ယမန်နေ့ ညက ပြုလုပ် သွားတဲ့ ၂၀၁၉ ခုနှစ် အတွက် ရွှေဘောလုံး ဆုပေးပွဲ မှာတော့ ဘာစီလိုနာ နဲ့ အာဂျင်တီးနား တိုက်စစ်မှုး လီယွန်နယ် မက်ဆီ ဟာ သူ့ရဲ့ ကစား သမား ဘဝ မှာ ၆ ကြိမ် မြောက် ရွှေဘောလုံး ဆု ကို ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။ လီဗာပူး နဲ့ နယ်သာလန် ခံစစ်မှုး ဗာဂျယ် ဗန်ဒိုက် က ဒုတိယ ရခဲ့ပြီး ပေါ်တူဂီ နဲ့ ယူဗင်တပ် တိုက်စစ်မှုး ရိုနယ်ဒို က တတိယ နေရာ ကို ရရှိ ခဲ့ ပါတယ် ။

ဒါ့အပြင် ၂၀၁၉ ခုနှစ် အတွက် အကောင်းဆုံး လူငယ် ရွှေဘောလုံးဆု ကို ယူဗင်တပ် နောက်ခံလူ ဒီလစ် က ရရှိ ခဲ့ပြီး အကောင်းဆုံး ဂိုး သမားဆု ကို လီဗာပူး နဲ့ ဘရာဇီး ဂိုး သမား အဲလစ်ဆွန် ဘက်ကာ ၊ အကောင်းဆုံး အမျိုး သမီး ကစား သမား ဆု ကို အမေရိကန် လက်ရွေးစင် ရာပီနိုး တို့ က ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။

၂၀၁၉ – ၂၀ ဘောလုံး ရာသီ ရဲ့ FA Cup Third Round မဲခွဲမှု ကို ယမန်နေ့ ညက ပြုလုပ်သွား ခဲ့ ပါတယ် ။ ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ မဲခွဲမှုရလဒ် ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် –
ချဲလ်ဆီး – နော်တင်ဟမ် ဖောရက်စ်
၀ုဗ် – မန်ချက်စတာ ယူနိုက်တက်
လီဗာပူး – အဲဗာတန်
အာဆင်နယ် – လိဒ် ယူနိုက်တက်
မစ်ဒယ်ဘရော့ – စပါး
မန်စီးတီး – ပို့ဗယ်လီ

မန်ချက် စတာ စီးတီး အသင်း တောင်ပံ ကစား သမားလေး ရာဟမ်း စတာလင် ကတော့ နာမည်ကျော် အားကစား အမှတ်တံဆိပ် Nike နဲ့ ၂၀၂၃ ခုနှစ် အထိ စပွန်ဆာ စာချုပ် သက်တမ်းတိုး ဖို့ နီးစပ်နေပြီ လို့ သိရ ပါတယ် ။ စတာလင် ကို Nike, Puma နဲ့ Air Jordan တို့ က ချိတ်ဆက် ခဲ့တာ ဖြစ်ပြီး အင်္ဂလန် စတား ဟာ Nike နဲ့ ဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ် ပါတယ် ။

စပိန် လက်ရွေးစင် အသင်း ဟာ လာမယ့် ၂၀၂၀ မတ်လ ထဲ မှာ နယ်သာလန် လက်ရွေးစင် အသင်း နဲ့ အမ်စတာဒမ် မှာ ခြေစမ်းပွဲ ကစားဖို့ ရှိ တယ်လို့ သတင်း ကြားသိရ ပါတယ် ။

စီးရီးအေ ကလပ် အင်တာ မီလန် အသင်း ဟာ အဓိက တိုက်စစ်မှုး လူတာရို မာတီနက် ကို ဆက်လက် ထိန်းထား နိုင်ဖို့ ကြိုးစား နေသလို အာဆင်နယ် တိုက်စစ်မှုး အော်ဘားမီးယန်း ကိုလည်း အစားထိုး ဖို့ အတွက် စောင့်ကြည့် နေတယ် လို့ ကြားသိရ ပါတယ် ။

ဆယ်တာဗီဂို အသင်း ရှေ့တန်း လူ ဆန်တီ မီနာ ဟာ လိင်ပိုင်း ဆိုင်ရာ ကျုးလွန် စော်ကား မိမှု အတွက် တရားရင်ဆိုင် ရတော့ မယ်လို့ သတင်း ရရှိ ပါတယ် ။

မန်ချက် စတာ စီးတီး တိုက်စစ်မှုး ဆာဂျီယို အဂွေရို ဟာ လာမယ့် အပတ်မှာ ကစားမယ့် မန်ချက် စတာ ဒါဘီ ကို သေချာ ပေါက် လွဲချော် မှာ ဖြစ်သလို ကွင်းလယ်လူ ဂန်ဒိုဂန် ဟာလည်း ပွဲပယ်ထိ ထားတယ် လို့ သိရ ပါတယ် ။ နယူးကာဆယ် နဲ့ ပွဲ မှာ လူစားလဲ ခဲ့ရတဲ့ ရော့ဒရီ က တော့ ဒီပွဲ ကို ပြန်ကစား နိုင်ချေ ရှိတယ်လို့ သတင်း ရရှိ ပါတယ် ။

ချဲလ်ဆီး ကတော့ တိုက်စစ်မှုးလေး တမ်မီ အေဘရာဟမ် ရဲ့ အခြေအနေ ကို အက်စတွန်ဗီလာ နဲ့ ကစားမယ့် ပွဲ မတိုင်ခင် စစ်ဆေး သွားမယ် လို့ သိရ ပါတယ်။

အစ်တီဟတ် ကွင်းမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက် စတာ ဒါဘီ ကို ကွင်းလယ်ဒိုင် အဖြစ် အန်တိုနီ တိုင်လာ က တာဝန်ယူ ကိုင်တွယ် မှာ ဖြစ်တယ်လို့ သိရပြီး VAR အခန်း မှာတော့ မိုက်ကယ် အိုလီဗာ တာဝန်ကျ မယ်လို့ သိရှိရ ပါတယ် ။

အင်တာ မီလန် ဟာ ဇန်နဝါရီ မှာ အသင်း ကို အင်အား ဖြည့်ဖို့ အတွက် ဘာစီလိုနာ ကွင်းလယ်လူ ဗီဒယ် ကို စိတ်ဝင်စား နေတယ် လို့ ကြားသိရ ပါတယ် ။

ကွမ်ကျိုး အဲဗားဂရန့် အသင်း နဲ့ တရုတ် စူပါလိဂ် ကို အရယူ ခဲ့တဲ့ နည်းပြ ဖေဘီယို ကန်နာဗာရို ကတော့ သူ ဟာ တစ်နေ့နေ့ မှာ အီတလီ လက်ရွေးစင် အသင်း ကို နည်းပြ အဖြစ် လုပ်ကိုင် ဖို့ ဆန္ဒ ရှိကြောင်း ပြောဆို သွားခဲ့ ပါတယ် ။

ဆွစ်ဇာလန် နိုင်ငံ ဟာ နာမည်ကျော် တင်းနစ် ကစားသမားကြီး ရော်ဂျာ ဖက်ဒါရာ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ဖက်ဒါရာ ရဲ့ ရုပ်ပုံ နဲ့ သူ ရယူ ခဲ့တဲ့ ဂရင်းစလမ်း အရေ အတွက် တို့ ကို ငွေဒင်္ဂါး အဖြစ် ထုတ်ဝေတော့မယ် လို့သိရ ပါတယ် ။ ဒီ ဒင်္ဂါး ဟာ ဆွစ်ဖရန့် ၂၀ ( ၁၆ ဒေါ်လာ – မြန်မာငွေ ၂၄၀၀၀ ) တန်ဖိုး ရှိမယ်လို့ သိရ ပါတယ် ။

အိုလီ ဂန်နာ ဆိုးရှား ဟာ ယူနိုက်တက် ရဲ့ အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်ပြီး နောက်ပိုင်း မှာ နိုင်ပွဲ ၆ ပွဲ ( ပရီးမီးယားလိဂ် ) သာ ရယူ ထားခဲ့ ပြီး ရလဒ်တွေ ဆိုးရွား နေပေမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း ပိုင်ရှင်တွေ ကတော့ ထုတ်ပယ် ဖို့ စိတ်ကူး မရှိ သေးဘဲ စောင့်ကြည့် ဦးမယ်လို့ သိရှိ ရ ပါတယ် ။

စပါး အသင်း နည်းပြ အဖြစ် ကနေ ထုတ်ပယ် ခံ ရအပြီး မှာ ပိုချက်တီနို ဟာ ဇာတိမြေ အာဂျင်တီးနား ကို ပြန်သွား ပြီး ၁၀ ရက်ခန့် အနားယူ နေခဲ့တယ် လို့ သိရ ပါတယ် ။ လက်ရှိ မှာတော့ ပိုချက်တီနို ဟာ ဥရောပ ကို ပြန်ရောက် လာခဲ့ပြီး “ကျွန်တော့ အတွက် ရည်ရွယ်ထားတဲ့ စီမံကိန်းတွေ ရှိရင် နားထောင်ကြည့်ချင် ပါတယ်” လို့ ထုတ်ဖော် ပြောဆို ခဲ့တာ ကြောင့် ဇန်နဝါရီ မတိုင်ခင် မှာ အသင်းသစ် ကို ကိုင်တွယ်ခွင့် ရနိုင်လောက် တယ် လို့ သုံးသပ်မှုတွေ ပေါ်ထွက် လာခဲ့ ပါတယ် ။

SPORTS MYANMAR