ဒီတစ်ပါတ် ကြားပွဲ အဖြစ် ကစား ရမယ့် ပရီးမီးယား ပွဲစဉ် 15 မှာတော့ ဘောလုံး ပရိသတ် အများစု ကို ဆွဲဆောင် နိုင်မယ့် ပွဲစဉ် က အိုးလ် ထရပ်ဖို့ဒ် မှာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့ စပါး တို့ ရင်ဆိုင် ကစား ကြ ရမယ့် ပွဲစဉ် ပါပဲ ။

ဒီပွဲ မှာတော့ ရလဒ် တွေ ဆက်တိုက် ဆိုးရွား နေ ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် အနိုင် ရလဒ် ရယူ နိုင်ဖို့ အထူး ကြိုးစား အားထုတ် ရမှာ ပဲ ဖြစ်ပါတယ် ။ ယူနိုက်တက် ဟာ ရှက်ဖီး ယူနိုက်တက် ၊ အက်စတွန် ဗီလာ တို့နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် တွေမှာ အနိုင် ရလဒ် ပိုင်ဆိုင် နိုင်ဖို့ ရုန်းကန် ခဲ့ရ ပါတယ် ။

လက်ရှိ အချိန် မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အဆိုပါ ရလဒ် တွေကြောင့် ပွဲစဉ် 14 အပြီး 4 ပွဲ နိုင် ၊ 6 ပွဲ သရေ ၊ 4 ပွဲ ရှုံး ဆိုတဲ့ မှတ်တမ်းဆိုး တွေနဲ့ အတူ ရမှတ် 18 မှတ် သာ ရယူ ထားနိုင် သေးပြီး အမှတ်ပေး ဇယား အဆင့် 9 နေရာ မှာ ရှိနေ ခဲ့ရ ပါတယ် ။

အခြား တစ်ဖက် မှာတော့ ဟိုဆေး မော်ရင်ဟို ကို နည်းပြသစ် အဖြစ် ခန့်အပ် ခဲ့တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ ပေါ်တူဂီ သားရဲ့ လက်အောက် မှာ ကစား ခဲ့တဲ့ ပွဲစဉ် 3 ပွဲ လုံးကို ရာနှုန်းပြည့် နိုင်ပွဲ ရရှိ လေအောင် စွမ်းဆောင် ပြထား နိုင်ခဲ့ ပါတယ် ။

ထို့အတူ တော့တင်ဟမ် ဟော့ စပါး အသင်း ဟာ ယူနိုက်တက် ကို ကျော်ဖြတ် ပြီး ရမှတ် 20 စုဆောင်း နိုင် ခဲ့မုှ နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 5 နေရာ ကို တက်လှမ်း သွားနိုင် ခဲ့ပြီး ကစားသမား တွေ ဟာလည်း နည်းပြ သစ် လက်အောက် မှာ ကောင်းမွန် တဲ့ ရလဒ် တွေနဲ့ အတူ နောက်ထပ် ပွဲစဉ် တွေ အတွက် တက်ကြွ နေကြ ပါတယ် ။

ဟိုဆေး မော်ရင်ဟို ဖက်က ကြည့်လိုက် ရင်တော့ ဒါဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ တုန်းက သူ့ကို ထုတ်ပယ် ခဲ့တဲ့ အသင်း ဟောင်းကို ရင်းနှီးတဲ့ ကွင်းမှာ ပြိုင်ဖက် အဖြစ် ပြန်လည် ရင်ဆိုင် ရမယ့် ပွဲစဉ် ပါပဲ ။ ဒါ့ကြောင့် သူဟာ ဒီပွဲ ကို အနိုင် ရယူ နိုင်ဖို့ တက်စွမ်း သမျှ ဗျူဟာ စုံလင်စွာ အသုံးပြု သွားမှာ အသေအချာ ပါပဲ ။

အကယ်လို့ ဟိုဆေး မော်ရင်ဟို သာ အိုးလ် ထရပ်ဖို့ဒ် မှာ ယူနိုက်တက် ကို အနိုင်ယူ နိုင်မယ် ဆိုရင် သူဟာ မတူညီ တဲ့ ပရီးမီးယားလိဂ် ကလပ် အသင်း နှစ်ခု နဲ့ ဒီကွင်း မှာ နိုင်ပွဲ ရယူ နိုင် ခဲ့တဲ့ တတိယမြောက် နည်းပြ ဖြစ် လာပါ လိမ့်မယ် ။ ယခင် တုန်းကတော့ မာတင် အိုနေးလ် နဲ့ ရာဖာ ဘင်နီတက်ဇ် တို့ဟာ ဒီ မှတ်တမ်း ကောင်းကို ပိုင်ဆိုင် ထားခဲ့ ကြဖူး ပါတယ် ။

ဟိုဆေး မော်ရင်ဟို ကတော့ 2005 ခုနှစ် တုန်းက ချဲလ်ဆီး အသင်း ကို ကိုင်တွယ် ခဲ့စဉ် အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ 1 – 3 ဆိုတဲ့ ရလဒ် နဲ့ ယူနိုက်တက် ကို အနိုင်ယူ ကျော်ဖြတ် ခဲ့ဖူး သူပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် ဒီပွဲကို အနိုင် ရယူ နိုင်မယ် ဆိုရင် သူဟာ နောက်ထပ် မှတ်တမ်း ကောင်း တစ်ခု ကို ပိုင်ဆိုင် နိုင်ပါ လိမ့်မယ် ။

ဒါ့အပြင် ယူနိုက်တက် ကို အနိုင် ယူနိုင် ခဲ့ ပါက ဟိုဆေး မော်ရင်ဟို ဟာ တော့တင်ဟမ် ဟော့ စပါး အသင်းရဲ့ သမိုင်း တစ်လျောက် ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ စတင် ကိုင်တွယ် ခဲ့တဲ့ ပွဲစဉ် 3 ပွဲ လုံးကို အနိုင်ယူ နိုင် ခဲ့တဲ့ ပထမဆုံး သမိုင်းဝင် နည်းပြ ဖြစ်လာ ပါ လိမ့်မယ် ။

ဒါ့ကြောင် အိုးလ် ထရပ်ဖို့ဒ် က ပွဲစဉ် ဟာ မော်ရင်ဟို အတွက် တော့ တက်စွမ်း သမျှ အနိုင် ရရှိ နိုင်အောင် ကစား ရမယ့် ပွဲစဉ် တစ်ပွဲ အဖြစ် ရှိနေ ပါတယ် ။ မော်ရင်ဟို ဟာ ဒီ မှတ်တမ်း တွေကို ပိုင်ဆိုင် နိုင်မလား ဆိုတာ ကတော့ ……

#Sports_Myanmar