ရီးရဲမက္ဒရစ္အသင္းရဲ႕ နည္းျပသစ္ လုိပက္တီဂူကေတာ့ အေျပာင္းအေရႊ႕ သတင္းေတြ ထြက္ေပၚေနတဲ့ ကြင္းလယ္လူ မိုဒရစ္နဲ႔ ကိုဗာဆစ္တို႔ဟာ အသင္းမွာပဲ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဆက္ရွိသြားလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

မိုဒရစ္ဟာ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈ အလီလီဆြတ္ခူးႏိုင္ခဲ့တဲ့ ရီးရဲမက္ဒရစ္အတြက္ အဓိက ကြင္းလယ္ကစားသမား တစ္ေယာက္အျဖစ္ တည္ရွိခဲ့သလို၊ 2018 ရုရွား ကမၻာ့ဖလားမွာလဲ ခရုိေရးရွား အသင္းအတြက္ ကစားေပးရင္း ေရႊေဘာလံုးဆု ဆြတ္ခူးႏိုင္တဲ့အထိ ေျခစြမ္းျပႏိုင္ခဲ့သူ ျဖစ္ပါတယ္။

ကိုဗာဆစ္ကေတာ့ ပြဲထြက္ ကစားသမား တစ္ေနရာအတြက္ အာမခံခ်က္ လိုခ်င္တယ္လို႔ ေတာင္းဆိုထားကာ လက္ရွိ အခ်ိန္မွာေတာ့ အသင္းနဲ႔ အတူ ေလ့က်င့္ခန္း ျပန္ဆင္းေနပါျပီ။

အီတလီ သတင္းေတြမွာေတာ့ ဇီဒန္း၊ ရိုလ္နာဒိုတို႔ ထြက္ခြာသြားျပီး ေနာက္ပိုင္း အသင္းရဲ႕ ကစားသမား အမ်ားစုဟာ စိန္ေခၚမႈ အသစ္ေတြ ရင္ဆိုင္ကစားဖို႔ အသင္းေျပာင္းခ်င္ေနတယ္လို႔ ေျပာဆိုေနသလို၊ အင္တာမီလန္အသင္းထံ မိုဒရစ္က ေျပာင္းေရႊ႕ ခ်င္ေနတယ္လို႔လဲ ေရးသားလွ်က္ ရွိေနပါတယ္။

ရီးရဲ ဥကၠဌ ပီရက္ကေတာ့ အဲဒီသတင္းေတြနဲ႔ ပတ္သက္ျပီး ေျပာင္းေရႊ႕ ေၾကး ယူရုိ သန္း 750 ရမွ ေရာင္းႏိုင္မယ္လို႔ ေပၚေပၚတင္တင္တုန္႔ျပန္ထားခဲ့သလို၊ နည္းျပ လိုပက္တီဂူကလဲ ရိုးမားနဲ႔ မကစားမီမွာ အခုလိုပဲ တုန္႔ျပန္ေျပာဆုိသြားခဲ့ပါတယ္။

“ အဲဒီသတင္းေတြ ထြက္လာျပီးေနာက္တစ္ေန႔ ကတည္းက မိုဒရစ္နဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြကို က်ေနာ္ ေျဖခဲ့ျပီးပါျပီ။ ျပီးေတာ့ ဥကၠဌၾကီးလဲ တရား၀င္ ေျပာဆိုထားတာ ရွိပါတယ္။ က်ေနာ္တို႔ကေတာ့ မိုဒရစ္ဟာ အသင္းမွာပဲ ဆက္ရွိသြားခ်င္တယ္ဆိုတာ လံုး၀ သံသကို မရွိတာပါ။ မိုဒရစ္နဲ႔ ႏွစ္ဦးသား ေဆြးေႏြးမႈေတြ ျပဳလုပ္ျပီးရင္ေတာ့ ထပ္ျပီး ခင္ဗ်ားတို႔ သတင္းေထာက္ေတြကို ေသခ်ာ ေျပာျပသြားမွာပါ။

တဆက္ထဲမွာပဲ ကိုဗာဆစ္ဟာလဲ အသင္းေဖာ္ေတြနဲ႔အတူ ေလ့က်င့္ခန္းေတြ လုပ္ေဆာင္ေနပါျပီ။ သူ႔ၾကည့္ရတာ ဘာမွ ျပသနာမရွိသလိုပါပဲ၊ က်ေနာ္တို႔ကလဲ သူ အသင္းထံျပန္ပူးႏိုင္ခဲ့တဲ့အတြက္ အရမ္းကို ေက်နပ္ေနမိပါတယ္။ မိုဒရစ္ေရာ၊ ကိုဗာဆစ္ပါ ရီးရဲမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ဆက္ရွိသြားပါလိမ့္မယ္” လို႔ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

Marca သတင္းရဲ႕ ေဖာ္ျပခ်က္အရေတာ့ ကိုဗာဆစ္ဟာ ခ်ဲဆီးထံ အငွားနဲ႔ သြားေရာက္ ကစားေပးႏိုင္တဲ့ အေနအထားေတြ ျဖစ္ေပၚေနသလို၊ သီယိုဟာနန္ဒက္ဟာလဲ ဆိုစီဒက္ကို အငွားနဲ႔ ေျပာင္းေရႊ႕ကစားဖို႔ သေဘာတူညီမႈ ရရွိခဲ့ျပီ ျဖစ္တယ္လို႔ သိရပါတယ္။

တစ္ဆက္တည္းမွာပဲ အက္စ္ပန္ေညာ္မွာ ေျခစြာေနတဲ့ ခ်ဲဆိး တုိက္စစ္မႈးေဟာင္း ဂက္ဂြ်န္ဆင္ရဲ႕သားၾကီး အသက္ 16 ႏွစ္အရြယ္ တိုက္စစ္မႈး အန္ဒရီဟာ ရီးရဲမက္ဒရစ္အသင္းကို တရား၀င္ ေရာက္ရွိလာခဲ့ျပီ ျဖစ္ပါတယ္။

လူကာမိုဒရစ္ကေတာ့ မီယာမီကို ေရာက္ရွိလာျပီ ျဖစ္ျပီး မနက္ျဖန္မွာ အသင္းနဲ႔အတူ ေလ့က်င့္ခန္းေတြ လုပ္ေဆာင္သြားမွာ ျဖစ္ပါတယ္။

မိုဒရစ်နဲ့ ကိုဗာဆစ်တို့ နှစ်ယောက်စလုံး ရီးရဲမှာ ဆက်ရှိသွားမယ် အခိုင်အမာ ဆိုသွားတဲ့ လိုပက်တီဂူ

ရီးရဲမက်ဒရစ်အသင်းရဲ့ နည်းပြသစ် လိုပက်တီဂူကတော့ အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်နေတဲ့ ကွင်းလယ်လူ မိုဒရစ်နဲ့ ကိုဗာဆစ်တို့ဟာ အသင်းမှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ရှိသွားလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မိုဒရစ်ဟာ ချန်ပီယံလိဂ် အောင်မြင်မှု အလီလီဆွတ်ခူးနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်အတွက် အဓိက ကွင်းလယ်ကစားသမား တစ်ယောက်အဖြစ် တည်ရှိခဲ့သလို၊ 2018 ရုရှား ကမ္ဘာ့ဖလားမှာလဲ ခရိုရေးရှား အသင်းအတွက် ကစားပေးရင်း ရွှေဘောလုံးဆု ဆွတ်ခူးနိုင်တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့သူ ဖြစ်ပါတယ်။

ကိုဗာဆစ်ကတော့ ပွဲထွက် ကစားသမား တစ်နေရာအတွက် အာမခံချက် လိုချင်တယ်လို့ တောင်းဆိုထားကာ လက်ရှိ အချိန်မှာတော့ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပါပြီ။

အီတလီ သတင်းတွေမှာတော့ ဇီဒန်း၊ ရိုလ်နာဒိုတို့ ထွက်ခွာသွားပြီး နောက်ပိုင်း အသင်းရဲ့ ကစားသမား အများစုဟာ စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ကစားဖို့ အသင်းပြောင်းချင်နေတယ်လို့ ပြောဆိုနေသလို၊ အင်တာမီလန်အသင်းထံ မိုဒရစ်က ပြောင်းရွှေ့ ချင်နေတယ်လို့လဲ ရေးသားလျှက် ရှိနေပါတယ်။

ရီးရဲ ဥက္ကဌ ပီရက်ကတော့ အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး ပြောင်းရွှေ့ ကြေး ယူရို သန်း 750 ရမှ ရောင်းနိုင်မယ်လို့ ပေါ်ပေါ်တင်တင်တုန့်ပြန်ထားခဲ့သလို၊ နည်းပြ လိုပက်တီဂူကလဲ ရိုးမားနဲ့ မကစားမီမှာ အခုလိုပဲ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

“ အဲဒီသတင်းတွေ ထွက်လာပြီးနောက်တစ်နေ့ ကတည်းက မိုဒရစ်နဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို ကျနော် ဖြေခဲ့ပြီးပါပြီ။ ပြီးတော့ ဥက္ကဌကြီးလဲ တရားဝင် ပြောဆိုထားတာ ရှိပါတယ်။ ကျနော်တို့ကတော့ မိုဒရစ်ဟာ အသင်းမှာပဲ ဆက်ရှိသွားချင်တယ်ဆိုတာ လုံး၀ သံသကို မရှိတာပါ။ မိုဒရစ်နဲ့ နှစ်ဦးသား ဆွေးနွေးမှုတွေ ပြုလုပ်ပြီးရင်တော့ ထပ်ပြီး ခင်ဗျားတို့ သတင်းထောက်တွေကို သေချာ ပြောပြသွားမှာပါ။

တဆက်ထဲမှာပဲ ကိုဗာဆစ်ဟာလဲ အသင်းဖော်တွေနဲ့အတူ လေ့ကျင့်ခန်းတွေ လုပ်ဆောင်နေပါပြီ။ သူ့ကြည့်ရတာ ဘာမှ ပြသနာမရှိသလိုပါပဲ၊ ကျနော်တို့ကလဲ သူ အသင်းထံပြန်ပူးနိုင်ခဲ့တဲ့အတွက် အရမ်းကို ကျေနပ်နေမိပါတယ်။ မိုဒရစ်ရော၊ ကိုဗာဆစ်ပါ ရီးရဲမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်ရှိသွားပါလိမ့်မယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Marca သတင်းရဲ့ ဖော်ပြချက်အရတော့ ကိုဗာဆစ်ဟာ ချဲဆီးထံ အငှားနဲ့ သွားရောက် ကစားပေးနိုင်တဲ့ အနေအထားတွေ ဖြစ်ပေါ်နေသလို၊ သီယိုဟာနန်ဒက်ဟာလဲ ဆိုစီဒက်ကို အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ အက်စ်ပန်ညော်မှာ ခြေစွာနေတဲ့ ချဲဆိး တိုက်စစ်မှုးဟောင်း ဂက်ဂျွန်ဆင်ရဲ့သားကြီး အသက် 16 နှစ်အရွယ် တိုက်စစ်မှုး အန်ဒရီဟာ ရီးရဲမက်ဒရစ်အသင်းကို တရားဝင် ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လူကာမိုဒရစ်ကတော့ မီယာမီကို ရောက်ရှိလာပြီ ဖြစ်ပြီး မနက်ဖြန်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။