လက်ရှိ အချိန် ပရီးမီးယား လိဂ် ပြိုင်ပွဲ မှာ နည်းပြ တွေ တစ်ဦး ပြီး တစ်ဦး ထုတ်ပယ် ခံနေ ခဲ့ရတဲ့ အချိန် ယူနိုက်တက် အသင်းဟာလည်း ရလဒ် တွေ ဆိုးရွားမှု ကြောင့် နည်းပြ ဖြစ်သူ ဆိုးလ်ရှား ရဲ့ အနာဂတ် ဟာ မရေရာ တဲ့ အနေအထား တွေကို ရောက်ရှိ နေခဲ့ ပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပါတ် အတွင်းမှာ ပရီးမီးယား လိဂ်ရဲ့ နည်းပြ တွေ ဖြစ်ကြတဲ့ အူနိုင်း အမ်မရီ ၊ ပိုချက်တီနိုနဲ့ ဆန်းချက် ဖလော်ရက်စ် တို့ဟာ သက်ဆိုင်ရာ အသင်း ကိုယ်စီ နဲ့ လမ်းခွဲ ခဲ့ကြ ရ ပါတယ် ။ အခုတော့ ပွဲစဉ် 14 ပြီးဆုံး သွားတဲ့ အချိန် မှာ ဆိုးလ်ရှား ဟာလည်း ပရိသတ် တွေရဲ့ ဖိအား ပေးမှု အောက် ကျရောက် ခဲ့ရ ပါပြီ ။

ဒါပေမယ့် ဆိုးလ်ရှား ကိုယ်တိုင် ကတော့ ဒီ တစ်ပါတ် ပရီးမီးယား လိဂ် ပြိုင်ဖက် ကောင်းတွေ ဖြစ်ကြ တဲ့ တော့တင်ဟမ် ဟော့ စပါး ၊ မန်စီးတီး အသင်း တွေနဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ နည်းပြ အဖြစ် မှ ထုတ်ပယ် ခံရရေး နဲ့ ပတ်သက်လို့ စိုးရိမ်စိတ် မဖြစ် မိကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” နိုးပါ ၊ အဲ့တာ တွေက ကျွန်တော့် ကို စိုးရိမ် စိတ်တွေ မပိုစေ ပါဘူး ။ ကျွန်တော် ဟာ လက်ရှိ ကျွန်တော့် အလုပ် အပေါ်ပဲ အပြည့်အဝ အာရုံစိုက် နေပြီး တက်နိုင် သမျှ ကောင်းအောင် လုပ်နိုင်ဖို့ ကြိုးစား နေ ပါတယ် ။ လက်ရှိ အချိန် မှာတော့ ကျွန်တော် ဟာ လာမယ့် ပွဲစဉ် တွေနဲ့ အနာဂတ် စီမံကိန်း တစ်ခု အကြောင်း ကိုပဲ ရှေးရှု နေ ပါတယ် ”

” ဒါဟာ အပြောင်း အလဲ တွေ များပြား လှတဲ့ အချိန် ၊ အခိုက်အတန့် တစ်ခု ပါပဲ ။ ဒီလောက် နည်းပါး လှတဲ့ အချိန် တစ်ခု မှာ ခင်ဗျား ရဲ့ လုပ်ဖော် ကိုင်ဖက် ဖြစ်တဲ့ နည်းပြ တွေ ထုတ်ပယ် ခံ ရတယ် ဆိုတာ ကြည့် မကောင်း လှ ပါဘူး ” လို့ ဆိုးလ်ရှား က ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် သူဟာ လက်ရှိ အချိန် မှာ အသင်း ရဲ့ အမှုဆောင်ချုပ် ဖြစ်သူ အဒ်ဝုဝဒ် နဲ့ စကား ပြောဖို့ လိုအပ် နေပြီ လို့ ခံစား ရ သလား လို့ အမေး ခံလိုက် ရတဲ့ အချိန် …

” ကျွန်တော် တို့ဟာ အချိန်တိုင်း လိုလို စကား ပြောဖြစ် ကြ ပါတယ် ။ ဒါ့ကြောင့် အခုမှ ရုတ်တရက် ကြီး စကား သွား ပြောဖို့ မလိုအပ် ပါဘူး ။ ကျွန်တော် တို့ဟာ အပါတ်စဉ် စကား အနည်း နဲ့ အများ ပြောဖြစ် တက်ကြ ပါတယ် ။ အဲ့တာ က ပုံမှန် အတိုင်း ဆက်လက် ဖြစ်နေ ဦးမဲ့ ဖြစ်စဉ် တစ်ခု ပါပဲ ”

” ကျွန်တော် တို့ဟာ စီမံကိန်း တစ်ခု ချမှတ် ထားကြ သလို ပြန်လည် ဆည်ဆောက်ရေး လုပ်ငန်း ကိုလည်း ဆက်လက် လုပ်ဆောင် နေကြ ပါတယ် ။ ကျွန်တော် တို့ဟာ လိုအပ်တဲ့ ဆုံးဖြတ်ချက် အချို့ ကိုလည်း ချမှတ် ထားခဲ့ကြ ပါတယ် ။ လက်ရှိ ကျွန်တော် တို့ ရှိနေ ကြတဲ့ နေရာ နဲ့ ပတ်သက်လို့ မပျော်ရွှင် ကြ ပါဘူး ။ ဒါပေမယ့် ကျွန်တော် တို့ အလုပ်ဆက် လုပ်နေ ကြမှာပါ ”

” အချိန် သုံး ၊ လေး ရက် လောက်က အရာ အားလုံး ကို ပြောင်းလဲ သွားစေ နိုင်မှာ မဟုတ် ပါဘူး ။ ဒါပေမယ့် လာမယ့် နှစ်ပွဲ က ကျွန်တော်တို့ ဆက်လက် တိုးတက် ကောင်းမွန် နိုင်ဖို့ အတွက် အကောင်းဆုံး အခွင့်အရေးတွေ ပါပဲ ။ ကျွန်တော် တို့ဟာ ပို ကောင်းတဲ့ ပြိုင်ဖက် တွေနဲ့ ရင်ဆိုင် ရတဲ့ အခါ ပိုပြီး အားထုတ် နိုင်ဖို့ လိုအပ် ပါတယ် ”

” ကျွန်တော် တို့ဟာ အသင်းကောင်း အချို့နဲ့ ရင်ဆိုင် ခဲ့တဲ့ အခါ ကောင်းမွန်တဲ့ ရလဒ် အချို့ ကို ပိုင်ဆိုင် နိုင်ခဲ့ ကြ ပါတယ် ။ ဗုဒ္ဓဟူး ည အတွက် လည်း ကျွန်တော် တို့မှာ အစီအစဉ် တွေ ရှိနေ ပါတယ် ။ ကျွန်တော် တို့ဟာ သရေ ရလဒ် တွေ များစွာ ကြုံတွေ့ ခဲ့ကြ သလို အရှံုး ရလဒ် တွေလည်း ပိုင်ဆိုင် ခဲ့ကြ ပါတယ် ။ အဲ့တာ တွေကို အနိုင် ရလဒ် ဖြစ်အောင် ပြောင်းပြန် လှန်နိုင်ဖို့ လိုအပ် ပါတယ် ။ ဘောလုံး ဆိုတာ ရလဒ် ရှာဖွေ ရတဲ့ စီးပွားရေး တစ်ခု ပဲဗလေ ”

” အခု အချိန် ကျွန်တော် တို့ မပျော်ကြ ပါဘူး ။ ကျွန်တော် တို့ ပိုကောင်း နိုင်တယ် လို့ သိထား ကြ ပါတယ် ။ ဒီအတွက် ကျွန်တော်တို့ အလုပ် ကြိုးစား နေ ကြပြီး ဆက်လက် တိုးတက် ကောင်းမွန်အောင် အားထုတ် နေခဲ့ကြ ပါတယ် ။ ကျွန်တော် တို့ဟာ ထိုက်တန် တဲ့ ရလဒ် တွေကို မပိုင်ဆိုင် နိုင်ခဲ့ကြ ပါဘူး ” လို့ ဆိုးလ်ရှား က ပြန်လည် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar