လီဗာပူး အသင်း ရဲ့ ဂိုး သမား အဲလစ်ဆွန် ဘက်ကာ ဟာ ယမန်နေ့ ညက ပြင်သစ် နိုင်ငံ ပဲရစ်မြို့ ကို သွား ရောက်ခဲ့ပြီး ပြင်သစ် ဘောလုံး မဂ္ဂဇင်း က ပေးအပ် ချီးမြှင့်တဲ့ ၂၀၁၉ ခုနှစ် အတွက် အကောင်းဆုံး ဂိုး သမား ဆု ကို လက်ခံ ရယူ ခဲ့ ပါတယ် ။ အဲလစ်ဆွန် ဟာ ယမန်နှစ် က လီဗာပူး နဲ့ ချန်ပီယံ လိဂ် ရခဲ့ သလို ဘရာဇီး နဲ့ လည်း ကိုပါ အမေရိက ဖလား ကို ရယူနိုင် ခဲ့တာ ကြောင့် သူ့ အတွက် ဒီဆု ဟာ ချွင်းချက် မရှိ ထိုက်တန်ခဲ့ ပါတယ် ။

France Football ဟာ ဘောလုံး ကမ္ဘာ ရဲ့ ဂုဏ်သိက္ခာ ကြီးမားတဲ့ ရွှေဘောလုံး ( Ballon D’or ) ဆု ကို နှစ်စဉ် ပေးအပ် ချီးမြှင့် နေခဲ့ ရာကနေ ယမန်နှစ် က စလို့ အကောင်းဆုံး လူငယ် ဆု နဲ့ အကောင်းဆုံး အမျိုးသမီး ဆု တို့ကို ထည့်သွင်း ချီးမြှင့် ခဲ့ ပါတယ် ။

ဒီနှစ် မှာတော့ တစ်နှစ်တာ အတွက် အကောင်းဆုံး ဂိုး သမား ဆု ကို ယာရှင်ဆု ( ဆိုဗီယက် ဂိုးသမားကြီး လက်ဗ် ယာရှင် ကို ဂုဏ်ပြုတဲ့ အနေဖြင့် ) ကို ပေးအပ် ခဲ့ပြီး အဲလက်ဆွန် ဘက်ကာ က ရရှိ သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ပဲရစ်မြို့က ဆုပေးပွဲ စင်မြင့် ထက် မှာ ဆုကို လက်ခံ ရယူ အပြီး မှာတော့ အဲလစ်ဆွန် ဟာ ကျေးဇူးတင် ထိုက် သူတွေ ကို ကျေးဇူး တင် စကား ပြောဆို ခဲ့ ပါတယ် ။ အဲ့ဒီ နောက် မှာတော့ ဘရာဇီးသား ဟာ လေးစား ထိုက်လောက် တဲ့ စကားအချို့ ကို ပြောဆို သွားခဲ့ ပါတယ် ။ အဲ့ဒါ ကတော့ နောင်လာမယ့် နှစ်တွေ မှာ အမျိုးသမီး ဂိုး သမား ဆု ကို ထည့်သွင်း ချီးမြှင့် ပေးဖို့ တောင်းဆို ခဲ့တာ ပါပဲ ။

France Football ဟာ အမျိုးသမီး ဘောလုံး ကဏ္ဍ အတွက် တစ်နှစ်တာ အကောင်းဆုံး ဆု ကို ယမန်နှစ် က စပြီး ပေးအပ် ခဲ့ ပါတယ် ။ လိုင်ယွန် စတား အာဒါ ဟီဂါဘတ် က ပထမဆုံး ဆုရှင် ဖြစ်ခဲ့ ပြီး ယခု နှစ် မှာတော့ အမေရိကန် လက်ရွေးစင် ဒု-ခေါင်းဆောင် မီဂန် ရာပင်နိုး က ရရှိ သွားခဲ့ ပါတယ် ။

ဒါပေမယ့် အဲလက်ဆွန် ဘက်ကာ က တော့ အမျိုးသမီး အားကစား သမားတွေ ကို ဒီထက် ပိုပြီး ချီးမြှောက်သင့် တယ်လို့ ယူဆ ခဲ့ကာ လာမယ့် နှစ် ဆုပေးပွဲ မှာ အကောင်းဆုံး အမျိုးသမီး ဂိုးသမား ဆု ကို ထည့်သွင်း ပေးအပ် ဖို့ တောင်းဆို ခဲ့တာ ဖြစ် ပါတယ် ။

“ကျွန်တော်တို့ ဟာ အရာ အားလုံး ကို တန်းတူ ညီမျှ ဖြစ်အောင် ကြိုးစား နေကြတာပါ ။ ဘာလို့ အမျိုး သမီး ဂိုး သမား ဆု ကို မထည့်ပေး နိုင် ရမှာလဲ ? ဒါဟာ တကယ် ကို ကောင်းတဲ့ မေးခွန်း တစ်ခု ပါ ။ လာမယ့် နှစ်တွေ မှာ ဂိုး သမား ဆု အတွက် ကျား/မ အတူ တကွ အောင်ပွဲ ခံနိုင် လိမ့်မယ် လို့ မျှော်လင့် ပါတယ်” လို့ သတင်း ထောက် တစ်ဦး ရဲ့ မေးမြန်းမှု ကို အဲလစ်ဆွန် က ဖြေကြား သွားခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒါ့အပြင် လီဗာပူး ကို ပြောင်းရွှေ့ လာရမှု မှာ လက်ရှိ ယူဗင်တပ် ဂိုးသမား ဆက်ဇ်နီ ကို ပိုမို အလေးပေးမှု တွေ ပါ၀င် ခဲ့ သလားဆိုတဲ့ မေးခွန်း ကိုလည်း အဲလစ်ဆွန် က ပါးပါးနပ်နပ် နဲ့ ဖြေဆို သွားခဲ့ ပါတယ် ။ အဲလစ်ဆွန် ဟာ ဆက်ဇ်နီ ယူဗင်တပ် ကို ပြောင်းရွှေ့ သွားအပြီး မှာ ရိုးမား ရဲ့ နံပါတ် ၁ ဖြစ်လာ ခဲ့ပြီး တောက်ပ တဲ့ လက်စွမ်း တွေကြောင့် နောက်ရာသီ မှာပဲ လီဗာပူး ကို ရောက်ရှိ လာခဲ့ တာ ဖြစ် ပါတယ် ။

“ကျွန်တော် က ပွဲတွေ အများကြီး ကစား ချင် ခဲ့ ပါတယ် ။ ဒါပေမယ့် ဆက်ဇ်နီ က ကျွန်တော့ အရင် ရိုးမား ကို ရောက် နေခဲ့တာပါ ။ ကျွန်တော့ အရင် ကစားနေ ခဲ့ သလို လက်စွမ်းတွေ လည်း ပြနိုင် ခဲ့ ပါတယ် ။ ဒါကြောင့် နည်းပြ ရဲ့ ဆုံးဖြတ်ချက် ကို လေးစား လိုက်နာ ခဲ့ ပါတယ် ။ အခု ကျွန်တော်လည်း ကိုယ် ဘာလုပ်နိုင်တယ် ဆိုတာ ကို အကောင်းဆုံး ကြိုးစားပြသ နေပါပြီ” လို့ အဲလစ်ဆွန် က ဖြေကြား သွားခဲ့ ပါတယ် ။

SPORTS MYANMAR