ဂန်းနား တိုက်စစ်မှူးဟောင်း အလန်စမစ် က ( ၁၉၈၇ – ၁၉၉၅ အထိ ကစားခဲ့သူပါ ။ ) က အာဆင်နယ် အသင်း အနေနဲ့ မန်စီးတီး အသင်း လက်ထောက် နည်းပြ အာတီတာ ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်နိုင်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ နည်းပြ အူနိုင်း အမ်မရီ နေရာမှာ အစားထိုးဖို့ စပါးနည်းပြဟောင်း ပိုချက်တီနို ၊ လက်စတာ နည်းပြ ဘရန်ဒန်ရော်ဂျာ ၊ မန်စီးတီး လက်ထောက်နည်းပြ အာတီတာ ၊ ဝုလ်ဗ် နည်းပြ နူနို ဆန်တိုစ့် ၊ ဂျူဗင်တပ်စ် နည်းပြဟောင်း အယ်လီဂရီ တို့ကို ပစ်မှတ်ထားနေတယ်လို့ သတင်းတွေမှာ ဖော်ပြ နေကြပါတယ် ။

အာဆင်နယ် တိုက်စစ်မှူးဟောင်း အလန်စမစ် ကတော့ မန်စီးတီး နည်းပြ ဂွာဒီယိုလာ ရဲ့ လက်ထောက် အာတီတာ ဟာ အာဆင်နယ် နည်းပြ ရာထူးနဲ့ အသင့်တော်ဆုံးသူ ဖြစ်ကြောင်း ထောက်ခံ ပြောကြား လိုက်ပါတယ် ။

စပိန် ကွင်းလယ်လူဟောင်း အာတီတာ ဟာ အာဆင်နယ် အသင်းမှာ ငါးနှစ်ကြာ ကစားခဲ့ပြီး ပွဲပေါင်း ၁၅၀ ကျော် ကစား ပေးခဲ့ပါတယ် ။၂၀၁၆ ခုနှစ် နွေရာသီ မှာတော့ အာတီတာ ဟာ ဘောလုံး ကစားသမား ဘဝကနေ အနားယူ ခဲ့ပြီး မန်စီးတီး နည်းပြ ဂွာဒီယိုလာ ရဲ့ လက်ထောက် အဖြစ် စတင် လုပ်ကိုင်ခဲ့ပါတယ် ။

အလန်စမစ် က Sky Sports မှာ ” အာဆင်နယ် အသင်း အနေနဲ့ ရဲရင့် ၊ ငယ်ရွယ်ပြီး တိုးတက်တီထွင်နိုင်တဲ့ နည်းပြမျိုးကို ခန့်အပ် သင့်ပါတယ် ၊ ကျနော်ကတော့ မီခေးလ် အာတီတာ ကို သဘောကျ ပါတယ် ။ ”

” အာဆင်နယ် ပရိသတ်တွေက သူ(အာတီတာ) က နည်းပြမှ မလုပ်ဖူးသေးတာ ဖြစ်ပါ့မလားလို့ ပြောနေတာကြတာကို သိပါတယ် ။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ ယုံကြည်ရလောက်တဲ့ အတွေ့အကြုံ​တွေ ရှိတဲ့သူမျိုးကို လိုအပ်ပါတယ် ။ ”

” ဒါပေမယ့် သူ(အာတီတာ) က အချိန်တိုလေး အတွင်းမှာပဲ ထိပ်တန်း နည်းပြ ဖြစ်လာနိုင်သူပါ ၊ အာဆင်နယ် သာ သူ့ကို မခေါ်ရင် တခြား အသင်းတစ်သင်းက ခေါ်သွားမှာပါ ၊ ဂွာဒီယိုလာ သာ မန်စီးတီး ကနေ ထွက်ခွာသွားရင် သူ(အာတီတာ) က နည်းပြ ဖြစ်လာနိုင်ချေ ရှိပါတယ် ။ ”

” မန်စီးတီးမှာ သူ အလုပ်လုပ်တာကို ပြန်ကြား ရသလောက်ကတော့ လေ့ကျင့်ရေးကွင်းမှာ အပြင်းအထန် လေ့ကျင့်ခိုင်းပြီး ကစားသမားတွေရဲ့ လေးစားမှုကိုလည်း အပြည့်အဝ ရယူထားနိုင်သူပါ။ ”

” ဒီဘရိုင်း၊စတာလင်တို့ တိုးတက်လာတာ သူ့ကြောင့်လို့ ထင်ပါတယ် ၊ သူက တကယ်တော်ပါတယ် ၊ အာဆင်နယ်မှာလည်း ကစားဖူးတော့ ကျနော်ကတော့ သူ့ကိုပဲ နည်းပြ အဖြစ် ရွေးချယ် ချင်ပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR