ပြင်သစ် နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပသွားခဲ့တဲ့ ၂၀၁၉ ခုနှစ် အတွက် ဘလွန်း ဒီအောဆု ပေးပွဲအခမ်း အနားကြီးကတော့ အောင်အောင်မြင်မြင်ကျင်းပပြီးစီးသွားခဲ့ပြီဖြစ်ပါတယ်။အမျိုးသား ဘောလုံး သမားတွေ အတွက်ချီးမြှင့်တဲ့ဘလွန်း ဒီအောဆုကြီးကို ရရှိသွားခဲ့သူကတော့ ဘာစီလိုနာအိုင်ကွန် မက်ဆီပဲဖြစ်ပါတယ်။

မက်ဆီဟာ မူလက ဘလွန်းဒီီအောဆုကြီး ကို မဟာပြိုင်ဘက် ရော်နယ်ဒိုနဲ့ အတူ ၅ကြိမ်စီ ရယူထားနိုင် ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ဆဋ္ဌမမြောက် ဆုကြီးကို စံချိန်တင် အဖြစ်ရရှိခဲ့တာဖြစ်ပါတယ်။သူဟာ မကြာသေးမီက ချီးမြှင့်ခဲ့တဲ့ FIFA’s The Best ဆုရှင်လည်းဖြစ်ပါတယ်။

မက်ဆီဟာ အခုတကြိမ် ဘလွန်းဒီအောဆုကြီးကို ရရှိဖို့ လီဗာပူး ခံစစ်ကျောက်ဆောင် ဗန်ဒိုက်နဲ့ အတော်လေး အကြိတ် အနယ် ယှဉ်ပြိုင် ခဲ့ရသေးတာဖြစ်ပါတယ်။ဒါပေမယ့် နောက်ဆုံးမှာတော့ ကြိုတင် သတင်းတွေ ထွက်ခဲ့တဲ့ အတိုင်းပဲ ဆွတ်ခူးနိုင် ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ အသက် အရွယ်အနည်းငယ် ရလာနေပြီဖြစ်ပေမယ့် ခြေစွမ်းကောင်း နဲ့ သွင်းဂိုးတွေကတော့ နုပျိုနေသေးတာဖြစ်ပါတယ်။သူဟာ ယမန်နှစ်က ဘာစီလိုနာကို လာလီဂါ ချန်ပီယံဆု ရယူပေးနိုင်ခဲ့ပြီး ပြိုင်ပွဲရဲ့ဂိုအများဆုံးဆုံးဆုရှင်လည်းဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ အံ့မခန်းဂိုးသွင်းအားကြောင့် ဥရောပ ရွှေဖိနပ် ဆုကြီးကို ၆ကြိမ်မြောက်အဖြစ် ရရှိထားခဲ့ပါတယ်။အခုလို တဦးချင်းမှာ ဆုတံဆိပ်တွေ၊ အောင်မြင်မှုတွေရယူထားနိုင်နေခဲ့ပေမယ့် မက်ဆီကတော့ ချန်ပီယံလိဂ်ဖလား၊ ကိုပါအမေရိကဖလားအစရှိတဲ့ အသင်းလိုက်အောင်မြင်မှုတွေကိုပဲ ပိုပြီး မက်မောတယ်လို့ ဆိုပါတယ်။

သူ့အတွက် ဆဋ္ဌမမြောက် ဘလွန်း ဒီအောဆုကြီးကို ရရှိခဲ့အကြီးမှာ မက်ဆီက – ” ကျွန်တော့်အနေနဲ့ ရာသီကုန်ချိန်မှာ အသင်းကနေ ထွက်ခွာနိုင်တာဖြစ်လို့ ဘာစီလိုနာကလူတွေကို သံသယတွေပျောက်အောင်လုပ်နေတာလားလို့မေးစရာရှိပါတယ်။ဒါပေမယ့်လူတွေကကျွန်တော့်အကြောင်းကိုသိကြကြီး ဒီကိစ္စကဟဘာပြသနာမှ မဟုတ်ဘူးဆိုတာနားလည်ကြပါတယ်။

ကျွန်တော်နဲ့ ဘာစီလိုနာကြားက ခံစားချက်တွေက စာရွက်စာတမ်းတွေ လက်မှတ်တွေထက်ပိုပါတယ်။ဒါဟာကျွန်တော်ဘယ်လို စိတ်ခံစားချက်ရှိတယ်ဆိုတဲ့ အကြောင်းအရာတခုဖြစ်ပြီး ဘာကာမှာရှိနေစဉ်အတွင်းဒါမျိုးအဆင်ပြေပြေနေသွားချင်ပါတယ်။

တဦးချင်းဆုတံဆိပ် ဆိုတာကျွန်တော့်ရဲ့ ပန်းတိုင် မဟုတ်ပါဘူး။ကျွန်တော်အမြဲတမ်း ဒါကိုပြောထားခဲ့ပေမယ့် ထပ်ပြီးပြောတာဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီ ဆုတံဆိပ် တွေ အောင်မြင်မှုတွေဆိုတာ အဓိပ္ပါယ်ရှိတဲ့ အသိအမှတ်ပြုခံရမှုတွေ တော့ဟုတ်ပါတယ်။

အသင်းဖော်တွေအတွက် လည်း ပျော်ရွှင်စရာဖြစ်စေပါတယ်။ဒါပေမယ့် ကျွန်တော်ကတော့ တဦးချင်းဆုတံဆိပ်တွေ ထက် ချန်ပီယံလိဂ် ဆုဖလားတချို့ သို့မဟုတ် ကိုပါအမေရိကဖလား တွေကိုပဲ ပိုပြီး လိုချင်မိတယ်ဆိုတာအမှန်ပါပဲ။

ဒါပေမယ့်လည်း တဦးချင်း ဆုတံဆိပ်တွေချီးမြှင့်ခံရတာဟာကျွန်တော့် တကိုိယ်တည်းအတွက် အထူးစပယ်ရှယ် အခိုက်အတန့်တွေဖြစ်ပါတယ်။ပျော်ရွှင်မှုတွေကို မိသားစုဝင်တွေအပေါ် ခွဲဝေမျှပေးရတာကလည်း ကျေနပ်ပျော်ရွှင်စရာကောင်းပါတယ်။

နောက်ထပ်နှစ်တွေ အများကြီးပိုကစားသွားနိုင်ဖို့ မျှော်လင့်ထားပေမယ့် ကျွန်တော့်အသက်က ၃၃ နှစ်ပြည့်တော့မှာဖြစ်လို့ ကြံ့ခိုင်မှု အနေအထားပေါ်ကို တော့ မူတည်နေပါတယ်။ဒီနေ့ ဒီအချိန်မှာတော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ဘယ်တုန်းကမှ မရှိထားဖူးတဲ့ အတော်လေးကောင်းတဲ့ကြံ့ခိုင်မှုမျိုးရနေပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SM