၂၀၁၉ – ၂၀၂၀ အင်္ဂလိပ် ဘောလုံး ရာသီ ရဲ့ ရှေ့ပြေး လို့ ဆိုနိုင်တဲ့ ကွန်မြူ နတီ ဒိုင်း ပွဲ ကတော့ မန်ချက် စတာ စီးတီး ရဲ့ ၂ နှစ် ဆက် အောင်ပွဲ ခံ မှု နဲ့ အတူ ပြီးဆုံး သွားခဲ့ ပြီပဲ ဖြစ် ပါတယ် ။ မနှစ် က အမှတ်ပေး ဖလား နဲ့ FA Cup ၂ ခုစလုံး ကို စီးတီး တို့ ရရှိ ခဲ့တာ ကြောင့် အမှတ်ပေး ပြိုင်ပွဲ ရဲ့ ဒုတိယ ဆုရှင် လီဗာပူး နဲ့ ရာသီကြို ဖလား လုပွဲ ကို ဆင်နွဲ ခဲ့ရတာ ပဲ ဖြစ် ပါတယ် ။

သာမာန် ပွဲ ကစားချိန် မိနစ် ၉၀ အတွင်း မှာ တစ်ဖက် နဲ့ တစ်ဖက် ၁ ဂိုး စီ သရေ ကျ နေခဲ့တာ ကြောင့် ပင်နယ်တီ အဆုံး အဖြတ် ခံ ယူ ခဲ့ကြပြီး လီဗာပူး ဘက် က ၀ိုင်နယ်ဒမ် ရဲ့ ပင်နယ်တီ ကို ဘရာဗို ပုတ်ထုတ် နိုင် ခဲ့တာ ကြောင့် စီးတီး တို့ ပင်နယ်တီ ၅ – ၄ နဲ့ အနိုင် ရပြီး ကွန်မြူ နတီဒိုင်း ကို ကာကွယ် နိုင်ခဲ့ တာပဲ ဖြစ် ပါတယ် ။

အဆိုပါ ပွဲ မှာ ကစား သွားခဲ့ ကြတဲ့ ၂ ဖက် အသင်း သားတွေ ရဲ့ စွမ်းဆောင်ရည် ( Rating ) တွေ ကို အကဲ ဖြတ် သတ်မှတ် ကြည့် တဲ့ အခါ မှာတော့ –

မန်စီးတီး

ဘရာဗို – ၈.၅
ပွဲရဲ့ အနိုင် အရှုံး ကို ဂိုးသမားတွေ ရဲ့ လက်စွမ်း အပေါ်မှာ မူတည် ဆုံးဖြတ် ရတဲ့ ပင်နယ်တီ အားပြိုင်မှုမှာ စီးတီး အတွက် အကောင်းဆုံး စွမ်းဆောင် ပေးနိုင် ခဲ့ ပါတယ် ။

ကိုင်းလ် ဝေါ်ကာ – ၇
စီးတီး တို့ ဒီ ဒိုင်း ကို ရခဲ့တာ ဝေါ်ကာ ရဲ့ စွမ်းဆောင်မှု ကြောင့်လို့ ဆိုရရင် မမှားပါဘူး ။ ဝေါ်ကာ ရဲ့ ဂိုးစည်း ပေါ် က ဖျက်ထုတ် လိုက်တဲ့ နောက်ဆုံး မိနစ် ကာကွယ်မှု မရှိခဲ့ ရင် ပင်နယ်တီ အဆုံး အဖြတ်ဆိုတာလည်း ရှိလာ မှာ မဟုတ်တော့ ပါဘူး ။

ဂျွန်စတုန်း – ၆.၅
လီဗာပူး တိုက်စစ်မှုး ဖာမီနို ကို အခွင့် အရေး မရ အောင် ထိန်းနိုင် ခဲ့ ပေမယ့် ပြောင်မြောက်တဲ့ စွမ်းဆောင် ရည် မျိုးတော့ မရှိခဲ့ ပါဘူး ။

အော့တာမန်ဒီ – ၅.၅
ပွဲချိန် ကြာလာတာ နဲ့ အမျှ ကစားအား ကျလာခဲ့ပြီး ကိုပါ အမေရိက ပြိုင်ပွဲ က ပင်ပန်းမှု တွေ ရဲ့ အရှိန် မသေသေး ကြောင်း မြင်တွေ့ ခဲ့ရ ပါတယ် ။

ဇင်ချန်ကို – ၅.၅
မိုဆာလာ ကို မထိန်းချုပ် နိုင်ခဲ့ ပါဘူး ။ ဒါပေမယ့် အကယ်ဒမီ ထွက် လူငယ် တစ်ယောက် အတွက် တော့ ဒါကို အပြစ်လို့ မှတ်ယူဖို့ ခက်ခဲ နိုင် ပါတယ် ။

ကီဗင် ဒီဘရိုင်း – ၇
စီးတီး ကွင်းလယ် ရဲ့ ဗျုဟာမှုး ဖြစ်ခဲ့ ပါတယ် ။

Manchester City’s Ukrainian midfielder Oleksandr Zinchenko (R) jumps in to celebrate after Manchester City’s English midfielder Raheem Sterling (obscured) scored the opening goal during the English FA Community Shield football match between Manchester City and Liverpool at Wembley Stadium in north London on August 4, 2019. (Photo by Adrian DENNIS / AFP) / NOT FOR MARKETING OR ADVERTISING USE / RESTRICTED TO EDITORIAL USE

ရော့ဒရီ – ၆.၅
တာဝန် ကျေအောင် ကစားနိုင် ခဲ့ပြီး အသင်းသစ် နဲ့ စတင် ကစားခဲ့တဲ့ ပထမဆုံး ဖလားလုပွဲ က ခြေစွမ်း ဟာ မဆိုးလှဘူးလို့ သတ်မှတ် နိုင် ပါတယ် ။

ဒေးဗစ် ဆေးလ်ဗား – ၆
တိုက်စစ် နဲ့ ချိတ်ဆက်မှု မှာ လွဲချော်မှု အချို့ ရှိခဲ့ပြီး အသက်အရွယ် က လည်း ကစားပြော လာခဲ့ ပါတယ် ။

ဘာနာဒိုဆေးလ်ဗား – ၆
မနှစ်တုန်းက လောက် မာကျော ခြင်း မရှိတော့ သလို ထင်ခဲ့ရ ပါတယ် ။ ဒါပေမယ့်လည်း ဒါဟာ ရာသီ စတင်ခြင်း တောင် မပြု ရသေးတဲ့ အချိန် ဆိုတာ ကိုလည်း မေ့ထားလို့မရ သေးပါဘူး ။

ရာဟမ်း စတာလင် – ၇
ကောင်းမွန်တဲ့ ခြေစွမ်း ၊ လျှင်မြန်တဲ့ အရှိန် တွေ နဲ့ အတူ အဖွင့်ဂိုး ကို သွင်းယူပေး ခဲ့ ပါတယ် ။ ဒါပေမယ့် ၂ – ၀ နဲ့ ဦးဆောင် နိုင်မယ့် အပိုင် အခွင့် အရေးကို တော့ လက်လွှတ် ခဲ့ရ ပါတယ် ။ ဘယ်လောက်ပဲ တိုးတက် လာပါစေ ၊ စတာလင် က တော့ စတာလင် ပဲ ဖြစ်နေ ဆဲ ပါ ။

ဆာနေး – ၆
ဒဏ်ရာ ရရှိ သွားခဲ့တာ ကတော့ ဘိုင်ယန် ကို ပြောင်းရွှေ့ မယ့် ကိစ္စ အပေါ် သက်ရောက်မှု ရှိ ကောင်း ရှိလာ နိုင် ပါတယ် ။

လူစားဝင် ကစား သမားများ – ဂျေဆူး ၆ ၊ ဂန်ဒိုဂန် ၄ တို့ ဖြစ်ကြပြီး ဖိုဒန် ကတော့ အချိန် နည်းပါး လွန်းတာ ကြောင့် အကဲဖြတ် ဖို့ မလုံလောက် ခဲ့ ပါဘူး ။ နည်းပြ ဂွာဒီယိုလာ ရဲ့ Rating ကတော့ ၆ ဖြစ် ခဲ့ ပါတယ် ။

လီဗာပူး

အဲလစ်ဆွန် ဘက်ကာ – ၅
ပွဲချိန် အတွင်း အားနည်းချက် အချို့ ရှိခဲ့ သလို ပင်နယ်တီ ကာကွယ်မှု မှာလည်း မသေသပ် မှု အချို့ ရှိခဲ့ ပါတယ် ။

အလက်ဇန်းဒါး အာနိုး – ၅.၅

မနှစ်တုန်းက ခြေစွမ်းမျိုး ကို ရှာဖွေ ဖို့ ရုန်းကန် နေရ ဆဲပါပဲ ။ ဖြတ်တင်ဘော တွေ ကလည်း လိုရာ ကို မရောက် ဖြစ်နေခဲ့ရ ပါတယ် ။

ဂျိုးဂိုးမက် – ၇.၅
အစပိုင်းမှာ မတည်ငြိမ်မှု အချို့ ရှိခဲ့ ပေမယ့် ပွဲချိန် ကြာလာတာ နဲ့ အမျှ ပိုမို ကောင်းမွန် သူ ဖြစ်လာခဲ့ ပါတယ် ။

ဗန်ဒိုက် – ၈.၆
ဗန်ဒိုက် ကတော့ ဗန်ဒိုက် ဖြစ်နေ ဆဲပါပဲ ။ အသင်းရဲ့ ခံစစ် ကို ဦးဆောင် နိုင်ခဲ့ သလို ချေပဂိုး ရှင် အဖြစ် နဲ့ ကပ်ပြီး လွဲချော် ခဲ့ပေမယ့် အရေးပါ တဲ့ ချေပဂိုး ကိုတော့ ဖန်တီးပေး နိုင်ခဲ့ ပါတယ် ။

အန်ဒရူး ရောဘတ်ဆန် – ၇
လီဗာပူး အသင်းဘက်မှာ ပွဲချိန် တစ်လျောက်လုံး ခြေစွမ်း တည်ငြိမ်သူ ကို ပြပါဆိုရင် ရောဘတ်ဆန် ကို ညွှန်းဆို ရမှာ ဖြစ် ပါတယ် ။ ဘာနာဒို ဆေးလ်ဗား ကို ကောင်းစွာ ထိန်းထားနိုင် ခဲ့ ပါတယ် ။

ဟန်ဒါဆင် – ၇.၅
ဒုတိယပိုင်းမှာ အသင်း ကို အကောင်းဆုံး မောင်းနှင် ပေးခဲ့ပြီး ချေပဂိုး ရစေမယ့် ပြစ်ဒဏ် ဘော ကို စတင် အသက်သွင်းပေး ခဲ့ ပါတယ် ။

ဖာဘင်ဟို – ၆
ကျရာ နေရာမှာ အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပိုကောင်းတဲ့ သူ ဖြစ်လာဖို့ တော့ လိုအပ် နေပါသေးတယ် ။

ဝိုင်နယ်ဒမ် – ၇
ပင်နယ်တီ မ၀င်ခဲ့ ပေမယ့် ပွဲချိန် အတွင်း က စွမ်းဆောင်မှု တွေ ကတော့ ပြောင်မြောက် ခဲ့ ပါတယ် ။ လီဗာပူး ရဲ့ ရှုံးပွဲ အတွက် ၀ိုင်နယ်ဒမ် ကို ဗီလိန် အဖြစ် သတ်မှတ် မယ် ဆိုရင် တရားမျှတ နိုင်မှာ မဟုတ်ပါဘူး ။

မိုဟာမက်ဆာလာ – ၈
ဒုတိယ ပိုင်း ပွဲချိန် နှောင်းပိုင်း မှာ စိးတီး ခံစစ် နဲ့ ဂိုးသမား တို့ ကို အကြီး အကျယ် ဒုက္ခ ပေးနိုင် ခဲ့ ပါတယ် ။

ဖာမီနို – ၇
အသင်းကို ပြန်ရောက်လာတာ မကြာသေးပေမယ့် အလျှင် အမြန် အသားကျပြိး စီးတီး ခံစစ် ကို အလုပ်ရှုပ် စေခဲ့ ပါတယ် ။

အိုရီဂီ – ၆
မာနေး ရဲ့ နေရာ ကို ၀င် ကစားခဲ့ ပေမယ့် မာနေး ရဲ့ ကွက်လပ် ကို မဖြည့်ဆည်း နိုင်ခဲ့ ပါဘူး ။

လူစားဝင် ကစား သမားများ – မာတစ် – ၇ ၊ ကီတာ ၇ ၊ လယ်လာနာ ၆ ၊ ရှာကွီရီ ၆ ၊ ချန်ဘာလိန် ၆ တို့ ဖြစ်ကြ ပြီး နည်းပြ ကလော့ ရဲ့ Rating က တော့ ၇ ဖြစ် ပါတယ် ။

SPORTS MYANMAR