မန်ချက်စတာ ယူနိုက်တက် အသင်း ဆီကို ရောက်ရှိ လာတာ ငါးနှစ် ပြည့်ပြောက် တော့မယ့် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ်က သူဟာ ပရီးမီးယား လိဂ်ရဲ့ အကောင်းဆုံး တိုက်စစ် ကစားသမား တစ်ဦး ဖြစ်ကြောင်း သက်သေပြ နိုင်ဖို့ စိတ်အား ထက်သန် နေ ပါတယ် ။

” ကျွန်တော် ဒီ အသင်း ဆီကို စတင် ရောက်ရှိ တုန်းက လူငယ် ကစားသမား တစ်ဦး အဖြစ်သာ ရှိနေ ခဲ့ပါ သေးတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ အခု ထက်ထိ အသင်း အတွက် တစ် ရာသီလုံး စီနီယာ ကစားသမား တစ်ဦး အဖြစ် ပရော်ဖက်ရှင်နယ် ဆန်ဆန် အကျိုး မပြု နိုင်ခဲ့ သေး ပါဘူး ”

” အခုတော့ ဒါဟာ ကျွန်တော့် အတွက် 5 ရာသီ ပြည့်မြောက် တဲ့ နှစ် ဖြစ်ခဲ့ ပါပြီ ။ ဒါ့ကြောင့် ကျွန်တော့် အနေနဲ့ ကစားသမား တစ်ဦး အဖြစ် ပိုမို တိုးတက် ကောင်းမွန် လာခဲ့ ပြီ ပိုမို ပွင့်လန်း နိုင် ခဲ့ပြီ ဖြစ်ကြောင်း ၊ ပရီးမီးယား လိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူး တစ်ဦး ဖြစ်ကြောင်း သက်သေ ပြရ ပါ တော့မယ် ”

” ကျွန်တော် ဒီကို စရောက် တုန်းက ကလေးလေး တစ်ယောက် အဖြစ် ပဲ ရှိနေ ခဲ့တာပါ ။ အခုတော့ ကျွန်တော် ဟာ ကြီးပြင်း လာခဲ့ လာပြီ ။ ထို့အတူ ရင့်ကျက် မှုလည်း ရှိလာ ခဲ့ ပါပြီ ။ အခု တလော ဆိုရင် ကျွန်တော့် ကို ကျွန်တော် ပိုမို တိုးတက် ကောင်းမွန် လာပြီ လို့ ခံစား နေရ ပါတယ် ” လို့ အန်သိုနီ မာရှယ် က ထုတ်ဖော် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ဒီ ရာသီ ရလဒ် တွေ ဆက်တိုက် ကျဆင်း နေ ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ တစ်ပါတ် မှာတော့ နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ကိုင်တွယ် နေတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ကို ရင်ဆိုင် ကစား ရပါ တော့မယ် ။

ဒီရာသီ အတွင်း နည်းပြ ပိုချက်တီနို ကိုင်တွယ် ခဲ့တဲ့ အချိန် မှာ တော့တင်ဟမ် ဟော့ စပါး အသင်းဟာ ရလဒ် တွေ ဆက်တိုက် ဆိုးရွား ခဲ့မှု နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 14 နေရာ ထိ တောင် ဆင်းပေး ခဲ့ရ ပါ သေးတယ် ။ ဒါပေမယ့် မော်ရင်ဟို ရောက်ရှိ လာပြီး လိဂ်ပွဲ 2 ပွဲ အနိုင်ယူ ခဲ့တဲ့ နောက် အမှတ်ပေး ဇယား အဆင့် 5 နေရာ အထိ တက်လှမ်း နိုင်ခဲ့ ပါတယ် ။

အန်သိုနီ မာရှယ် ကတော့ တော့တင်ဟမ် တို့ ဒီ ရာသီ အစ တုန်းက ရလဒ် တွေ ဆိုးရွား ခဲ့တာ နဲ့ ပတ်သက် လို့ တစ်ကယ် ပဲ အံ့အား သင့်ခဲ့ မိကြောင်း ပြောကြား သွားခဲ့ ပေမယ့် ပြိုင်ဖက် အသင်း ဟာ တစ်ကယ့် ကို အင်အား တောင့်တင်း ပြီး ကစား သမား ကောင်းတွေ နဲ့ စုဖွဲ့ ထားတဲ့ အသင်း ဖြစ်တာ ကြောင့် အမှတ်ပေး ဇယား ထိပ်ပိုင်း ကို တက်နိုင် လိမ့်မယ် လို့ ပြောသွား ခဲ့လိုက် ပါတယ် ။

” ကျွန်တော် တစ်ကယ် ပဲ အံ့အား သင့်မိ ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ တွေဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ တုန်းက ထူးခြား ကောင်းမွန် တဲ့ အချိန် တွေကို ပိုင်ဆိုင် ခဲ့ ကြတယ်လေ ။ ဒါ့အပြင် သူတို့ တွေဟာ ချန်ပီယံ လိဂ် ဖိုင်နယ် အထိ တောင် တက်ရောက် နိုင်ခဲ့ ကြ ပါတယ် ။ ဒါ့ကြောင့် သူတို့ တွေ ဒီထက် ပို ကောင်းဖို့ ကျွန်တော် မျှော်လင့် ခဲ့ ပါတယ် ”

” ဒါပေမယ့် သူတို့ တွေ အကောင်းဆုံး လုပ်ပြ ရင်းနဲ့ အမှတ်ပေး ဇယား ထိပ်ပိုင်း ကို ပြန်လည် တက်လှမ်း လာနိုင် လိမ့်မယ် လို့ ကျွန်တော် သေချာပေါက် ပြောရဲ ပါတယ် ။ ဒီ အတွက် ကျွန်တော် သံသယ မဖြစ်မိ ပါဘူး ။ သူတို့ အသင်း မှာ ခမ်းနား လှတဲ့ ကစားသမား ကောင်းတွေ ရှိနေ ကြတယ် လေ ” လို့ မာရှယ် က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar