မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ လက်ရှိ ကွင်းလယ် မှာ အားထား ရတဲ့ စီနီယာ ကစားသမားတွေ ဖြစ်တဲ့ ပေါ့ဂ်ဘာ ၊ မာတစ် နဲ့ တော်မီနေး တို့ကို ဒဏ်ရာ ပြသနာ တွေကြောင့် အချိန် ကြာမြင့်စွာ ဆုံးရှုံး ခဲ့ ရတာ ကြောင့် လက်တလော အနေ အထား မှာ ဖရက်ဒ် နဲ့ ပါရဲရား တို့ကို ပွဲဆက် အသုံးပြု ခဲ့ရ ပါတယ် ။

အဆိုပါ အခိုက် အတန့် တွေမှာ ဖရက်ဒ် ရော ပါရဲရား ပါ ပုံစံ ကောင်းတွေ ဆက်တိုက် မပြ နိုင်ခဲ့ ကြတဲ့ အတွက် ဝေဖန် မှုတွေ အထူး ခံခဲ့ ကြရ ပါတယ် ။ ဖရက်ဒ် ကတော့ နောက်ပိုင်း ပွဲစဉ် အချို့ မှာ ပိုကောင်း လာတဲ့ ခြေစွမ်း တွေကို ပြနိုင် ခဲ့တဲ့ အတွက် ဝေဖန် မှုတွေ က လွတ်မြောက် ခဲ့ ပေမယ့် ပါရဲရား ကတော့ ဆက်လက် ရုန်းကန် ရတာ များ နေခဲ့ ပါတယ် ။

အခုတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား က ဝေဖန် ခံရ မှုတွေ အကြား အဆက် မပြတ် ရောက်ရှိ နေ ခဲ့တဲ့ ဘရာဇီး သား ပါရဲရား ဟာ အချိန် နဲ့ အမျှ ပိုမို တိုးတက် ကောင်းမွန် လာသူ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” အန်းဒရိစ် ( ပါရဲရား ) ဟာ အချိန် နဲ့ အမျှ တိုးတက် ကောင်းမွန် လာနေ ခဲ့ ပါတယ် ။ သူဟာ လူငယ် ကစားသမား တစ်ဦး ဖြစ်ပြီး ပွဲစဉ် တစ်ပွဲ ဆီမှာ တိုးတက် ကောင်းမွန် လာနိုင်ဖို့ အတွက် အလုပ် ကြိုးစား နေခဲ့ ပါတယ် ။ ဒါ့ကြောင့် ဒီ ရာသီ မှာ သူဟာ ပွဲစဉ် အချို့ ပါဝင် ကစား ခဲ့ ရတာ ပါ ”

” သူ ကစား နေတဲ့ နေရာ နဲ့ ပတ်သက် လို့ ကျွန်တော် တို့ အနည်း နဲ့ အများ နားလည် သိရှိ ထားကြ တာတွေ ရှိနေ ပါတယ် ။ တစ်ကယ် တော့ သူဟာ ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ပါ ”

” အခု ကျွန်တော် တို့ဟာ အသင်း ရဲ့ အတွေ့ အကြံု ရင့် ကစားသမားတွေ ဖြစ်ကြ တဲ့ နီမန်ဂျာ ၊ ပေါလ် နဲ့ စကော့ တို့ကို ဆုံးရှံုး ထားခဲ့ ကြတဲ့ အချိန် တွေမှာ သူဟာ အဲ့ဒီ နေရာ တွေကို ဖြည့်စွက် ကစား ပေးနေ ခဲ့ပြီး အသင်း အတွက် အလုပ် တစ်ခု လုပ်ပေး နေခဲ့ ပါတယ် ” လို့ ဆိုးလ်ရှား က ပါရဲရား အသင်း အတွက် ပွဲထွက် ကစား ခွင့်တွေ ဆက်တိုက် ပိုင်ဆိုင် နေ ခဲ့တဲ့ အပေါ် ပြန်လည် ရှင်းလင်း သွားခဲ့ လိုက် ပါတယ် ။

လက်ရှိ အနေ အထား အရ တော့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ကွင်းလယ် ပိုင်း နေရာ မှာ ကစား ပေးနိုင် မယ့် စီနီယာ ကစားသမား ဆိုလို့ မာတာ ၊ လင်ဂတ် ၊ ဖရက်ဒ် နဲ့ ပါရဲရား တို့သာ ရှိနေ ကြပြီး ကျန်တဲ့ ကစားသမား တွေက ဒဏ်ရာ ပြသနာ ကိုယ်စီ ကြံုတွေ့ နေကြ ရ ပါတယ် ။ မာတာ နဲ့ လင်ဂတ် တို့ ကတော့ တည်ငြိမ် တဲ့ ခြေစွမ်း မပြ နိုင်မှု ၊ အသင်း အတွက် အကျိုး မပြုနိုင် သေးမှု တွေကြောင့် ဝေဖန် မှုတွေ အောက် ရောက်ရှိ နေကြ သူတွေ ပဲ ဖြစ်ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ အဆိုပါ နေရာ တွေကို ဖြည့်စွက် ကစား ပေး နိုင်ဖို့ အကယ်ဒမီ ထွက် ကစားသမား လေးတွေ ဖြစ် ကြတဲ့ အိန်ဂျယ် ဂိုးမက်စ် ၊ ဂျိမ်းစ် ဂါနာ နဲ့ လီဗစ် တို့ ရှိနေ ကြ ပေမယ့် အတွေ့ အကြံု နုနယ် ကြ သေးတာ ကြောင့် သူတို့ တွေကို ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ ဆိုးလ်ရှား က အရဲစွန့် မသုံး နိုင် သေးတာ ပဲ ဖြစ် ပါတယ် ။

#Sports_Myanmar