မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ဘောလုံး ရာသီ မှာတော့ ရလဒ် ကောင်းတွေ ပိုင်ဆိုင် နိုင်ဖို့ အတွက် ဆက်တိုက် ဆိုသလို ရုန်းကန် နေခဲ့ ရပြီး နောက်ဆုံး ကစား ခဲ့တဲ့ ပြိုင်ပွဲစုံ ပွဲစဉ် 3 ပွဲ မှာလည်း အနိုင် ရလဒ် ပျောက်ဆုံး နေခဲ့ ရ ပါတယ် ။

အဆိုပါ အချိန် တွေ မှာတော့ ယူနိုက်တက် အသင်း ဟာ တည်ငြိမ်တဲ့ ခြေစွမ်း ၊ ရလဒ် တွေကို ပိုင်ဆိုင် နိုင်ဖို့ ရုန်းကန် ခဲ့ရပြီး ကစား ခဲ့တဲ့ ပွဲစဉ် အများစု မှာလည်း အသင်း လိုက် ကစား ပုံထက် ကောင်တိုက် တိုက်စစ် ကစားကွက် တွေနဲ့ ပြိုင်ဖက် အသင်း တွေကို တုန့်ပြန် နေခဲ့ ရ ပါတယ် ။

အထူးသဖြင့် အဆိိုပါ ကစားဟန် အတွက် ယူနိုက်တက် အသင်း မှာ မြန်ဆန် သွက်လက် လှတဲ့ ကစားသမား တွေ ရှိနေ ခြင်းက အပေါင်း လက္ခဏာ ဆောင်စေ ခဲ့ ပါတယ် ။ အခုတော့ ယူနိုက်တက် အသင်း ဟာ ကြာသပတေး နံနက် မှာ နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ဦးဆောင် နေတဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ရင်ဆိုင် ကစား ရပါ တော့မယ် ။

အဆိုပါ ပွဲစဉ် မတိုင်မီ ယူနိုက်တက် အသင်း ရဲ့ အားထား ရတဲ့တိုက်စစ် ကစားသမား တစ်ဦး ဖြစ်သူ အန်သိုနီ မာရှယ် က အသင်းဖော် တိုက်စစ် ကစားသမား တွေ ဖြစ် ကြတဲ့ မားကပ်စ် ရပ်ရှ်ဖို့ နဲ့ ဒန်နီယယ် ဂျိမ်းစ် တို့ကို ချီးကျူး စကား ဆိုသွား ခဲ့လိုက် ပါတယ် ။ ဒါ့အပြင် နွေ တုန်းက အသင်း ဆီ ရောက်ရှိ လာ ခဲ့တဲ့ ဒန်နီယယ် ဂျိမ်းစ် ရဲ့ မြန်ဆန်မှု ကိုလည်း ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” သူ ( ဂျိမ်းစ် ) ဟာ တစ်ကယ့် ကို မယုံကြည် နုုိင်ဖွယ် လျင်မြန် မှုတွေ ပိုင်ဆိုင် ထားတဲ့ ကစားသမား တစ်ဦး ပါ ။ သူဟာ တစ်ကယ့် ကို မယုံကြည် နိုင်ဖွယ် မြန်ဆန် ပြီး မှန်ကန် တဲ့ ရွေးချယ် မှု တစ်ခု ကို အမြန် ပြုလုပ် နိုုင်စွမ်း ရှိတဲ့ ကစားသမား တစ်ဦး လည်း ဖြစ် ပါတယ် ”

” သူဟာ ဒီလောက် အထိကို မြန်ဆန် သွက်လက် လှ ပေမယ့် သူ့ရဲ့ အရှိန် တွေကို မထိန်းသိမ်း နိုင်တဲ့ အနေအထား မျိုး ဖြစ်ပျက် သွားခြင်း မရှိခဲ့ ပါဘူူး ။ သူရဲ့ အရှိန် တွေကို ကောင်းကောင်း ထိန်းကျောင်း နိုင် ပါတယ် ။ ဒါ့အပြင် သူဟာ မှန်ကန် တဲ့ ဆုံးဖြတ်ချက် တွေကို လည်း ချမှတ် တက်တယ် လေ ”

” သူဟာ ကျွန်တော် တို့ အားလုံး အတွက် ဖန်တီး မှုတွေ ပြုလုပ် နိုင်စွမ်း ရှိနေ ခြင်းက တိုက်စစ် ကစားသမား တစ်ဦး အတွက် အထူး အပေါင်း လက္ခဏာ ဆောင်တဲ့ အရည်အသွေး တစ်ခု ပါပဲ ။ သူဟာ ကျွန်တော် တို့ ယခင် တုန်းက မသိရှိ နိုင်ခဲ့ ဖူးတဲ့ တစ်ကယ့် ထိပ်တန်း ကစားသမား တစ်ဦး ပါ ”

” ဒါ့ကြောင့် ရိုးသားစွာ ပြောရမယ် ဆိုရင် အဲ့ဒီ အရည်အသွေး တွေက ကျွန်တော် တို့ အတွက် ကစားသမား ကောင်း တစ်ဦး ခေါ်ယူ ရရှိခြင်း ဖြစ်သွား စေခဲ့ ရ ပါတယ် ” လို့ မာရှယ် က ဂျိမ်းစ် အကြောင်း ချီးကျူးရင်း အခြား တိုက်စစ် အသင်းဖော် ဖြစ်တဲ့ ရပ်ရှ်ဖို့ နဲ့ ပတ်သက်လို့ …

” ကျွန်တော့် အတွက် တော့ မားကပ်စ် ဟာ အတော်လေး ပြည့်စုံ တဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူဟာ ငယ်ရွယ်သေး ပေမယ့် အတွေ့ အကြုံ များပြား လှတဲ့ ကစားသမား တစ်ဦး ပါပဲ ။ ဒီလို ဖြစ်ရ ခြင်းက သူဟာ အသက် ငယ်ငယ် ကတည်းက အသင်း အတွက် စတင် ကစား ပေးခဲ့ ရလို့ပါ ”

” အခု အချိန် မှာတော့ သူဟာ ပွဲစဉ် တွေနဲ့ ပတ်သက်လို့ သစ်လွင်တဲ့ ရှုထောင့် တစ်ခု ကို ယူဆောင် လာတယ်လို့ ကျွန်တော် တွေးမိ ပါတယ် ။ သူ ဒီ အတိုင်းပဲ ဆက်သွား နိုင်ဖို့ ကျွန်တော် မျှော်လင့် ထားတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့တာက အသင်း အတွက် အကူအညီ ဖြစ်စေ နိုင်ခဲ့ သလို ကျွန်တော် တို့ကိုလည်း အကူအညီ ဖြစ်စေ ခဲ့လို့ ပါပဲ ” လို့ မာရှယ်က အသင်းဖော် တွေကို ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar