၂၀၁၉ ခုနှစ် ရွှေဘောလုံး ဆုပေးပွဲ ညခြမ်း ကတော့ လီယွန်နယ် မက်ဆီ နဲ့ သူ့ရဲ့ ပရိသတ်တွေ အတွက် ပျော်ရွှင် စရာ ညခြမ်း ဖြစ် ခဲ့ ပါတယ် ။ ပြင်သစ် နိုင်ငံ ပဲရစ်မြို့ မှာ ပေးအပ် ချီးမြှင့် ခဲ့တဲ့ ၂၀၁၉ ခုနှစ် ရွှေဘောလုံး ဆု ပေးပွဲ မှာ မက်ဆီ က အဓိက ပြိုင်ဘက် ဗန်ဒိုက် ကို ကျော်ဖြတ် ပြီး သူ့ရဲ့ ကစား သမား ဘဝ မှာ ၆ ကြိမ် မြောက် အဖြစ် ရယူ သွားခဲ့ ပါတယ် ။

အဆိုပါ ဆု ကို ယမန်နှစ် ရွှေဘောလုံး ဆုရှင် လူကာ မိုဒရစ် က မက်ဆီ ကို လွှဲပြောင်း ပေးအပ် ခဲ့တာ ဖြစ် ပါတယ် ။ ဒီလို လွှဲပြောင်း ပေးအပ် ခဲ့ရာမှာ မက်ဆီ ကို မိုဒရစ် က ချီးကျူး စကား ဆိုသွား ခဲ့ တာ ကြောင့် ဘာစီလိုနာ အသင်း ရဲ့ ပြန်လည် ချီးကျုး ဂုဏ်ပြုမှု ကို ခံ ခဲ့ရ ပါတယ် ။

ဘာစီလိုနာ နဲ့ ရီးရဲ မက်ဒရစ် တို့ ဟာ စပိန် လာလီဂါ ရဲ့ ခါးသီးတဲ့ မဟာ ပြိုင်ဘက် တွေ ဖြစ်ကြ သလို မက်ဒရစ် နဲ့ ကတ်တလန် ဒေသ ( ဘာစီလိုနာ အသင်း အခြေစိုက်ရာ ) တို့ အကြားက နိုင်ငံ ရေး ကိစ္စ ရပ်တွေ ကလည်း အသင်း ၂ သင်း ကို ပြိုင်ဆိုင်မှု ပိုမို ပြင်းထန် စေခဲ့ ပါတယ် ။

ဘာစီလိုိနာ ကစား သမားတွေ ဟာ မက်ဒရစ် ကစား သမားတွေ အကြောင်း အကောင်း ပြောခဲ သလို မက်ဒရစ် ကစား သမားတွေ ကလည်း ဘာစီလိုနာ ကစား သမားတွေကို ချီးကျုး ခဲလှ ပါတယ် ။ မက်ဆီ ကို အရမ်း သဘောကျ ခဲ့ဖူးတဲ့ ဟာဇက် ဟာ ရီးရဲ မက်ဒရစ် အသင်း ကို ပြောင်းရွှေ့ သွားပြီးနောက် မှာတော့ ရွှေဘောလုံး ဆု ကို လီဗာပူး ကစား သမားတွေ ရသင့်တယ်လို့ ထုတ်ဖော် ပြောဆို ခဲ့ဖူး ပါတယ် ။

ဒါပေမယ့် ယမန်နေ့ ညက ဆုပေးပွဲ မှာတော့ မိုဒရစ် က မက်ဆီ ကို ရွှေဘောလုံးဆု လွှဲပြောင်း ပေးအပ် ချိန် မှာ “ဂုဏ်ယူပါတယ် ။ မင်း က တကယ် ထိုက်တန် သူပါ” လို့ ပြောဆို ခဲ့ သလို “ဘောလုံး နဲ့ အားကစား ဆိုတာ ဟာ အနိုင် ရဖို့ ချည်းပဲ မဟုတ်ပါဘူး ။ အသင်းဖော် တွေ ၊ ပြိုင်ဘက်တွေ ကို လေးစားမှု ရှိဖို့ လည်း ပါပါတယ်” လို့ တွစ်တာ ကနေ ရေးသား ခဲ့ ပါတယ် ။

ဒါ့ အပြင် မိုဒရစ် ဟာ ဆုပေးပွဲ စင်မြင့် ပေါ် ကနေ “မက်ဆီ ဟာ တကယ့်ကို အံ့ဖွယ် ပါပဲ ။ သမိုင်း တစ်လျောက် အကောင်းဆုံး တွေထဲ က တစ်ယောက် ပါ ။ သူ ရယူ လုပ်ဆောင် ခဲ့တာ တွေအတွက် ကျွန်တော် တကယ်ပဲ ဂုဏ်ပြု လိုပါတယ် ။ ဒီလိုမျိုး ဆုရှင်ဟောင်း က ဆုရှင်သစ် ကို လွှဲပေးရတဲ့ ပုံစံ ဟာ တကယ်ကောင်းတဲ့ အလေ့ အထပါပဲ” လို့ ပြောဆို သွားခဲ့ ပါတယ် ။

မိုဒရစ် ရဲ့ ဒီလို ကောင်းမွန်တဲ့ အပြု အမူ နဲ့ စိတ်ထား တွေ ဟာ မက်ဆီ ရဲ့ ဘာစီလိုနာ အသင်း ကို ပျော်ရွှင် ကျေနပ် စေခဲ့ ပါတယ် ။ ဘာစီလိုနာ ရဲ့ တရားဝင် တွစ်တာ အကောင့်ဟာ မက်ဆီ ကို ဆုပေး နေတဲ့ မိုဒရစ် ရဲ့ ပုံအောက် မှာ “တကယ့် လူကြီးလူကောင်း စိတ်ထား ရှိတဲ့ သူပါပဲ” လို့ ရေးသား ဂုဏ်ပြု ခဲ့ ပါတယ် ။

ရီးရဲ နဲ့ ဘာစီလိုနာ တို့ အကြား မှာ ပြင်းထန် ခါးသီးတဲ့ အားပြိုင်မှုတွေ ရှိ ခဲ့ပါတယ် ။ နောင်လည်း ရှိနေ ဦးမှာ ပါပဲ ။ ဒါပေမယ့် ဒီလို အားပြိုင်မှု တွေ အကြား မှာ ပြိုင်ဘက် ပရိသတ်တွေ က ချစ်ခင် နှစ်သက် ခြင်း ကို ရရှိ ခဲ့တဲ့ ကစား သမားတွေ လည်း ရှိခဲ့ ဖူးကြ ပါတယ် ။ လူကာ မိုဒရစ် ဟာ ဒီ ကစား သမားတွေ ထဲက တစ်ယောက် ဖြစ်လာ ခဲ့ရ ပါပြီ ။

SPORTS MYANMAR