လီယွန်နယ် မက်ဆီ ရဲ့ ယမန်နေ့ ညက ပဲရစ် အောင်ပွဲ ဟာ သူ့ရဲ့ ပရိသတ်တွေ ကိုသာ မက ပါဘူး ၊ ဘာစီလိုနာ အသင်း ကို ပါ ဂုဏ်ယူ ၀မ်းမြောက် စေခဲ့ ပါတယ် ။ ဘာစီလိုနာ တိုက်စစ်မှုး ကြီး ဟာ မနှစ် က ဘောလုံး ရာသီ မှာ ဆုဖလား ၁ လုံးသာ ရရှိ ခဲ့ ပေမယ့် အလွန် ပြောင်မြောက်တဲ့ စွမ်းဆောင်ရည် ကောင်းတွေ နဲ့ အတူ ရွှေဖိနပ်ဆု များစွာရရှိ ခဲ့မှု က အဓိက ပြိုင်ဘက် ဗန်ဒိုက် ကို အသာရရှိ စေခဲ့ တာပဲ ဖြစ် ပါတယ် ။

ဒီ ဆု ဟာ လီယွန်နယ် မက်ဆီ အတွက် ၆ ခု မြောက် ရွှေဘောလုံးဆု ဖြစ်စေ ခဲ့သလို ဘာစီလိုနာ အသင်း အတွက် တော့ ၁၂ ခု မြောက် ဖြစ် ခဲ့ ပါတယ် ။ ဒါဟာ ဘာစီလိုနာ အနေနဲ့ သူတို့ရဲ့ မဟာပြိုင်ဘက်ကြီး ရီးရဲ မက်ဒရစ် အပေါ် ရွှေဘောလုံး အရေ အတွက် အသာ ရရှိ စေခဲ့ တာလည်း ဖြစ်ခဲ့ရ ပါတယ် ။

မဟာ ပြိုင်ဘက် ၂ သင်း ရဲ့ ရွှေဘောလုံး ပြိုင်ဆိုင် မှု ကို စတင် ဖွင့်လှစ် ခဲ့သူ ကတော့ ရီးရဲ ဂန္ထဝင်ကြီး ဒီစတီ ဖာနို ဖြစ် ပါတယ် ။ အာဂျင်တီးနား သားကြီး ဟာ 1957 ခုနှစ် မှာ မက်ဒရစ် ကလပ် အတွက် ရွှေဘောလုံး ဆု ကို စတင် ရယူပေး ခဲ့ သလို နောက်ထပ် ၂ နှစ် အကြာ မှာလည်း ဒုတိယ ရွှေဘောလုံး ဆု ကို ရရှိခဲ့ ပါတယ် ။

အဲ့ဒီ နောက် မှာတော့ ရေမွန်ကူးပါး ၊ လူးဝစ် ဖီကို နဲ့ ဖေဘီယို ကန်နာ ဗာရို တို့ က ရီးရဲ မက်ဒရစ် အတွက် ရွှေဘောလုံး ဆုတွေ ကို ရယူ ပေးခဲ့ ကြပါတယ် ။ ရိုနယ်ဒို ရောက်ရှိ လာ အပြီး မှာတော့ ရီးရဲ မက်ဒရစ် ရဲ့ ရွှေဘောလုံး အရေ အတွက် ဟာ ဆက်တိုက် တိုးပွား လာခဲ့ ပြီး ပေါ်တူဂီ သားကြီး အီတလီ ကို ပြောင်းရွှေ့ သွားချိန် မှာလည်း မိုဒရစ် က ၁၁ ခု မြောက် ရွှေဘောလုံး ဆု ကို ရယူ ပေးနိုင် ခဲ့ ပါတယ် ။

ဘာစီ လိုနာ အသင်း ဘက် မှာတော့ ၁၉၆၀ ခုနှစ် မှာ တိုက်စစ်မှုး လူးဝစ် ဆွာရက် က ပထမဆုံး ရွှေဘောလုံး ဆု ကို ရယူပေး ခဲ့ ပါတယ် ။ နယ်သာလန် ဂန္ထဝင် ကြီး ယိုဟန် ခရပ်ဖ် က 1973 နဲ့ 1974 ခုနှစ်တွေ မှာ ၂ နှစ် ဆက်တိုက် ရွှေဘောလုံး ဆုတွေကို ထပ်မံ ရယူပေး ခဲ့ ပါတယ် ။

အဲ့ဒီ နောက် မှာတော့ စတွိုက်ကော့ဗ် က ၁၉၉၄ ၊ ရီဗယ်ဒို က ၁၉၉၉ ခုနှစ် နဲ့ ရော်နယ် ဒင်ညို က ၂၀၀၅ ခုနှစ် တွေ မှာ ရွှေဘောလုံး ဆုတွေကို ရယူ ပေးခဲ့ ပါတယ် ။ ဒီ အချိန် အထိ ရွှေဘောလုံး ဆု ၆ လုံး ရယူ ထားတဲ့ ဘာစီလိုနာ ဟာ လီယွန်နယ် မက်ဆီ ကို စီနီယာ အသင်းဆီ ပို့ဆောင် အပြီး ၁၃ နှစ် အကြာ မှာတော့ ရွှေဘောလုံး ၁၂ လုံး နဲ့ မဟာ ပြိုင်ဘက် ရီးရဲမက်ဒရစ် ကို အသာစီး ရရှိ သွားခဲ့ ပြီဖြစ် ပါတယ် ။

ဘရာဇီး ဂန္ထဝင် တိုက်စစ်မှုး ရိုနယ်ဒို ဟာ 1997 ခုနှစ် မှာ ရွှေဘောလုံး ဆု တစ်ခု ကို အင်တာ မီလန် နဲ့ ရရှိ ခဲ့ ပါတယ် ။ ဒါပေမယ့် ဒီ ဆု ဟာ ဘာစီလိုနာ အသင်း မှာ ကစား ခဲ့တဲ့ ရာသီ ၀က် အတွင်း က စွမ်းဆောင် ရည် တွေ ပါ၀င် နေခဲ့ ပါတယ် ။

ဒါ့ အပြင် ရီးရဲ နဲ့ ရွှေဘောလုံး ရခဲ့ တဲ့ ဖီဂို ဟာ လည်း ဘာစီလိုနာ နဲ့ တစ်ဝက် ဆိုင် ခဲ့ သလို ကန်နာဗာရို ရဲ့ ရွှေဘောလုံး ဆု ဟာလည်း ယူဗင်တပ် အသင်း နဲ့ တစ်ဝက် သက်ဆိုင် ခဲ့ ပါတယ် ။

Ballon D’or ဆု ကို ရယူခဲ့တဲ့ ဘာစီလိုနာ ကစား သမား များ –

မက်ဆီ ( ၆ ကြိမ် ) – ၂၀၀၉ ၊ ၂၀၁၀ ၊ ၂၀၁၁ ၊ ၂၀၁၂ ၊ ၂၀၁၅ ၊ ၂၀၁၉
ယိုဟန် ခရပ် ( ၂ ကြိမ် ) – 1973 ၊ 1974
လူးဝစ် ဆွာရက် ( ၁ ကြိမ် ) – ၁၉၆၀

စတွိုက်ကော့ဗ် ( ၁ ကြိမ် ) – ၁၉၉၄
ရီဗယ်ဒို ( ၁ ကြိမ် ) – ၁၉၉၉
ရော်နယ် ဒင်ညို ( ၁ ကြိမ် ) – ၂၀၀၅

Ballon D’or ဆု ကို ရယူခဲ့တဲ့ ရီးရဲမက်ဒရစ် ကစား သမားများ –

ရိုနယ်ဒို ( ၄ ကြိမ် ) – ၂၀၀၈ ၊ ၂၀၁၃ ၊ ၂၀၁၄ ၊ ၂၀၁၆ ၊ ၂၀၁၇
ဒီစတီဖာနို ( ၂ ကြိမ် ) – 1957 ၊ ၁၉၅၉
ရေမွန်ကိုပါ ( ၁ ကြိမ် ) – ၁၉၅၈

လူးဝစ် ဖီဂို ( ၁ ကြိမ် ) – ၂၀၀၀
ဖေဘီယို ကန်နာဗာရို ( ၁ ကြိမ် ) – ၂၀၀၆
လူကာ မိုဒရစ် ( ၁ ကြိမ် ) – ၂၀၁၈

SPORTS MYANMAR