မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ တစ်ပါတ်တုန်းက အိမ်ကွင်း မှာ အက်စတွန် ဗီလာ အသင်း ကို 2 – 1 ဆိုတဲ့ ရလဒ် နဲ့ ဦးဆောင် နေ ခဲ့တဲ့ အချိန် ပြိုင်ဖက် အသင်း ရဲ့ ဗဟို ခံစစ် ကစားသမား ဖြစ်သူ တိုင်ရွန်မင်း က 2 – 2 ဖြစ်စေမယ့် ချေပ ဂိုး သွင်းယူ သွားခဲ့ ပါတယ် ။

ဒါပေမယ့် အဆိုပါ သွင်းဂိုး ဟာ လူကျွံတယ် ဆိုပြီး သံသယ ဖြစ်ဖွယ် အနေအထား မှာ ရှိနေ ခဲ့တာ ကြောင့် VAR နဲ့ စစ်ဆေး ခဲ့ရ ပြီး အဆုံးသတ် မှာ VAR ဒိုင် တွေက ဂိုး အဖြစ် သတ်မှတ် ပေးခဲ့ ကြတာ ကြောင့် 2 – 2 ဆိုတဲ့ ရလဒ် ဟာ အတည် ဖြစ်ခဲ့ ရ ပါတယ် ။

အခုတော့ အက်စတွန် ဗီလာ အသင်း ရဲ့ တိုက်စစ် ကစားသ မား ဖြစ်သူ ဂျက် ဂရီလစ်ရှ် က အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ အသင်း ဖော် တိုင်ရွန်မင်း ဂိုး သွင်းယူ ခဲ့တဲ့ အချိန် ဒါဟာ သေချာပေါက် လူကျွံဘော ဖြစ်တယ် လို့ သူဟာ ပြိုင်ဖက် ခံစစ်မှူး ဟယ်ရီ မက်ဂွားယား ကို ပြောခဲ့ သေးကြောင်း ဝန်ခံ စကား ပြောကြား သွား ခဲ့လိုက် ပါတယ် ။

” အဲ့တာ က လူကျွံဘော ဖြစ်နေတယ် ဆိုတဲ့ အကြောင်း နဲ့ ပတ်သက် လို့ ကျွန်တော့် အိမ်ကို တောင် လောင်းကြေး အဖြစ် ထပ်နိုင် ရဲတဲ့ အထိ ယုံကြည် ခဲ့ ပါတယ် ။ ကျွန်တော် တို့ အဲ့ဒီ မှာ ရပ်ပြီး စောင့်နေ ခဲ့ကြ ပါတယ် ။ ကျွန်တော် ရယ် ၊ ဟယ်ရီ ရယ် ၊ ကွင်းလယ်ဒိုင် ရယ်ပေါ့ ”

” ကျွန်တော် ကိုယ်တိုင် တောင် ‘ သူ လူကျွံ နေခဲ့တယ် ၊ သူကျွံ နေတာ ငါ သိတယ် ‘ လို့တောင် ပြောနေ ခဲ့ပါ သေးတယ် ” လို့ ဂရီလစ်ရှ် က အဆိုပါ အချိန် တုန်းက သူဘာ ပြောခဲ့ သလဲ ဆိုတဲ့ အကြောင်း ဝန်ခံ စကား ပြောကြား သွားခဲ့ လိုက် ပါတယ် ။

အဆိုပါ အချိန် တုန်းက VAR နဲ့ အတူ အနှေး ပြကွက် မှာ ယူနိုက်တက် ဘယ် နောက်ခံ ကစားသမား လေး ဘရန်ဒန် ဝီလီယံ ဟာ လူကျွံ ထောင်ချောင် မဖမ်းနိုင် ခဲ့ပဲ ပြိုင်ဖက် ကစားသ မား ရဲ့ အရှေ့ မှာ ရှိနေ ခဲ့တာ ကြောင့် အက်စတွန် ဗီလာ အသင်း ဟာ သရေ တစ်မှတ် နဲ့ အိမ်ပြန် နိုင်ခဲ့ တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် ဂရီလစ်ရှ် က ကွင်းလယ်ဒိုင် ရဲ့ ဆုံးဖြတ်ချက် ချမှတ်မှု ထွက်ပေါ် လာ ခဲ့တဲ့ အချိန် သူနဲ့ မက်ဂွားယား တို့ရဲ့ စကား ပြောဆိုမှု တွေဟာ အဆိုပါ နေရာ မှာပဲ ပြီးဆုံး သွား ခဲ့တဲ့ အကြောင်း ဆက်လက် ပြောကြား သွားခဲ့ လိုက် ပါတယ် ။

” ကွင်းလယ်ဒိုင် ဘာပြော နေလဲ ဆိုတာ ကျွန်တော် တို့ ကြားခဲ့ ရ ပါတယ် ။ သူက ‘ ဒါဟာ ဂိုး ပဲ ‘ လို့ ပြောဆို ခဲ့တဲ့ နောက် ကျွန်တော့် စိတ်ထဲ ‘ နောက်မှ တွေးတော့မယ် ဟျောင့်ရေ ၊ အခုတော့ အောင်ပွဲ ခံပြီ ကွာ ‘ လို့ တွေးနေ ခဲ့ ပါတယ် ”

” VAR ကြောင့် အခုလို ဖြစ်ရပ် တွေက ခက်ခဲ တဲ့ အရာ တွေ ဖြစ်လာ ခဲ့ ပါပြီ ။ တစ်ခါတလေ မှာတော့ အဲ့တာ က ကောင်းမွန် ပါတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့တာ ကြောင့် အမှား တွေကို သိရှိ ရတယ်လေ ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး အရ ပြောရမယ် ဆိုရင်တော့ ကျွန်တော် အဲ့တာ ကို သိပ် မကြိုက် ပါဘူး ”

” ခင်ဗျား ဂိုးသွင်း ပြီးတဲ့ အချိန် မှာတောင် ပျော်ရွှင် နေလို့ မရ နိုုင်သေး ပါဘူး ။ တိုင်ရွန် ဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းက ပရိသတ် တွေ ရှေ့မှောက် သွားရောက် အောင်ပွဲ ခံချင် နေမှာ သေချာ လှ ပါတယ် ။ ဒါပေမယ့် VAR ကြောင့် အဲ့တာ က ဂိုး ရရဲ့ လား ၊ ဘာလား ဆိုတာ တွေးရင်း ချက်ချင်း မပျော် နိုင် ခဲ့ရ ပါဘူး ” လို့ ဂရီလစ်ရှ် က VAR အပေါ် သူ့ရဲ့ အမြင် တွေကို ဖွင့်ဟ ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar