာ ဒီပွဲစဥ်မှာ နိုင်ပွဲ လမ်းကြောင်းပေါ်ကို ပြန်ရောက်လာမယ်လို့ ကျွန်တော် မြင်ထားပြီး ဒါဟာ နှစ်သင်းစလုံး တိုက်စစ် ဖွင့်ကစား သွားမယ့် ပွဲလည်း ဖြစ်လာမှာပါ။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့ – ချဲလ်ဆီး ၃ – ၁ အက်စတွန်ဗီလာ

၃- မန်ယူနိုက်တက် Vs တော့တင်ဟမ်

မန်ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ဗီလာ ကို အိုးထရပ်ဖို့ဒ်မှာ ဂိုးတွေကော ၊ အမှတ်ကော ခွဲပေး လိုက်ရပါတယ်။ ဟိုဆေးမော်ရင်ညိုဟာ ပြီးခဲ့တဲ့ ၁၂ လလောက်က မန်ချက်စတာယူနိုက်တက် မန်နေဂျာ ရာထူးမှ ထုတ်ပယ် ခံခဲ့ရပြီးနောက် ပထမဦးဆုံး အကြိမ် အဖြစ် အိုးထရပ်ဖို့ဒ်ကို ပြိုင်ဘက် နည်းပြ အနေနဲ့ ပြန်လာမှာ ဖြစ်ပြီး ဒီပွဲစဉ်မှာ ပြီးခဲ့တဲ့ ပွဲတုန်းကလို ရလဒ်မျိုး ထပ်တွေ့ ခဲ့မယ် ဆိုရင်လည်း ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး။

နှစ်သင်းစလုံးဟာ နောက်ဆုံး ၄ ပွဲမှာ ဂိုးတွေ သွင်းယူ ထားနိုင် ခဲ့သလို ဂိုးတွေလည်း ပေးထါးရပြီး စပါးဟာ မော်ရီစီယို ပိုချက်တီနိုရဲ့ နေရာကို ဟိုးဆေးမော်ရင်ညို ဝင်ရောက် လာခဲ့ပြီးနောက် ၎င်းကိုင်ထားတဲ့ ၃ ပွဲစလုံးမှာ တစ်ပွဲကို ၂ ဂိုး ပေးထါးခဲ့ ရပါတယ်။ ဒါဟာ အဘက်ဘက်က စိတ်လှုပ်ရှားစရာ ပွဲတစ်ပွဲ ဖြစ်လာမှာ ဖြစ်ပြီး ပွဲအပြီးမှာလည်း မျှတတဲ့ ရလဒ်နဲ့ပဲ ပြီးသွား မယ်လို့ ကျွန်တော် မြင်မိပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့ – မန်ယူနိုက်တက် ၂ – ၂ တော့တင်ဟမ်

၄- လီဗာပူး Vs အဲဗာတန်

၂၃၄ ကြိမ်မြောက် မာဆေးဆိုက် ဒါဘီမှာ အမှတ်ပေးဇယား ထိပ်မှာ ၈ မှတ်အသာနဲ့ ဦးဆောင် နေတဲ့ လီဗာပူး အသင်းဟာ လက်ရှိမှာ တန်းဆင်းဇုန်နဲ့ ၂ မှတ်အကွာ အဆင့် ၁၇ နေရာမှာ ရပ်တည်နေတဲ့ အဲဗာတန် ကို အန်ဖီးမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။ လီဗာပူး အတွက် အိမ်ကွင်း နိုင်ပွဲ ဖြစ်ဖို့ ရာခိုင်နှုန်း များတယ်လို့ ပြောလို့ ရပါတယ်။

လီဗာပူးဟာ သူတို့ရဲ့ မာဆေးဆိုက် ပြိုင်ဘက်ကို ပေါ့ပေါ့တန်တန်တော့ ကစားသွားမှာ မဟုတ်ပါဘူး။ ယာဂန်ကလော့ ဟာ ဆိုရင်လည်း အဲဗာတန်ဟာ လီဗာပူးရဲ့ အနီးကပ်ဆုံး ပြိုင်ဘက် ဖြစ်တဲ့ လက်စတာနဲ့ ကင်းပါဝါမှာ ကစားခဲ့တဲ့ ပွဲမှာ သရေတစ်မှတ် နဲ့ ထိုက်တန်မှူ ရှိတယ်ဆိုတာကို ကောင်းကောင်း သိနေ ပါလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လီဗာပူး ဟာ ဒီရာသီ အန်ဖီးမှာ clean sheet တစ်ပွဲမှ မရယူ ထားနိုင် ခဲ့ပါဘူး။ ဒါပေမယ့် လီဗာပူး အသင်းဟာ အဲဗာတန် နဲ့ပွဲမှာ ၉၄ ကြိမ်မြောက် မာဆေးဆိုက် ဒါဘီနိုင်ပွဲကို ရရှိ သွားမယ်လို့ ကျွန်တော် မျှော်လင့်ထား ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့ – လီဗာပူး ၂ – ၁ အဲဗာတန်

၅- အာဆင်နယ် Vs ဘရိုက်တန်

အာဆင်နယ် ဟာ တနင်္ဂနွေနေ့က နော့ဝှစ်နဲ့ ကာရိုးရုတ်မှာ သရေကျ ခဲ့ပြီးနောက် နောက်ဆုံး ၆ ပွဲဆက် ပရီးမီးယာလိဂ် မှာ နိုင်ပွဲပျောက်ခဲ့ကာ ဒါဟာ ရှစ်နှစ်ကျော် အတွင်း အဆိုးဝါးဆုံး မှတ်တမ်း ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ် အသင်းဟာ ကြာသာပတေးနေ့ ဘရိုက်တန် ကို လက်ခံ ကစားရတဲ့ အခါ ဒီမှတ်တမ်းဆိုးကို အဆုံးသတ် နိုင်မယ်လို့ ထင်ပါတယ်။ ယာယီနည်းပြ ဖရက်ဒီယွန်းဘက်ဟာ အာဆင်နယ် ကို အမ်းမရိတ်မှာ ပထမဦးဆုံး အကြိမ် ကိုင်တွယ် သွားမှာ ဖြစ်ပြီး အာဆင်နယ် ရဲ့ လာမည့် မန်နေဂျာသစ် အနေနဲ့ ကတော့ လက်ရှိ အားနည်းလျက် ရှိနေတဲ့ ခံစစ်ပိုင်းကို ပြင်ဆင် နိုင်ဖို့ အထူး လိုအပ်ပါတယ်။

အိုဝင်ရဲ့ ခန့်မှန်းချက်ကတော့ – အာဆင်နယ် ၂ – ၁ ဘရိုက်တန်

အခြား ပွဲစဥ်တွေ အတွက် အိုဝင်ရဲ့ ခန့်မှန်းချက်တွေကတော့….

ပဲလေ့စ် ၂ – ၁ ဘုန်းမောက်
လက်စတာ ၃ – ၀ ဝက်ဖို့ဒ်
ဆောက်သမ်တန် ၂ – ၁ နော့ဝှစ်
ဝုဖ် ၁ – ၀ ဝက်ဟမ်း
ရှက်ဖီး ၁ – ၁ နယူးကာဆယ်

SM