တော့တင်ဟမ် ဟော့ စပါး အသင်း နဲ့ ရင်ဆိုင် ကစား ရမယ့် ပွဲစဉ် မတိုင်မီ မန်ချက်စတာ ယူနိုက်တက် အသင်း နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား က အသင်း ရဲ့ ပွဲထွက် ကစားသမား စာရင်း မှ ချန်လှပ် လို့ မရ နိုင်တဲ့ ကစားသမား ဆိုတာ မရှိ ကြောင်း ၊ ကစားသမား တိုင်းက အသင်း မှာ အနာဂတ် ရှိနိုင်ရေး အတွက် ကြိုးစား ရမှာ ဖြစ်ကြောင်း သတိပေး စကား ပြောကြား ခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီ ဘောလုံး ရာသီ မှာ ပရီးမီးယား လိဂ် ပွဲစဉ် 14 ပွဲ အထိ ကစား ထားခဲ့ ပြီး 4 ပွဲသာ အနိုင် ရနိုင် သေးခြင်း နဲ့ အတူ အမှတ်ပေး ဇယား အဆင့် 10 နေရာ မှာ ရမှတ် 18 မှတ် နဲ့ ရပ်တည် နေခဲ့ ရ ပါတယ် ။

ဒါဟာ အမှတ်ပေး ဇယား ကို ဦးဆောင် နေတဲ့ ခါးသီး ပြိုင်ဖက် လီဗာပူး အသင်း အောက် 22 မှတ် အကွာ မှာ ရပ်တည် နေရခြင်း ဖြစ်ပြီး ချန်ပီယံ လိဂ် ဝင်ခွင့် ရဲ့အောက် 8 မှတ် အကွာ မှာ ရပ်တည် နေခဲ့ ရခြင်း ပဲ ဖြစ်ပါတယ် ။

ဒါ့ကြောင့် ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ဟာလည်း ဖိအား တွေအောက် ကို ကျရောက် နေခဲ့ ပြီး အထုတ်ပယ် ခံရ ဖို့ သတင်းကြီး လာခဲ့ ပါတယ် ။ ထို့အတူ အဆိုပါ နေရာ အတွက် တော့တင်ဟမ် ဟော့ စပါး အသင်း ရဲ့ နည်းပြ ဟောင်း ပိုချက်တီနို က ရေပန်းစား လာခဲ့ ပါတယ် ။

ဒီလို အခိုက်အတန့် မျိုးမှာ ယူနိုက်တက် ပရိသတ် အချို့ က အသင်း ရဲ့ ပွဲစဉ် တွေမှာ 11 ပွဲဆက် ပါဝင် ကစား ပေးခဲ့ ပြီး ထူးခြား ကောင်းမွန် တဲ့ ခြေစွမ်း မပြနိုင် သေးတဲ့ ကွင်းလယ်လူ အန်းဒရိစ် ပါရဲရား ကို ပွဲဆက် ရွေးချယ် အသုံးပြု စေတဲ့ အပေါ် ဝေဖန် ခဲ့ကြ ပါ သေးတယ် ။

ဒါ့အပြင် အသင်း ရဲ့ အားထား ရတဲ့ တောင်ပံ တိုက်စစ် ကစား သမား ဖြစ်သူ အန်သိုနီ မာရှယ် ဟာလည်း အသင်း အတွက် နောက်ဆုံး 4 ပွဲ ကစားပေး ခဲ့ရာ ဂိုး မသွင်း နိုင်သေး ပဲ ဆက်တိုက် ရုန်းကန် နေခဲ့ ရခြင်း ကလည်း ပြောစရာ တစ်ခု ဖြစ်ခဲ့ ရ ပါတယ် ။

အန်သိုနီ မာရှယ် ဟာ ယူနိုက်တက် အတွက် နောက်ဆုံး ပွဲထွက် ကစား ပေး ခဲ့တဲ့ ရှက်ဖီး ယူနိုက်တက် နဲ့ အက်စတွန် ဗီလာ ပွဲစဉ် တွေမှာ လူစား လဲခံ ခဲ့ရ ပါတယ် ။ အက်စတွန် ဗီလာ နဲ့ ပွဲစဉ် မှာတော့ မာရှယ် ဟာ ဒဏ်ရာ ရရှိ ခဲ့ပုံ မပေါ်ပဲ လူစား လဲခံ ခဲ့ရတာ ကြောင့် အဝတ် လဲခန်း ထဲ စိတ်ပျက်စွာ ထွက်ခွာ သွားခဲ့ တာကို မြင်တွေ့ ခဲ့ရ ပါ သေးတယ် ။

အခုတော့ ချန်လှပ် လို့ မရ နိုင်တဲ့ ကစားသမား မရှိ ကြောင်း ပြောကြား ခဲ့တဲ့ အချိန် မှာတော့ ဆိုးလ်ရှား ဟာ ကွင်းလယ်လူ ပါရဲရား နဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ အန်သိုနီ မာရှယ် တို့ရဲ့ နာမည် တွေကို သုံးစွဲ သွားခဲ့ ပါတယ် ။

” ကစားသမား တွေ ထဲမှာ ချန်လှပ် ထားလို့ မရ နိုင်တဲ့ ကစား သမား ဆိုတာ မရှိ ပါဘူး ။ ကျွန်တော် အရင် တုန်းက ပြောကြား ခဲ့ သလို ပါပဲ ။ ကစားသမား တွေက အနာဂတ် တစ်ခု မှာ ရေရှည် ပွဲထွက် ကစား ခွင့်တွေ ရယူ နိုင်ဖို့ အတွက် ကြိုးစား နေကြ ပါတယ် ”

” လက်ရှိ အချိန် မှာတော့ ကျွန်တော် တို့ တွေဟာ ဒဏ်ရာ ပြသနာ တွေ ကြုံနေ ရတဲ့ အခိုက်အတန့် တွေကို ပိုင်ဆိုင် ထားရ ပါတယ် ။ ဒါ့ကြောင့် အခြား သူတွေ က ပွဲထွက် ကစား ခွင့်တွေ ပိုင်ဆိုင် နေခဲ့ ကြရ တာပါ ”

” ကျွန်တော် က အန်းဒရိစ် (ပါရဲရား) ၊ အန်သိုနီ (မာရှယ်) ၊ ဒါမှမဟုတ် အခြား ကစားသမား တစ်ဦး တစ်ယောက် နဲ့ အကြောင်း ပြော နေတာ မဟုတ် ပါဘူး ။ ကျွန်တော် ကိုယ်တိုင် က ပွဲထွက် ခွင့် အတွက် အာမခံချက် မရှိတဲ့ ဒီ အသင်း မှာ ကစား ခဲ့ ဖူးသူ ပါ ။ ကျွန်တော် တို့ အသင်း ကို အဲ့ဒီလို ပုံစံ တစ်ခု ဆီ ခေါ်ဆောင် သွားလို နေကြ တာပါ ” လို့ ဆိုးလ်ရှား က ပြောကြား သွားခဲ့ လိုက် ပါတယ် ။

#Sports_Myanmar