ယနေ့ နံနက် ပိုင်းမှာ ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်းက ဘန်လေ အသင်းကို ၄-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။လကါရှိချန်ပီယံမန်စီးတီးအသင်းအတွက်တောပြီးခဲ့တဲ့ ပွဲစဉ်မှာ နယူးကာဆယ်နဲ့ သရေကျခဲ့အပြီး နိုင်ပွဲပြန်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ အဝေးကွင်းမှာ သွားရောက် ကစားခဲ့ရပေမယ့် ဂျေးဆုရဲ့ သွင်းဂိုး ၂ဂိုး၊ ရိုဒရီ၊ မာရက်ဇ် တို့ရဲ့ ဂိုးတွေ နဲ့ ဦးဆောင်နိုင် ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့်ပွဲပြီးခါနီးမှာ ဘရက်ဒီ ရဲ့ ချေပဂိုးတဂိုးကိုခွင့်ပြုခဲ့ရလို့ ပြိုင်ပွဲစုံ၈ပွဲဆက် cleansheetမရတဲ့ မှတ်တမ်းဆိုးကိုပိုင်ဆိုင်သွားခဲ့ပါတယ်။

အမှတ်ပေးဇယားကို ဦးဆောင် နေတဲ့ လီဗာပူး အသင်းဟာ ယနေ့ ညညဉ့်နက် ပိုင်းမှာ မှ အဲဗာတန် အသင်းနဲ့ မာဆေးဆိုက်ဒ် ဒါဘီ အဖြစ် ဆင်နွှဲ သွားရဖို့ရှိနေ ပါတယ်။ဒါကြောင့် လည်းလတ်တလောမှာ မန်စီးတီး အသင်းက တပွဲပိုကစားထားပြီး ၈မှတ်အကွာအနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။

ဘန်လေ နဲ့ ပွဲစဉ်က ခြေစွမ်းဟာ ပြီးခဲ့တဲ့ ၂ရာသီ ဆက်မှာ ရယူထားနိုင် ခဲ့တဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဆုကြီးကို ဒီရာသီမှာလည်း လက်မလျှော့သေးဘူးဆိုတဲ့ သက်သေ ပြချက်မျိုးလားလို့ မေးမြန်းရာမှာတော့ ဂွာဒီယိုလာက – ” ချန်ပီယံဆုတိုက်ပွဲကပြီးသွားပါပြီ။ဘယ်သူမှကျွန်တော်တို့ကိုအခွင့်အရေးမပေးဘူးဆိုတဲ့သတင်းတွေဖတ်ခဲ့ရပါတယ်။တကယ်ကိုပြီးသွားပါပြီ ” လို့ဖြေခဲ့ပါတယ်။

ပွဲအပြီး မီဒီယာ တွေ့ဆုံ ပွဲမှာတော့ ဂွာဒီယိုလာက ဆက်လက်ပြီး – “လီဗာပူး အသင်း နဲ့ ကျွန်တော်တို့ကွာဝေးနေတဲ့  အကွာအဝေး ကြောင့်လည်း အရိုးသားဆုံး ဝန်ခံရမယ်ဆိုရင် ချန်ပီယံဆု အတွက် စဉ်းစားတယ် ဆိုတာ အတော်လေးကို ရူးသွပ်ရာကျပါတယ်။

အခုဆိုရင် ကျွန်တော်တို့ဟာ မန်ချက်စတာ ဒါဘီ ပွဲစဉ် အကြောင်းကို ပဲ တွေးထားရတော့မှာဖြစ်ပါတယ်။ပရီးမီးယားပြိုင်ပွဲတခုတည်းရှိတာမဟုတ်လို့ တပွဲချင်း စီ ချဉ်းကပ်ရမှာဖြစ်ပါတယ်။FAဖလား၊ ကရာဘောင်၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွေလည်းရှိနေပါတယ်။အရေးကြီးတော့ ဒီနေ့ပွဲကရစ်သမ်ကိုနောက်ပွဲတွေအထိသယ်ဆောင်သွားဖို့သာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ဘန်လေနဲ့ ပွဲမှာ ဘောလုံးပေးပို့မှု တွေ ပုံမှန်အတိုင်း များများစားစားလုပ်ဆောင်နိုင်ခဲ့တဲ့ အပေါ် ဂွာဒီယိုလာက – ” ပြီးခဲ့တဲ့ ပွဲတွေမှာထက် ပိုတဲ့ ဘောလုံး ပေးပို့ မှု တွေကို အခုပွဲမှာ လုပ်နိုင်ခဲ့တဲ့ အချက်ကြောင့် ကျေနပ်ဝမ်းသာမိပါတယ်။

ပြီးခဲ့တဲ့ ပွဲတွေမှာတုန်းကလည်း နောင်တတော့ မရှိခဲ့ပါဘူး။ဒါပေမယ့် ဘောလုံးပေးပို့မှုတေ သိပ်များများစားစား မလုပ်နိုင်ခဲ့တာကြောင့် မကောင်းတဲ့ ခံစားချက်မျိုးတော့ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ အသင်းကဘောလုံးပိုင်ဆိုင်ထားပြီး ဖြတ်တင်ဘောတွေကိုထပ်ခါထပ်ခါ ပြုလုပ်ဖို့ တည်ဆောက်ထားတာဖြစ်ပါတယ်။

တခါတလေမှာ ဘယ်ခြမ်းကနေပဲ ကစားကွက်စပြီး ဘယ်ခြမ်းကနေ ပဲအဆုံးသတ် ချင်တာဖြစ်ပေမယ့် ဘောလုံးနဲ့ ရွေ့လျားမှုတွေကတော့ လိုအပ်ပါတယ်။ဘန်လေလို ခံစစ်ကောင်းတဲ့ အသင်းကိုဒီလိုကစားမှပဲရပါလိမ့်မယ်။နေရာလွတ်တွေရှာဖွေဖို့လိုအပ်ခဲ့တာဖြစ်ပြီး ကျွန်တော်တို့ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR