ချယ်လ်ဆီး အသင်း ဟာ မနက်ဖြန် ည မှာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၅ အဖြစ် အက်စတွန် ဗီလာ အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ မှာမှ အက်စတွန် ဗီလာ အသင်း မှာ လက်ထောက် နည်းပြ အဖြစ် လုပ်ကိုင် နေခဲ့တဲ့ ချယ်လ်ဆီး ဂန္တဝင် ခံစစ်မှူး ဟောင်း ဂျွန်တယ်ရီ ဟာ မနက်ဖြန် မှာ စတမ်းဖို့ဒ် ဘရစ်ချ် ကို ပြိုင်ဖက် အနေနဲ့ ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ် ။

တယ်ရီ ဟာ ချယ်လ်ဆီး အသင်း ကို လွန်ခဲ့တဲ့ ဘောလုံး ရာသီ ၂ခု အလွန် ကမှ စွန့်ခွာခဲ့တာ ဖြစ်ပြီး အက်စတွန် ဗီလာ အသင်း မှာ နောက်ဆုံး ကစားခဲ့ကာ ၊ ထို အသင်း မှာ မန်နေဂျာ အတွေ့အကြုံ တွေ စတင် ရယူ နေတာ ဖြစ်ပါတယ် ။ မနက်ဖြန် ပွဲမှာတော့ သူငယ်ချင်း အရင်း တွေ ဖြစ်ကြတဲ့ ဖရန့် လမ်းပတ် နဲ့ ဂျွန်တယ်ရီ တို့ စတမ်းဖို့ဒ် ဘရစ်ချ် မှာ ပြန်လည် ထိပ်တိုက် ရင်ဆိုင် ရဦးမှာ ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ချန်ပီယံရှစ် မှာ ဒါဘီ အသင်း ကို ကိုင်တွယ် ခဲ့တဲ့ ဖရန့် လမ်းပတ် ဟာ အက်စတွန် ဗီလာ မှာ ရှိတဲ့ ဂျွန်တယ်ရီ နဲ့ ဒုတိယ အကျော့ ပွဲစဉ် မှာ တကြိမ် ၊ ချန်ပီယံရှစ် play-off ဗိုလ်လုပွဲ မှာ တကြိမ် ပြိုင်ဖက် အနေနဲ့ ရင်ဆိုင် ခဲ့ရဖူးပါတယ် ။ အခု အခါမှာတော့ လမ်းပတ် နဲ့ တယ်ရီ တို့ တတိယ အကြိမ်မြောက် ဆုံတွေ့မှု ဖြစ်လာတော့မှာ ဖြစ်သလို ၊ တယ်ရီ ကတော့ ချယ်လ်ဆီး ကနေ ထွက်ခွာခဲ့ပြီးနောက် စတမ်းဖို့ဒ် ဘရစ်ချ် သို့ ပြိုင်ဖက် အဖြစ် ပထမဆုံး အကြိမ် ရောက်ရှိ လာတော့မှာ ဖြစ်ပါတယ် ။

တယ်ရီ နဲ့ ထပ်မံ ရင်ဆိုင်ရမှာ ဖြစ်တဲ့ အပေါ် လမ်းပတ် က ” ကျွန်တော့ အတွက် ကတော့ ဂျွန် နဲ့ အခု တခါ ထပ် ရင်ဆိုင်ရမှာ က ဘာမှ မထူးဆန်းတော့ပါဘူး ။ ကျွန်တော် တို့ အချင်းချင်း ပြီးခဲ့တဲ့ ရာသီ က ထိပ်တိုက် ရင်ဆိုင် ခဲ့ဖူးပါတယ် ။ ပြိုင်ဖက် အနေနဲ့ ဆိုပေမယ့် ကျွန်တော် သူ့ အပေါ် မှာ လေးစားမှု အပြည့် ထားပါတယ် ။ ဒင်းစမစ် နဲ့ အတူ လက်တွဲ အလုပ်လုပ် လာတဲ့ ဂျွန် ရဲ့ တိုးတက်မှု တွေက အတော်လေး အားရစရာ ကောင်းပါတယ် ။ ”

” ဒါကြောင့်မို့ အခု တခေါက် စတမ်းဖို့ဒ် ဘရစ်ချ် ကို ပြန်လာတာ ဟာ ဂျွန် နဲ့ ပိုပြီး ပတ်သက်မှု ရှိမယ် လို့ ထင်ပါတယ် ။ ချယ်လ်ဆီး ပရိသတ် တွေ ဆီကနေလည်း သူဟာ အချစ်တော် ကစားသမားဟောင်း တဦး ၊ ဂန္တဝင် တဦး ၊ အသင်း နဲ့ အတူူတူ အောင်မြင်မှုတိုင်း ကို ဆွတ်ခူ နိုင်ခဲ့တဲ့ အကြီးကျယ်ဆုံး ကပ္ပတိန် အဖြစ် သောင်းသောင်းဖြဖြ ကြိုဆို နေကြဦးမှာပါ ။ ဒီ ကလပ် အတွက် သူ့မှာ ခံစားချက် များစွာ ရှိသေးတယ် ဆိုတာ လူတိုင်း သိကြပါတယ် ။ ”

” ဒါကြောင့်မို့ ပရိသတ် တွေဟာ သူ့ကို ကျေကျေနပ်နပ် နဲ့ကို ကြိုဆို ကြမှာ သေချာပါတယ် ။ ဂျွန် အတွက်လည်း မနက်ဖြန် ပွဲစဉ် က စိတ်လှုပ်ရှားစရာ ဖြစ်မှာ ကျွန်တော့ ဖက်က သေချာပါတယ် ။ ဒါ့အပြင် သူ့ အတွက် ဒီ ကြိုဆိုမှုမျိုး နဲ့ ထိုက်ကို ထိုက်တန်ပါတယ် ။ ကျွန်တော် ကိုယ်တိုင် လည်း သူ့ကို စတမ်းဖို့ဒ် ဘရစ်ချ် မှာ ပြန်ပြီး မြင်ချင်နေပါပြီ ။ ”

” အခု ရက်ပိုင်း အတွင်း မှာ မဟုတ်ပေမယ့် ၊ ကျွန်တော် ဟာ ဂျွန် နဲ့ ခဏခဏ စကား ပြောဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ တပတ် ကတော့ သူနဲ့ ကျွန်တော် နဲ့ စကား စမြည် ပြောဖြစ်ခဲ့ပါတယ် ။ ပုံမှန် တယောက် နဲ့ တယောက် အဆက်အသွယ် တွေ ရှိနေကြဆဲ ဖြစ်ပေမယ့် ၊ ကိုယ့် အလုပ် အရ ၊ ကိုယ် တာဝန်ယူထားတဲ့ အပိုင်း တွေမှာ တာဝန် ကျေဖို့လည်း လိုနေပါတယ် ။ ”

” ဂျွန် ကလည်း သူ့ အသင်း အတွက် ရလဒ်ကောင်း ရအောင် ကြိုးစားမှာ ဖြစ်သလို ၊ ကျွန်တော် ကလည်း ချယ်လ်ဆီး အတွက် ရလဒ်ကောင်း ထွက်ပေါ်အောင် ကြိုးစားသွားမှာပါ ။ အခုလို ပြန်ပြီး ရင်ဆိုင်ရတာ က အရမ်း ကောင်းပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR