စနေ နေ့ မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ နယူးကာဆယ် အသင်းနဲ့ လက်ရှိချန်ပီယံမန်စီးတီး တို့ ၂ဂိုးစီ သရေ ကျခဲ့ပါတယ်။ မန်စီးတီး အသင်းအတွက်တော့ စိန့်ဂျိန်းပါတ်ခ် မှာ ကစားခဲ့တဲ့ နောက်ဆုံး၂ကြိမ်ဆက်တိုက် နိုင်ပွဲပျောက်ခဲ့ရတာ ဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ယမန်နှစ်ရာသီ က နယူးကာဆယ် အသင်းကို အရေးန်မ့်ခဲ့ အပြီးမှာ လက်ကျန်ပွဲတွေကို အနိုင်ကစားခဲ့လို့ ချန်ပီယံဆုကို ကိုင်မြောက်နိုင် ခဲ့တာ ဖြစ်ပါတယ်။အခုရာသီမှာတော့ ပွဲစဉ် ၁၄ အပြီးမှာပဲဦးဆောင်သူ လီဗာပူးနဲ့ ၁၁မှတ်အထိကွာဟ ခဲ့ရပြီ ဖြစ်ပါတယ်။

နည်းပြကြီး ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်း ဟာ ဒီရာသီမှာလည်း ပရီးမီးဟားလိဂ်ရဲ့ တိုက်စစ် အကောင်းဆုံး အသင်း အဖြစ် ရှိနေပြီး တပွဲပျမ်းမျှ ၃ဂိုးလောက် သွင်းယူထားပါတယ်။ဒါပေမယ့် ခံစစ်ပိုင်း မှာ ဒဏ်ရာပြသနာတွေကြုံတွေ့ထား ခဲ့ရလို့ ပေးဂိုးတွေကလည်း မြင့်တက်နေခဲ့ပါတယ်။

အသင်းရဲ့ အဓိက ခံစစ်မှူးတဦး ဖြစ်တဲ့ လာပေါ်တေး ဒဏ်ရာရသွားပြီးကတည်းက နောက်တန်းက အမှားများနေခဲ့တာဖြစ်ပြီး နောက်ဆုံးပြိုင် ပွဲစုံရပွဲဆက် တိုက်လည်းပေးဂိုးတွေခွင့်ပြုထားခဲ့ရပါတယ်။ နယူးကာဆယ်အသင်းနဲ့ ပွဲမှာလည်း ၂ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်အသင်းရဲ့ ချေပဂိုးတွေကို ပြန်ပေးခဲ့ရလို့ အဖိုးတန် ၂မှတ်လျော့ ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နည်းပြ ကြီး ဂွာဒီီယိုလာကတော့ အသင်းရဲ့ ရှိရင်းစွဲ လူစာရင်း အပေါ် ကျေနပ်အားရနေပြီး ဇန်နဝါရီမှာ ကစားသမားသစ် အင်အားဖြည့်တင်းမှုတွေကို အတင်းလုပ်ဆောင်မှာမဟုတ်ဘူးလို့ ထုတ်ပြောသွားခဲ့ပါတယ်။ယနေ့ ည ညဉ့်နက်ပိုင်းမှာကစားသွားဖို့ရှိနေတဲ့ ဘန်လေနဲ့ ပွဲကြို မီဒီယာတွေ့ဆုံပွဲမှာ ဂွာဒီယိုလာက –

” ဇန်နဝါရီ မှာကျွန်တော် ကစား သမား တယောက်မှ ထပ်မလိုချင်ပါဘူး။ကစားသမားသစ်တွေ အနေနဲ့ နောက်ထပ် ၄၊ ၅နှစ်လောက်အတွက် အခွင့်အရေးရဖို့ အသင်းကို ဇန်နဝါရီစျေးကွက်အတွင်း ရောက်လာဖွယ်ရှိပေမယ့် ဒါမျိုးက မဖြစ်နိုင်ပါဘူး။ပုံမှန် အားဖြင့် တော့ ကျွန်တော်တို့ အနေနဲ့ ကိုယ်စိတ်ဝင်စားတဲ့ ကစားသမား မျိုးကိုပဲ အသင်းအတွက် ခေါ်ယူအားဖြည့်ချင်တာဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီလို ကစားသမားတွေကို သူတို့ အသင်းတွေကကျတော့ ဆောင်းရာသီမှာမရောင်းကြပါဘူး ” လို့ပြောခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အသင်းရဲ့ အားထားရတဲ့ ဝါရင့် ကစားသမားဖာနန်ဒင်ဟို ဟာ အခုရာသီ ကုန်ချိန်အထိသာစာချုပ်သက်တမ်းရှိနေပါတယ်။ဒါပေမယ့် စာချုပ်ကုန်မှပဲ ဆုံးဖြတ်ချက်တစုံတရာချမှတ်မှာဖြစ်တယ်လို့ ဂွာဒီယိုလာကဆိုပါတယ်။

ဒီအကြောင်းနဲ့ပတ်သက် ပြီး ဂွာဒီယိုလာက – ” အသင်းနဲ့ စာချုပ်သက်တမ်း ပြည့်မြောက် ပြီးဆုံး ကြပြီဖြစ်တဲ့ ကစား သမား တွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေကို ရာသီကုန်ချိန်ရောက်မှပဲဆုံးဖြစ်မှာဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။နောက်ရာသီအတွက်အသင်းအတွက်အကောင်းဆုံးဖြစ်မယ့်အရာကိုဆုံးဖြတ်သွားမှာဖြစ်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။လတ်တလော အနေအထားတွေကြောင့် အသင်းကို အကြီးစားပြုပြင်ရတော့မယ်ဆိုတဲ့ အမြင်တွေ နဲ့ ပတ်သက်ပြီး ဂွာဒီယိုလာက – ” ကျွန်တော်တို့ အသင်းဟာ သိပ်အများကြီး တည်ဆောက်ဖို့တော့ မလိုပါဘူး။(ကွန်ပနီ၊ဒေးဗစ်ဆေးဗားလ်၊ ဖာနနဒင်ဟို) သုံးယောက်လောက်မရှိတော့တာနဲ့ပဲ အသင်းကိုပြန်တည်ဆောက်ရမယ်လို့ အဓိပ္ပါယ် မရောက်ပါဘူး။

အသင်းကိုပြန်ပြီး တည်ဆောက်ဖို့လိုတယ် ဆိုတာက တော့ ရာသီတခုကိုဖြတ်သန်းထားတဲ့တဲ့ အဓိက ကစားသမား ရယောက် လောက် စာချုပ်သက်တမ်းပြည့်မြောက်ချိန်မျိုးမှာလုပ်ရတာဖြစ်ပါတယ်။၂ယောက်၃ ယောက်လောက်ဝယ်တာက ပြန်တည်ဆောက်တာမဟုတ်ပဲ လူစားထိုးဖို့အတွက်သာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR