မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ခံစစ် ကစားသမား ဟောင်း ဖြစ်သူ ကလေတန် ဘလက်မိုး က အသင်းဟောင်း အနေနဲ့ ဂျာမန် ဘွန်ဒက်စ် လီဂါ မှာ ဘိုင်ယန် မြူးနစ် အသင်းနဲ့ အတူ အထူး ခြေစွမ်း ကောင်းပြ ဂိုးတွေ သွင်းယူ နေတဲ့ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီး ကို ခေါ်ယူဖို့ အတွက် အကြံပေး သွားခဲ့လိုက် ပါတယ် ။

” သူတို့ အနေ နဲ့ လူငယ် ကစားသမား လေးတွေ သင်ယူမှု ပြုလုပ် နိုင် ကြမယ့် ထိပ်တန်း တိုက်စစ် ကစားသမား တစ်ဦး ကို လိုအပ် နေကြ ပါတယ် ။ ဒီအတွက် ဘိုင်ယန် မြူးနစ် အသင်း မှ ရောဘတ် လီဝန်ဒေါစကီး ရောက်ရှိ လာဖို့ အတွက် ကျွန်တော် မျှော်လင့် နေ ပါတယ် ”

” သူဟာ အသက် 31 နှစ် ရှိနေ ပါပြီ ။ ဒါပေမယ့် ဂိုးတွေကို အပျင်းပြေ သွင်းယူ ပြနေ သလို ပါပဲ ။ အကယ်လို့ ဇလာတန် အီဗရာဟီ မိုဗစ် လာမယ် ဆိုရင် လည်း ကျွန်တော် ပျော်ရွှင်ခဲ့ မိမှာပါ ။ ကျွန်တော် တို့ လူကာကူ ကို အင်တာ မီလန် ဆီ ရောင်းချ လိုက်ခြင်း ဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက် တစ်ရပ် ပါပဲ ။ ကျွန်တော် ကတော့ အဲ့ဒီ နေရာကို ဆိုးလ်ရှား အနေ နဲ့ လူပြန်ဖြည့် ရမယ်လို့ တွေးနေ ပါတယ် ”

” သူ ( ဆိုးလ်ရှား ) အနေ နဲ့ နွေ ကတည်းက လူကာကူ ရဲ့ နေရာ ကို ကြိုတင် အစားထိုး ၊ ဒါမှမဟုတ် လူသစ် ရှာ မတွေ့ ခဲ့ရင် သူ့ကို မရောင်းပဲ နေခဲ့ ရမှာပါ ။ လက်ရှိ အချိန် မှာတော့ လူငယ် ကစားသမား လေးတွေ ကို အကူအညီ ပေးနိုင် လောက်မယ့် တိုက်စစ်မှူး တစ်ဦး ကို ကျွန်တော် တို့ အလို ရှိနေ ကြ ပါတယ် ”

” လူငယ် လေးတွေ က ပုံစံ ကောင်း ရရှိ နေတဲ့ အချိန် တွေမှာ ဘာတွေ လုပ်နိုင် သလဲ ဆိုတာ ပြသ ထားခဲ့ ကြပြီး ပါပြီ ။ ဒါပေမယ့် သူတို့ ဒီ နေရာ မှာ အတွေ့ အကြုံ ပို များတဲ့ သူကို ပိုင်ဆိုင် ထားမယ် ဆိုရင် ဒီထက် အများကြီး ပိုကောင်းနိုင် လိမ့်မယ် လို့ ကျွန်တော် တွေးမိ ပါတယ် ” လို့ ဘလက်မိုးက ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ဘလက်မိုး ဟာ ပြီးခဲ့တဲ့ နွေ အပြောင်းအရွှေ့ တုန်းက ယူနိုက်တက် တို့ အသင်း ရဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ ဖီးလ် ဂျံုးစ် ထက် ခရစ် စမောလင်း ကို အငှား စေလွှတ် ခဲ့မှု အပေါ် ဝေဖန် ထိုးနှက် သွားခဲ့ လိုက် ပါတယ် ။

 

” အကယ်လို့ ခင်ဗျား ဟာ ခရစ် စမောလင်း နဲ့ ဖီးလ် ဂျံုးစ် တို့ အကြား ရွေးချယ်မှု တစ်ခု ပြုလုပ် ခိုင်းမယ် ဆိုရင် ကျွန်တော် က စမောလင်း ကိုပဲ အသင်း မှာ ဆက်လက် ရှိနေ စေဖို့ အတွက် ရွေးချယ် သွားမှာပါ ။ အကယ်လို့ ဂျံုးစ် သာ အသင်း မှာ ဆက်လက် ရှိနေ လိုတယ် ဆိုရင် ပွဲစဉ် တွေမှာ ပိုကောင်းဖို့ လိုအပ် ပါ လိမ့်မယ် ”

” သူ့ အနေ နဲ့ လိုအပ်တဲ့ အခိုက်အတန့် တွေမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တွေ ချမှတ် နိုင်ဖို့ စတင် ကြိုးစား သင့် ပါတယ် ။ ဒါပေမယ့် မျှမျှတတ ပြောကြား ရမယ် ဆိုရင် ဂျံုးစ်မှာ အလွဲ လေးတွေ ရှိနေ ပေမယ့် သူဟာ ပွဲစဉ် တိုင်းမှာ ရာနှုန်းပြည့် ပေးဆပ် ကစား ခဲ့တာ တော့ အမှန် ပါပဲ ”

” သူ့ အနေ နဲ့ ပွဲစဉ် တွေကို ဖတ်ရှု နိုင်ဖို့ ၊ မှန်မှန်ကန်ကန် နေရာယူ ကစား နိုင်ဖို့ အတွက် လိုအပ် နေပါ သေးတယ် ။ သူဟာ မလိုအပ်တဲ့ စိန်ခေါ်မှု တွေ အများကြီး လုပ်ဆောင် နေဆဲ ပါပဲ ။ ကျွန်တော် ကတော့ စမောလင်း ကို ရိုဟို ၊ ဘိုင်လီ တို့ထက် တောင် ပိုပြီး ဦးစားပေး ကစား စေလို ပါတယ် ”

” ကျွန်တော် သာ ယူနိုက်တက် မှာ ရှိနေမယ် ဆိုရင် သူ့ကို သေချာပေါက် အသင်း မှာ ဆက်လက် ထိန်းသိမ်း ထားခဲ့ မှာပါ ။ သူဟာ အရပ်ရှည် သလို မြန်လည်း မြန်ပါတယ် ၊ သူဟာ ယုံကြည်မှုတွေ ပိုင်ဆိုင် နေတဲ့ အချိန် တွေမှာ အခြားသူ တွေလောက် ကောင်းတဲ့ ကစားသမား ပါ ။ သူ့ အတွက် လမ်းဆုံး နေပြီ လို့ ကျွန်တော် မတွေး ပါဘူး ”

 

” သူတို့ တွေဟာ အခုထိ ကောင်းမွန်တဲ့ စုစည်းမှု တစ်ခုကို မပိုင်ဆိုင် နိုင်ကြ သေး ပါဘူး ။ လင်ဒီလော့ဖ် က အိုကေ ပါတယ် ။ ဒါပေမယ့် အရေး ပါတဲ့ အမြင့်ဘော တွေကို နိုင်နိုင်နင်းနင်း မရှင်းထုတ် နိုင်ပါဘူး ။ အကယ်လို့ စမောလင်း သာ ရှိနေ ခဲ့မယ် ဆို်ရင် သူဟာ မက်ဂွားယား ၊ လင်ဒီလော့ဖ် တို့ နည်းတူ အသင်းရဲ့ အဓိက ခံစစ် ကစားသမား အဖြစ် ရှိနေ လိမ့်ဦးမယ် လို့ ကျွန်တော် တွေး ပါတယ် ” ဘလက်မိုး က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar