ချယ်လ်ဆီး အသင်း နည်းပြသစ် ဖရန့် လမ်းပတ် ဟာ လက်ရှိ မှာ ချယ်လ်ဆီး အသင်း ကို ၄ – ၂ – ၃ – ၁ ကစားကွက် မှာ အံဝင်အောင် လုပ်ဆောင် နေပြီး ကွင်းလယ် တိုက်စစ် ကစားသမား တဦး ကိုသာ အသုံးပြုဖို့ ရှိနေပါတယ် ။ ကစားထားပြီးသမျှ ခြေစမ်း ပွဲစဉ် တွေမှာ ကွင်းလယ် တိုက်စစ် နေရာ အတွက် ရော့စ် ဘာကလေ နဲ့ မေဆင့်မောင့်တ် တို့က တလှည့်စီ ပွဲထွက်ခွင့် ရရှိ ခဲ့ကြပါတယ် ။

၂ယောက်လုံး လည်း ခြေစမ်း ခရီးစဉ် တောက်လျှောက် ချယ်လ်ဆီး ပရိသတ် တွေ အကြိုက် ခြေစွမ်း ပြနေကြပါတယ် ။ ထို့ အတွက်ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ အဖွင့် ပွဲစဉ် မှာ ဘယ်သူ့ကို ပွဲထုတ် ရမလဲ ဆိုတာ လမ်းပတ် အဖို့ ခေါင်းရှုပ်စရာ ဖြစ်နေပါတယ် ။ ဒါ့အပြင် ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ခြေစွမ်း ပြခဲ့တဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ရူဘင် လော့ဖ်တပ်စ်ချိခ် လည်း ရှိနေသေးတာကြောင့် နောက်ပိုင်းမှာ ထိုနေရာ အတွက် ပွဲထွက်ခွင့် တိုက်ပွဲ က ပိုပြီး ပြင်းထန် လာဖို့ ရှိနေပါတယ် ။

လော့ဖ်တပ်စ်ချိခ် ရဲ့ ခြေကျင်းဝတ် ဒဏ်ရာ က ၂၀၁၉ နှစ်ကုန်ပိုင်း လောက်မှာမှ သက်သာ ပျောက်ကင်းဖို့ ရှိနေတာကြောင့် လောလောဆယ် မှာ ဘာကလေ နဲ့ မေဆင်မောင့်တ် တို့ဟာ ချယ်လ်ဆီး အသင်း ရဲ့ ပွဲစဉ် တွေမှာ တလှည့်စီ ပွဲထွက် ရဖို့ ရှိနေပါတယ် ။ အတွေ့အကြုံ နဲ့ သမ္ဘာပိုင်း ပိုသာ နေတဲ့ ဘာကလေ ကတော့ လာမယ့် မန်ချက်စတာ ယူနိုက်တက် နဲ့ ပွဲစဉ် မှာ ပွဲထွက်ခွင့် ရဖို့ များနေပါတယ် ။

မနေ့ည က မိုချန်ဂလတ်ဘတ် နဲ့ နောက်ဆုံး ခြေစမ်း ပွဲစဉ် မှာတော့ မေဆင်မောင့်တ် လည်း အထူး ခြေစွမ်း ပြနိုင် ခဲ့တာကြောင့် ပွဲအပြီး မှာ နည်းပြ ဖြစ်သူ လမ်းပတ် က မောင့်တ် ဟာ သူ့ အတွက် ဘယ်သူ့ကို ဦးစားပေး ပွဲထုတ် ရမလဲ ဆိုတာ အခက်ကြုံ စေတယ် လို့ ချီးကျူး ပြောဆို ခဲ့သလို ဘာကလေ နဲ့ မောင့်တ် တို့ရဲ့ လုပ်အားနှုန်း ကိုလည်း ချီးမွမ်းသွား ခဲ့ပြန်ပါတယ် ။

လမ်းပတ် က ” ချယ်လ်ဆီး ကို ပြန်ရောက် လာပြီးတဲ့နောက် မှာ မေဆင် ဟာ စွမ်းဆောင်ရည်ကောင်း များစွာ ထုတ်ပြ ခဲ့ပြီးပါပြီ ။ မနှစ် က ဒါဘီ အသင်း မှာ သူနဲ့ ကျွန်တော် နဲ့ အလုပ် အတူတူ လုပ်ခဲ့ဖူးပါတယ် ။ လက်ရှိ ကစားသမား အစုအဖွဲ့ အတွင်း က မေဆင် ရဲ့ လုပ်အားနှုန်း နဲ့ ပူးပေါင်း ဆောင်ရွက်မှု တွေ အပေါ် ကျွန်တော် အားရ ကျေနပ် မိပါတယ် ။ လက်ရှိ ချယ်လ်ဆီး အသင်းသား တွေဟာ ကိုယ့် တာဝန် ကိုယ် အတတ်နိုင်ဆုံး ယူထား နိုင်ကြပါတယ် ။ ”

” ဒါ့အပြင် သူတို့ရဲ့ အရည်အသွေး ၊ ပုံစံကောင်း တွေနဲ့လည်း အသင်း အပေါ် ပေးဆပ် ကစား နေကြပါတယ် ။ မေဆင် ဟာလည်း ဒီလို အချက်အလက် တွေနဲ့ ပြည့်စုံ နေတာကြောင့် ကျွန်တော့ အဖို့ ဘယ်သူ့ကို အသုံးပြု ရမလဲ ဆိုတာ ရွေးရခက် စေပါတယ် ။ ရော့စ် ဘာကလေ ဟာလည်း တကယ် ကောင်းတဲ့ ရာသီကြို ခရီးစဉ် ကို ဖြတ်သန်း ခဲ့ရသလို ၊ ရူဘင် လော့ဖ်တပ်စ်ချိခ် ဟာလည်း နောက်ပိုင်း အသင်း မှာ ပြန်ပြီး ပါဝင် လာတော့မှာ ဖြစ်ပါတယ် ။ ”

” ဒီ ကစားသမား တွေ အားလုံး ဟာ ကွင်းလယ် က နေရာစုံ မှာ လိုက်လျောညီထွေ ဖြစ်အောင် ကစား ပေးနိုင်ကြပြီးတော့ တိုက်စစ် အတွက်လည်း များစွာ အထောက်အကူ ပေးပါတယ် ။ အခု လက်ရှိ မေဆင် စွမ်းဆောင် ထားသမျှ ကို ကျွန်တော် ကျေနပ် နေပြီး သူ့ကို ဒီထက် ပိုကောင်းတဲ့ ပုံစံ ကိုတောင် ကျွန်တော် တောင်းဆိုလို့ မရနိုင်တော့ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

မေဆင်မောင့်တ် ဟာ ရာသီကြို ခြေစမ်း ခရီးစဉ် မစတင်မီ ကပဲ ချယ်လ်ဆီး အသင်း နဲ့ ၅နှစ် စာချုပ် ချုပ်ဆို ထားခဲ့ပြီး လာမယ့် ရာသီ ချယ်လ်ဆီး အသင်း ရဲ့ ထွန်းတောက် လာမယ့် ကြယ်ပွင့် ကစားသမား အဖြစ် ထင်ကြေးပေး ခံနေရပါတယ် ။ မနေ့ညက ဂလတ်ဘတ် နဲ့ ပွဲမှာလည်း ကွင်းလယ် ကို အကောင်းဆုံး ထိန်းသွား ခဲ့သလို တိုက်စစ် အတွက် အခွင့်အရေး ကောင်း တွေလည်း ဖန်တီး ပေးနိုင် ခဲ့ပါတယ် ။

SPORTS MYANMAR