ဒီနေ့ နံနက် မှာတော့ ဖီဖာ ရဲ့ တစ်နှစ်တာ အကောင်းဆုံး ဘောလုံး ကစားသမား ဆုကို ချီးမြှင့် ခဲ့ရာ ဘာစီလိုနာ အသင်း ရဲ့ စူပါ စတား ဖြစ်သူ လီယွန်နယ် မက်ဆီ က လီဗာပူး မှ ဗန်ဒိုက် ၊ ဂျူဗင်တပ် မှ စီ ရော်နယ်ဒို တို့ကို ကျော်ဖြတ် ပြီး ဒီဆု ကို 6 ကြိမ်မြောက် ရယူ သိမ်းပိုက် သွားနိုင် ခဲ့ ပါတယ် ။

အဆိုပါ ဆုပေးပွဲ အပြီး ပြုလုပ် ခဲ့တဲ့ အင်တာဗျူး အစီအစဉ် မှာ လီဗာပူး ခံစစ်မှူး ဗန်ဒိုက် က လီယွန်နယ် မက်ဆီ ဟာ သဘာဝလွန် ကစားသမား ဖြစ်ကြောင်း ၊ သူ့ရဲ့ ကြီးကျယ် ခမ်းနားမှု အပေါ် ကို လေးစား သမှု ထားရှိ ရမှာ ဖြစ်ကြောင်း ပြိုင်ဖက် ဖြစ်သူ ကို အထူး ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

ဒါ့အပြင် ဒီဆု အတွက် ဆန်ကာတင် စာရင်း မှာ မပါဝင် နိုင် သေးတဲ့ အထိ သူဟာ ဒီလို ဂုဏ်သိက္ခာ ကြီးမား လှတဲ့ တစ်ကိုယ်တော် ဆု တစ်ခု အတွက် ဒီလို နေရာ မျိုးကို ရောက်လာ နိုင်မယ် လို့ ဘယ်တုန်း ကမှ တွေး မထား ခဲ့ ဖူးတဲ့ အကြောင်း ဗန်ဒိုက် က ဝန်ခံ စကား ဆိုသွား ခဲ့လိုက် ပါတယ် ။

” လုံးဝကို ရိုးရိုးသားသားကြီး ပြောရမယ် ဆိုရင် ဆန်ကာတင် ကစားသမား စာရင်း မှာ မပါဝင် နိုင် သေးတဲ့ အထိ ကျွန်တော် ဟာ Ballon d’Or ဆု အတွက် ဒီလို နေရာ မှာ ရှိနေ ရ လိမ့်မယ် လို့ ဘယ်တုန်း ကမှ မတွေး ခဲ့ဖူး ပါဘူး ”

” ဒါဟာ ကျွန်တော့် ကစားသမား ဘဝ ဘယ်လို ရှိခဲ့ သလဲ ဆိုတာ ကို ပြသ ခြင်း ပါပဲ ။ ဒါဟာ ဘယ်တုန်း ကမှ မလွယ် ကူခဲ့ ပါဘူး ။ ‘ အနိုင် ရသူ ကြီးက ဒီမှာပါ ‘ လို့ ပြောလို့ မရ နိုင်လောက် တဲ့ အထိ ကျွန်တော့် ရဲ့ ဘဝ က ခြားနား နေခဲ့ ပါတယ် ။ ကျွန်တော် ဒီလို အဆင့် တစ်ခု ကို ရောက်ရှိ လာတာ နောက်ကျ ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့် အိပ်မက် တွေ အတွက် လက် မလျော့ခဲ့ ပါဘူး ။ ဒီ အဆင့် ထိ ရောက်ရှိ နိုင်ဖို့ အတွက် ကျွန်တော် အရမ်း အလုပ် ကြိုးစား ခဲ့ရ ပါတယ် ” လို့ ဗန်ဒိုက် က သူ့ရဲ့ ဘဝ အကြောင်း ပြောကြားရင်း ဆု ရသွားတဲ့ မက်ဆီ နဲ့ ပတ်သက်လို့ …

” သူ ( မက်ဆီ ) လို သဘာဝ မဟုတ်တဲ့ ကစားသမား တွေ နှစ်ယောက် လောက် ရှိနေ ခြင်းက တစ်ကယ့်ကို ကံ မကောင်းခြင်း ပါပဲ ။ သူတို့ တွေ တစ်ကယ့်ကို ထူးခြား သူတွေ ပါပဲ ။ ကြည့်လိုက်ပါ ၊ Ballon d’Or 6 ကြိမ် အထိ ရယူ နိုင်ခဲ့ခြင်း ၊ သူ့ရဲ့ ခမ်းနားမှု အပေါ် ကျွန်တော် တို့ လေးစား သမှု ရှိကြ ရပါ့မယ် ။ ဒီဆု အတွက် ကျွန်တော် နီးစပ် ခဲ့ ပါတယ် ။ ဒါပေမယ့် ကျွန်တော့်ထက် အနည်းငယ် ပို ကောင်းတဲ့ သူ တစ်စုံတယောက် ရှိနေ ခဲ့တယ်လေ ”

” ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက လီဗာပူး ၊ ဟော်လန် အသင်း တွေနဲ့ အတူ ကျွန်တော် ရယူ နိုင် ခဲ့တဲ့ အရာ တွေ အတွက် ဂုဏ်ယူ မိ ပါတယ် ။ အဲ့တာ တွေကို ဒီရာသီ မှာလည်း ကျွန်တော် တို့ လုပ်ဆောင် နိုင်ဖို့ အတွက် မျှော်လင့် နေ ပါတယ် ။ ဒါပေမယ့် ဒီလို ပြိုင်ဖက် ကစားသမား တွေ ရှိနေ သေး သရွေ့ အဲ့တာ က အရမ်းကြီး ခက်ခဲ နေဦးမှာ ပါပဲ ”

” ကျွန်တော့် အခု ရောက်ရှိ နေတဲ အဆင့် တစ်ခု အတွက် အရမ်း ကိုပဲ ဂုဏ်ယူ မိ ပါတယ် ။ ကျွန်တော် အခု ဒီ နေရာ မှာ ရှိနေ ရတဲ့ အတွက် လည်း ဂုဏ်ယူ နေ ပါတယ် ။ ဒါဟာ ကျွန်တော့် ကို အလုပ်တွေ ပိုမို ကြိုးစား ချင်စိတ် ဖြစ်ပေါ် စေပါတယ် ။ နောက်နှစ် မှာလည်း ဒီနေရာ ကို နောက် တစ်ကြိမ် လာရောက် နိုင်ဖို့ မျှော်လင့် နေ ပါတယ် ” လို့ ဗန်ဒိုက် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar