တချိန် က ချယ်လ်ဆီး အသင်း ရဲ့ ညာနောက်ခံလူ ဟောင်း တဦး ဖြစ်ခဲ့တဲ့ လက်ရှိ ၊ ရုရှား ကလပ် ဇင်းနစ် အသင်း ရဲ့ နောက်ခံလူ တဦး ဖြစ်တဲ့ ဘရန်နီ ဆလက်ဗ် အိုင်ဗန်နိုဗစ်ချ် ဟာ The Athletics နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာ ချယ်လ်ဆီး ကစားသမား ဘဝ ရဲ့ အစောပိုင်း ကာလ အကြောင်း နဲ့ ဟိုဆေး မော်ရင်ဟုုိ နဲ့ ၄င်းရဲ့ အကြား ဆက်ဆံရေး တွေကို အခုလိုပဲ ဖွင့်ဟ ပြောကြား လာခဲ့ပါတယ် ။

အိုင်ဗန်နိုဗစ်ချ် က ” လူတွေ ကတော့ ဟိုဆေး ကို Special One လို့ ခေါ်ကြပါတယ် ။ ဒါပေမယ့် ကျွန်တော် ကတော့ သူ့ကို Perfect One လို့ပဲ အမြဲ မှတ်ယူ ခဲ့တာပါ ။ သူ ချယ်လ်ဆီး ကို ဒုတိယ တကြိမ် ပြန်ရောက်လာတဲ့ အခါ ၊ သူ့ကို ချယ်လ်ဆီး ပရိသတ် တွေ အားလုံး အုတ်အုတ်ကျက်ကျက် ကြိုဆို ခဲ့ကြတာ ကို ခင်ဗျား တို့လည်း မြင်တွေ့ ခဲ့ဖူးမှာပါ ။ ”

” ဟိုဆေး ချယ်လ်ဆီး ကို ဒုတိယ အကြိမ် ပြန်ရောက် လာခဲ့တာ ၊ ကလပ် အတွက်ရော ၊ ပရိသတ် တွေ အတွက်ပါ ကြီးမားတဲ့ အရာ တခု ဖြစ်ခဲ့ပါတယ် ။ သူ ပြန်လာခဲ့တုန်း က ကျွန်တော် တို့ သူနဲ့ ပတ်သက်ပြီး အတော်လေး စိတ်လှုပ်ရှား ခဲ့ကြပါတယ် ။ သူ့ရဲ့ အကြောင်း တွေကို ပထမဆုံး အကြိမ် သူ ချယ်လ်ဆီး အသင်း ကို ကိုင်တွယ် ခဲ့စဉ်က လက်တွဲ ခဲ့ဖူးတဲ့ အသင်းသား တွေဆီကနေ တဆင့် ကြားခဲ့ရပါတယ် ။ ”

” အဲ့ဒီ အတွက်ကြောင့် သူနဲ့ အလုပ် တခါ မှ မလုပ်ခဲ့ဖူးတဲ့ ကျွန်တော် တို့လို ကစားသမားသစ် တွေလည်း အဲ့ဒီ အပေါ် အတော်လေး စိတ်လှုပ်ရှား ခဲ့ကြပါတယ် ။ သူ ပြန်လာတဲ့ အတွက် ၊ ကျွန်တော် တို့တွေ ဆုဖလား တွေကို ပြန်လည် စိန်ခေါ်နိုင်ဖို့ ဆန္ဒ တွေ ပြင်းပြ ခဲ့ကြပါတယ် ။ သူ ရောက်လာတာ တပတ် လောက်ပဲ ရှိသေးတဲ့ အချိန် အတွင်း မှာတောင် ကျွန်တော် က အသင်းဖော် တွေကို ‘ ငါတို့ ဟိုဆေး နဲ့ အတူ ချန်ပီယံဆု တွေ ရယူတော့မယ် ‘ လို့တောင် ကြွေးကြော် ခဲ့ဖူးပါတယ် ။ ”

” ခင်ဗျား တို့ဟာ သူ့ရဲ့ အလုပ် ကြိုးစားပုံ ၊ အလုပ် အပေါ် အပြည့်အဝ အာရုံစိုက်ပုံ တွေကို မြင်တွေ့ ရမှာပါ ။ သူဟာ အသင်း နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် တွေက အစ အရမ်း ဂရုစိုက် တတ်ပါတယ် ။ သူ ကိုယ်တိုင် ဆုံးဖြတ်ချက် တွေကို ပြတ်ပြတ်သားသား ချတတ်ပြီး ၊ ကျွန်တော် တို့ အသင်း မှာ နောက်ထပ် ကစားသမား အပြောင်းအလဲ အနည်းငယ် ထပ်လုပ်ပေးခဲ့ပြီး ၊ ၂နှစ် အတွင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ကို ပြန်လည် ရယူ ပေးနိုင် ခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အိုင်ဗန်နိုဗစ် ဟာ ထိုစဉ် ကာလ အတွင်း မှာ ပရီးမီးယားလိဂ် ရဲ့ အကောင်းဆုံး ညာနောက်ခံလူ တဦး အဖြစ် ရပ်တည် ခဲ့ကာ ၊ ချယ်လ်ဆီး အသင်း အတွက် အဆုံးအဖြတ် ဂိုးတွေ ၊ အရေးပါတဲ့ သွင်းဂိုး တွေလည်း မကြာခဏ ဆိုသလို သွင်းယူ ပေးခဲ့ဖူးပါတယ် ။ The Athletics နဲ့ တွေ့ဆုံ ခဲ့တဲ့ အင်တာဗျူး မှာပဲ အိုင်ဗန်နိုဗစ်ချ် က ၂၀၀၈ ခုနှစ် ၊ အေဗရန် ဂရန့် လက်ထက် က ချယ်လ်ဆီး အသင်း ဟာ အတောင့်တင်းဆုံး ပဲ လို့ ဖွင့်ဟ လာခဲ့ပါတယ် ။

အိုင်ဗန်နိုဗစ်ချ် က ” ကျွန်တော့ အတွက် ကတော့ ၂၀၀၈ ခုနှစ် ချယ်လ်ဆီး အသင်း ဟာ ကလပ် သမိုင်း တလျှောက် မှာ အင်အား အကြီးဆုံး ပါပဲ ။ အဲ့ဒီတုန်း က ကျွန်တော် တို့ အသင်း ဟာ တခြား ဘယ် ပြိုင်ဖက် မဆို လွယ်လွယ်ကူကူ အနိုင်ယူ နိုင်ခဲ့ပါတယ် ။ ဒီိလို အင်အား တောင့်တင်းတဲ့ အသင်း တသင်း မှာ နေရာ ရဖို့ ဆိုတာ အတော် မလွယ်ကူ ခဲ့ပါဘူး ။ ”

” အဲ့ဒီတုန်းက ချယ်လ်ဆီး အသင်း ဟာ ပွဲ အများကြီး ကစားခဲ့ရပေမယ့် အမှတ်လျော့တယ် ဆိုတာ အတော် နည်းပါး ခဲ့ပါတယ် ။ နေရာစုံ မှာ အကောင်းဆုံး လည်ပတ် နိုင်သလို ၊ ဥရောပ ရဲ့ အကောင်းဆုံး ကလပ် အသင်း တသင်း အနေနဲ့ ရပ်တည် ခဲ့တာပါ ။ အဲ့ဒီတုန်း က ကျွန်တော် ဟာ ချယ်လ်ဆီး ကို စရောက်ရောက်ချင်း ဖြစ်တာကြောင့် ကျွန်တော့ အဖို့ နေရာ ရဖို့ အရမ်း ခက်ခဲမယ် ဆိုတာ ကြိုသိထားခဲ့တာပါ ။ ကျွန်တော့ အတွက် အသင်း မှာ နေရာ ရဖို့ လုံလောက် တဲ့ အံဝင်ခွင်ကျမှု လိုအပ် ခဲ့ပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR