အာဆင်နယ် ၊ မန်ချက် စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ အသင်း တို့ ဟာ ဥရုဂွေး လူငယ် လေး ဖက်ဒရီကို ဗယ်ဗာဒီ ကို ခေါ်ယူ နိုင်ဖို့ အပြိုင် ကြိုးစား ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ရီးရဲ မက်ဒရစ် က အမှန် တကယ် ခေါ်ယူ သွားခဲ့ ပြီး အခု အချိန် မှာတော့ ဗယ်ဗာဒီ ဟာ မက်ဒရစ် ကလပ် အတွက် အဖိုး တန်တဲ့ ရင်းနှီး မှု တစ်ခု ဖြစ် စေ ခဲ့ ပါတယ် ။

အသက် ၂၁ နှစ် အရွယ် မှာပဲ ဥရုဂွေး လက်ရွေးစင် အတွက် ပွဲပေါင်း ၂၀ ကစား ပေးထား တဲ့ ဖက်ဒီရီကို ဗယ်ဗာဒီ ဟာ ဒီရာသီ မှာ ရီးရဲ မက်ဒရစ် နဲ့ အတူ လာလီဂါ မှာရော ချန်ပီယံ လိဂ် မှာပါ တောက်ပ နေခဲ့ ပါတယ် ။ ပါနဲရိုး လူငယ် အသင်း ကနေ ပေါ်ထွက် လာခဲ့တဲ့ ဗယ်ဗာဒီ ဟာ ရီးရဲ ဘီ အသင်း က တဆင့် စီနီယာ အသင်းဆီ တက်လှမ်း နိုင်ခဲ့ပြီး လူကာ မိုဒရစ် နဲ့ တွဲဖက် ကာ ကစား နေပြီဖြစ် ပါတယ် ။

ဒီလို တောက်ပ လာချိန် မှာတော့ ဗယ်ဗာဒီ ရဲ့ အသင်း ဟောင်း ပါနဲရိုး အသင်း ရဲ့ ဒုဥက္ကဌ ဖြစ်သူ ရိုဒိုလ်ဖို ကာတီနို ဟာ ဥရုဂွေးသား လေး ရဲ့ အရည် အသွေး နဲ့ ရှေ့ အလား အလာ ကို ခန့်မှန်း ပြောဆို လာခဲ့ ပါတယ် ။ ကာတီနီ ကတော့ ဗယ်ဗာဒီ ဟာ ဥရုဂွေး ရဲ့ အကောင်းဆုံး ကစား သမားတွေ ထဲက တစ်ဦး ဖြစ်လာ ရုံသာ မက ရွှေဘောလုံး လို ဂုဏ်သိက္ခာ ကြီးမားတဲ့ ဆု ကို ပင် ရရှိ နိုင်လိမ့်မယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ဗယ်ဗာဒီ ဟာ တစ်နေ့နေ့ မှာ ရွှေဘောလုံး ( Ballon D’or ) ကို ရပါ လိမ့်မယ် ။ သူ ဟာ ဥရုဂွေး ဘောလုံး သမိုင်း မှာလည်း ဆွာရက် ၊ ဖော်လန် တို့လို အကောင်းဆုံး ကစား သမား တစ်ဦး ဖြစ် လာမှာ ပါ ။ ဒါကို သေချာ ပေါက် ပြောရဲ ပါတယ်”

“ဘယ် အချိန် မှာ ရွှေဘောလုံး ဆုရှင် ဖြစ်လာ မလဲ ဆိုတာ တော့ တိတိ ကျကျ မပြောတတ် ပါဘူး ။ ဒါပေမယ့် သူ ဒီဆု ကို မှာပါ ။ ဘာဖြစ်လို့ လည်း ဆိုတော့ သူ့ မှာ ဘယ်သူ မှ နဲ့ မတူတဲ့ အရည် အသွေးတွေ ပိုင်ဆိုင် ထားလို့ ပါပဲ ။ ဘောလုံး ပွဲ တစ်ပွဲ ကို အခြားသူတွေ ထက် ပိုပြီး သူက မြင်တက် ၊ ကြည့်တတ် ပါတယ်”

“ဒါကြောင့် လည်း ဂျူနီ ကာလာဖတ် ( ရီးရဲ ကင်းထောက် ) က ဗယ်ဗာဒီ ကို မြင်တဲ့ အခါ မှာ သူ့အပေါ် ယုံကြည် ပုံအပ် ဖို့ ဆုံးဖြတ် ခဲ့ တာပါ ။ ဗယ်ဗာဒီ အတွက် ပေါင် ၅ သန်း ချက်ချင်း ချပေး ခဲ့သလို အခြား ခံစား ခွင့်တွေ လည်း ပါခဲ့ ပါတယ် ။ ဒါဟာ ဒီကောင်လေး အပေါ် မှာ သူတို့ မျှော်မှန်း ထားတယ် ဆိုတာ သိသာ စေခဲ့ ပါတယ်” လို့ ကာတီနီ က ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

ဆက်လက်ပြီး ကာတီနီ က ပရီးမီးယားလိဂ် ရဲ့ အကျော် အမော် ကလပ် တွေ ဖြစ်တဲ့ အာဆင်နယ် နဲ့ မန်ချက် စတာ ယူနိုက်တက် တို့ ဟာ ဗယ်ဗာဒီ ကို ချိတ်ဆက် ဖူး ခဲ့ သလို ရီးရဲ မက်ဒရစ် ရဲ့ ပြိုင်ဘက် ဖြစ်တဲ့ ဘာစီလိုနာ လည်း ပါ၀င် ခဲ့ဖူး တယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။

“ဗယ်ဗာဒီ ၁၆ နှစ် အရွယ် တုန်းက အာဆင်နယ် က ခေါ်ဖို့ စိတ်ဝင်စား ခဲ့ ပါတယ် ။ ဒါကြောင့် လန်ဒန် မှာ အစမ်း လေ့ကျင့်ဖို့ ကျွန်တော်တို့ စေလွှတ် ခဲ့ ပါတယ် ။ အဲ့ဒီ တုန်းက ဗယ်ဗာဒီ ဟာ သူ အားကျရတဲ့ အလက်ဆစ် ဆန်းချက် နဲ့ အတူ လေ့ကျင့် ခွင့် ရတဲ့ အတွက် အရမ်း ကို ပျော်ရွှင် ခဲ့တာပါ”

“ဒါပေမယ့် သူ့ကို အာဆင်နယ် ရဲ့ ခြေစမ်းပွဲ ၊ လူငယ်ပွဲ တွေ မှာ ၀င် ကစားဖို့ ကို ကျွန်တော် တို့ သဘော မကျ ခဲ့ ပါဘူး ။ ဘာဖြစ်လို့လည်း ဆိုတော့ ဒါဟာ လေ့ကျင့်တာ နဲ့ မတူဘဲ ဒဏ်ရာ ရနိုင် လို့ပါ ။ အာဆင်နယ် က စမ်းသုံးချင် ပါတယ် ။ နောက်ဆုံး မှာတော့ ယူရို ၆ သန်း ကို အာမခံ ထားပြီး သူ့ကို ကစား ခွင့် ပေးခဲ့ ပါတယ်”

“နောက် လ အနည်းငယ်လောက် အကြာ မှာတော့ အာဆင်နယ် ဘက်က ကမ်းလှမ်းမှု စလာခဲ့ ပါတယ် ။ ဒါပေမယ့် ဗယ်ဗာဒီ အတွက် သူတို့ တန်ဖိုး ဖြတ်တာ သိပ်ကို နည်းခဲ့ ပါတယ် ။ ဆွေးနွေးမှု အထ မမြောက် ခဲ့ ပါဘူး ။ တစ်ချိန် မှာ အာဆင်ဝင်းဂါး လက်လွတ် ခဲ့တဲ့ စတား စာရင်း ထဲ မှာ ဗယ်ဗာဒီ ရဲ့ အမည် ပါလာတော့မှာပါ”

“မန်ချက် စတာ ယူနိုက်တက် နဲ့ ဘာစီလိုနာ တို့ လည်း ချိတ်ဆက် ခဲ့ကြ ပါသေးတယ် ။ ယူနိုက်တက် ကတော့ ကျွန်တော်တို့ စျေး ခေါ်လိုက်တာ နဲ့ ချက်ချင်း နောက်ဆုံး သွားခဲ့ ပါတယ် ။ အခုတော့ သူတို့ နောင်တရ နေလောက်ပါပြီ” လို့ ကာတီနီ က ပြောဆို သွားခဲ့ ပါတယ် ။

ဗယ်ဗာဒီ ဟာ ရီးရဲ အတွက် နောက်ဆုံး ကစား ခဲ့တဲ့ ၃ ပွဲ မှာ ၂ ဂိုး သွင်းယူ ပေးထားခဲ့ ပါတယ် ။ လက်ရှိ မှာတော့ ရီးရဲမက်ဒရစ် ဟာ လာလီဂါ အမှတ်ပေး ဇယား မှာ ဘာစီလိုနာ နဲ့ ရမှတ်တူ အနေ အထား နဲ့ အဆင့် ၂ နေရာ ကို ရယူ ထားခဲ့ ပါတယ် ။

SPORTS MYANMAR