ချယ်လ်ဆီး အသင်း ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ တမ်မီ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ အပတ် ကြားရက် ထဲမှာ ကစား သွားခဲ့တဲ့ ဗလင်စီယာ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာ ဒဏ်ရာ ရရှိ ခဲ့တာကြောင့် ၊ စနေနေ့ က ကစားခဲ့တဲ့ ဝက်စ်ဟမ်း အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် က ဝါရင့် တိုက်စစ်မှူး အိုလီဗီယာ ဂျရူး ကို အစားထိုး ပွဲထုတ် ခဲ့ပါတယ် ။

သို့ပေမယ့် ဂျရူး လည်း ခြေစွမ်းပြဖို့ ရုန်းကန် ခဲ့ရကာ ၊ ဒုတိယပိုင်း မှာတော့ ဟတ်ဒ်ဆန် အိုဒွိုင်း နဲ့ လူစားလဲခြင်း ခံခဲ့ ရပါတယ် ။ အိုဒွိုင်း ဝင်ရောက် လာပြီးနောက် ၊ ဘယ်တောင်ပံ တိုက်စစ် က ပူလီဆစ် ဟာ အထောင် တိုက်စစ် နေရာ မှာ False 9 ပုံစံ နဲ့ ပြောင်းလဲ ကစား ပေးခဲ့ ရပါတယ် ။ သို့ပေမယ့် တခါမှ ကစားခဲ့ဖူးတဲ့ နေရာ မဟုတ်တဲ့ အတွက် ပူလီဆစ် လည်း အတော်လေး ရုန်းကန် ခဲ့ရတာ ကို တွေ့ခဲ့ ရပါတယ် ။

လက်ရှိ ချယ်လ်ဆီး အသင်း ရဲ့ အထောင် တိုက်စစ်ပိုင်း မှာ အေဘရာဟမ် မှ မကစား ပေးနိုင်ဘူး ဆိုရင် ၊ ဂျရူး နဲ့ ဘတ်ရှူဝါရီ တို့ဟာ လမ်းပတ် ရဲ့ တိုက်စစ် အချိတ်အဆက် ကစားဟန် မှာ ဘယ်လို မှ မဆင်မပြေဘူး ဆိုတာ ကို ဒီနှစ် ဘောလုံး ရာသီ အတွင်း မကြာခဏ ဆိုသလို ၊ မြင်တွေ့ ခဲ့ရပါတယ် ။ မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲ မှာတော့ လမ်းပတ် က အေဘရာဟမ် နေရာ အတွက် လုံလောက်တဲ့ ခြေစွမ်း မရှိနေသေးတဲ့ ဂျရူး ၊ ဘတ်ရှူဝါရီ တို့ဖက် က ကာကွယ် ပြောဆို သွားခဲ့ပါတယ် ။

လမ်းပတ် က ” ရလဒ် တခု အတွက် ကျွန်တော် တို့ဟာ အသင်းလိုက် ကစားပုံ ကို အရင် ကြည့်ရပါတယ် ။ ပရီးမီးယားလိဂ် ပွဲစဉ် အားလုံး ဟာ ခက်ခဲမှု ရှိတာကြောင့် ၊ ရလဒ်ဆိုး တခု ကို ရင်ဆိုင်ရတိုင်း ကစားသမား တယောက်တည်း ရဲ့ အပြစ် လို့ သတ်မှတ်မယ် ဆိုရင် မှားသွားပါလိမ့်မယ် ။ အသင်းလိုက် ၊ ကစားသမား တယောက်ချင်းစီ အတွက် အဲ့ဒီ ရလဒ် အတွက် တာဝန် ကိုယ်စီ ရှိကြပါတယ် ။ ”

” အခု မော်ဒန် ဘောလုံးလောက မှာတော့ ကျွန်တော် တို့ ခေတ်တုန်း က အနေအထား နဲ့ အနည်းငယ် ကွဲပြား သွားပါပြီ ။ မော်ဒန် ဘောလုံးသမား တယောက် ဟာ အသင်းလိုက် ကစားဟန် ၊ ပွဲများစွာ ကစားပေးနိုင်မှု စသဖြင့် လိုက်ပါ လုပ်ဆောင် နိုင်ရပါမယ် ။ ဒါ့အပြင် ဘယ် ကစားသမား ပဲ ဖြစ်ဖြစ် ၊ လိုအပ်တဲ့ အချိန် ပေးဆပ်နိုင်စွမ်း ရှိရပါမယ် ။ ဒါက ဘယ်လိုမှ လွယ်ကူမှာ မဟုတ်တာ ကျွန်တော် သိပါတယ် ။ ”

” ကျွန်တော် တို့ရဲ့ တောင်းဆိုမှု တွေ အရမ်း များပြား နေတယ် ဆိုတာလည်း သိပါတယ် ။ ဒါပေမယ့် အဲ့လို တောင်းဆို သလောက် ပြည့်ဖို့ ဆိုတာ ကလည်း ကိုယ့်ရဲ့ လေ့ကျင့်မှု ၊ ပွဲ အတွက် ကြိုတင် ပြင်ဆင်မှု အပေါ် မှာ အများကြီး မူတည် နေပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဆက်လက်ပြီး လမ်းပတ် က တိုက်စစ်မှူး ၃ဦး ရှိတဲ့ အတွက် ၄င်းတို့ကို စိတ််ချမ်းသာအောင် ထားရတာ လည်း အလုပ် တခု ဖြစ်ကြောင်း ဆိုလာခဲ့ပါတယ် ။

လမ်းပတ် က ” ဟုတ်ပါတယ် ။ မော်ဒန် ဘောလုံး လောက မှာ မန်နေဂျာတိုင်း ဟာ ကစားသမား တွေကို ပျော်ရွှင်အောင် ထားရမယ် ဆိုတဲ့ အချက် မှာ အတော်လေး အဆင်ပြေချင်ကြပါတယ် ။ ခင်ဗျား ရဲ့ အလုပ် ဟာ ကစားသမား တွေနဲ့ ခင်ဗျား အကြား ဆက်ဆံရေး ၊ ကစားသမား တွေရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှု အနေအထား တွေ အပေါ် အများကြီး တည်မှီ နေပါတယ် ။ အရင် ကတည်းက ကျွန်တော် ပြောခဲ့ဖူးသလို ပါပဲ ၊ အသင်းသား တွေနဲ့ ကျွန်တော့ အကြား မှာ ဘာ ပြဿနာ မှ မရှိနေခဲ့ပါဘူး ။ ”

” သူတို့ တွေဟာ အကောင်းဆုံး ကြိုးစား လေ့ကျင့် နေကြတယ် ၊ အချင်းချင်း ရိုင်းပင်း ကသညီ ကြသလို ၊ ပျော်ပျော်ရွှင်ရွှင် ၊ ခင်ခင်မင်မင် ပေါင်းသင်း ဆက်ဆံ နေကြတာ ဖြစ်ပါတယ် ။ အနိုင်ရရင် ကျွန်တော် တို့ အောင်ပွဲ ခံကြမယ် ၊ တချို့ ကစားသမား တွေ ပွဲထွက်ခွင့် ရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေ ၊ တယောက် ကို တယောက် ကူညီ ပေးဖို့ အသင့်ပါပဲ ။ ဒါဟာ မော်ဒန် ဘောလုံး လောက စည်းမျဉ်း စည်းကမ်း တွေပါပဲ ။ ”

” ဟုတ်ပါတယ် ။ ပွဲထွက်ခွင့် ရဖို့ ဆိုတာ ကစားသမားတိုင်း အတွက် စိန်ခေါ်မှု တခုပါ ။ သူတို့ တွေဟာ စိတ်ခံယူချက် ကိုယ်စီ ရှိကြတဲ့ လူသား တွေ ဖြစ်တာကြောင့် ကစားခွင့် တွေကို အပတ်တိုင်း လိုချင် ကြပါတယ် ။ ဒါကြောင့်မို့ သူတို့ တွေ အခွင့်အရေး မျှမျှတတ ရဖို့ အတွက် ကို ကျွန်တော် အမြဲ သတိထား စောင့်ကြည့် နေရပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR