ဘန်လေ နည်းပြ ရှောင်ဒိုက်က လီဗာပူး ဟာ ရုပ်ဆိုးဆိုး နိုင်ပွဲတွေ ရယူ နိုင်စွမ်း ရှိတဲ့ အရည်အသွေးကို ပိုင်ဆိုင်ထား တာကြောင့် ပရီးမီးယားလိဂ် title race မှာ မန်ချက်စတာစီးတီး အသင်းထက် နှာတစ်ဖျား သာနေတယ်လို့ ဆိုလိုက်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ စနေနေ့ အစောပိုင်း က နယူးကာဆယ် အသင်းနဲ့ စိန့်ဂျိမ်းပက်မှာ ၂ ဂိုးစီ သရေကျ သွားခဲ့ပြီး လီဗာပူး ဟာ ဒီအခွင့်အရေးကို အသုံးချကာ အန်ဖီးမှာ ဘရိုက်တန် အနိုင်ကစား ခဲ့တာကြောင့် လက်ရှိ ချန်ပီယံ ကို ၁၁ မှတ်ထိ ဖြတ်ထား လိုက်နိုင်ပါတယ်။

ဒါပေမယ့် စီးတီးဟာ မနေ့ညက ဘန်လေကို အဝေးကွင်း မှာ ၄ ဂိုး ၁ ဂိုးနဲ့ အနိုင် ရရှိခဲ့ပြီးနောက် ထိပ်ဆုံး က လီဗာပူး ကို ၈ မှတ်အကွာနဲ့ ပြန်လည် ဖိအားပေး လိုက်ပြီး တစ်ပွဲလျော့ နေတဲ့ ယာဂန်ကလော့ ရဲ့ အသင်း ကတော့ ယနေ့ညမှာ မာဆေးဆိုက် ဒါဘီ အဖြစ် အဲဗာတန် ကို အန်ဖီးမှာ လက်ခံ ကစားရမှာ ဖြစ်ပါတယ်။

မန်စီးတီး ဟာ ဘန်လေနဲ့ ပွဲစဥ် ပြီးနောက် ခက်ခဲတဲ့ ပွဲကျပ် ကာလကို ကျော်ဖြတ် ရတော့မှာ ဖြစ်ပြီး လာမည့် ပရီးမီးယားလိဂ် ၃ ပွဲမှာ မန်ချက်စတာယူနိုက်တက် နဲ့ ဒါဘီပွဲ ၊ အဲဒီနောက် အာဆင်နယ် ၊ လက်စတာ တို့နဲ့ ဆက်တိုက် ကစား သွားရမှာ ဖြစ်ပြီး ဖလားပြိုင်ဘက် လီဗာပူး ကတော့ အဲဗာတန် နဲ့ မာဆေးဆိုက် ဒါဘီအပြီးမှာ ဘုန်းမောက် ၊ ဝက်ဖို့ဒ်တို့နဲ့ ကစား ရမှာ ဖြစ်တာကြောင့် စီးတီးထက် အများကြီး ပွဲချောင် နေပါတယ်။

ဒါပေမယ့်လည်း ဘန်လေ နည်းပြ ရှောင်ဒိုက် ကတော့ ဒီရာသီ လီဗာပူး တို့ ရုပ်ဆိုးဆိုး နိုင်ပွဲတွေ ရယူ နိုင်တဲ့ အရည်အသွေးကြောင့် ပရီးမီးယားလိဂ် ဖလား အတွက် တိုက်ပွဲဟာ ပြီးကောင်း ပြီးသွား နိုင်ပြီလို့ ယူဆ နေပါတယ်။

ရှောင်ဒိုက် က “လီဗာပူး ဟာ သူတို့ အကောင်းဆုံး မကစား နိုင်တဲ့ နေ့မှာတောင် နိုင်ပွဲ ရယူ နိုင်စွမ်း ရှိတဲ့ အရည်အသွေး ကို သင်ယူ လေ့လာ နိုင်ခဲ့ပါတယ်။ သူတို့မှာ လိုအပ်ရင် လိုအပ်သလို ရုပ်ဆိုးဆိုး နိုင်ပွဲတွေ ရယူ နိုင်စွမ်း ရှိနေပါတယ်။ ဒါဟာ ကြီးမားတဲ့ ခြေလှမ်းလို့ ကျွန်တော် ထင်ပါတယ်။ အကယ်၍ အမှတ်ပေးဖလား ဆွတ်ခူး ချင်တယ် ဆိုရင် အသင်း တစ်သင်း အနေနဲ့ တက်နိုင်သမျှ နည်းလမ်း ပေါင်းစုံ နဲ့ နိုင်ပွဲတွေ ရယူ နိုင်စွမ်း ရှိနေ ရပါမယ်။ ကျွန်တော် ကတော့ လီဗာပူး ဟာ ဒီခြေလှမ်းကို လှမ်းနိုင် ခဲ့ပြီလို့ ထင်ပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ စနေနေ့က ဘရိုက်တန် နဲ့ ပွဲမှာ ခက်ခဲတဲ့ အခြေအနေ နဲ့ ကြုံတွေ့ ခဲ့ရပေမယ့် သူတို့ အနိုင် ရရှိ ခဲ့ပါတယ်။ ကျွန်တော် ကတော့ ဒါဟာ အရမ်းကို အရေးပါတဲ့ အရာလို့ ယူဆပါတယ်။ ကျွန်တော် ကတော့ စီးတီးဟာ ထိပ်တန်း အသင်ကြီး အဖြစ် ရှိနေဆဲလို့ ထင်ပါတယ်။ သူတို့ဟာ မြင့်မားတဲ့ အဆင့်အတန်းမှာ ရှိနေပေမယ့်လည်း ဒဏ်ရာ ပြသနာ အချို့ ကြုံတွေ့ သွားခဲ့တဲ့ အခါ သူတို့ အသင်းရဲ့ ဟန်ချက် နဲ့ လုပ်ဆောင်မှုတွေကို သက်ရောက်မှု ရှိသွား ခဲ့ပါတယ်။” လို့ ပြောသွားပါတယ်။

ငယ်ဘဝ က လီဗာပူး ပရိတ်သတ် တစ်ဦး ဖြစ်တဲ့ ရှောင်ဒိုက်က ဒီရာသီ စီးတီးရဲ့ ဒဏ်ရာ ပြသနာတွေ အကြောင်း ပြောသွားခဲဲ့ပြီး ဒါတွေဟာ ပရီးမီးယားလိဂ် ဖလားကို ၃ နှစ် ဆက်တိုက် ဆွတ်ခူးဖို့ ကြိုးစား နေတဲ့ အသင်းရဲ့ ရည်မှန်းချက်ကို ဘယ်လောက်တောင် သက်ရောက်မှု ရှိစေသလဲ ဆိုတာ ပြောသွား ခဲ့ပါတယ်။

ဘန်လေ နည်းပြ က “စီးတီးဟာ အင်အား တောင့်တင်း နေပေမယ့် ကစားသမားကောင်း တွေကို ခေါ်ယူကာ လိုအပ်တဲ့ နေရာတွေကို အားဖြည့် နေဆဲ ဖြစ်တာကြောင့် ကျွန်တော် သူတို့ ကိုယ်စား ဝမ်းနည်း နေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အနေနဲ့ အမြင့်ဆုံး အဆင့်မှာ ရှိနေတာကြောင့် မျှော်လင့်ထားမှု တွေကလည်း ကြီးမား ပါတယ်။ အကယ်၍ ကိုယ့်အသင်း ရဲ့ ဟန်ချက်ကို ပိုမို ကောင်းမွန် စေတဲ့ အဓိက ကစားသမား အချို့ကို ဆုံးရှုံး ခဲ့ရမယ် ဆိုရင် ဒါဟာ သူတို့ကို ထိခိုက်မှု ရှိစေပြီး ဒါဟာ အမှတ်ပေးဖလား ကို လက်လွှတ် ရနိုင်တဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်ပါတယ်။

စီးတီးနဲ့ ပက်သက်ပြီး အားနည်းချက် ဆိုတာဟာ ကျွန်တော် သိပ်ပြီး ကြားလေ့ ရှိတဲ့ စကားလုံး မဟုတ်ပါဘူး။ ဒါပေမယ့် ဒဏ်ရာ ပြသနာ အချို့ဟာ သူတို့ရဲ့ စုဖွဲ့မှုကို သက်ရောက်မှု ရှိစေတယ်လို့ ကျွန်တော် ပြောရမှာ ဖြစ်ပါတယ်။

SM