တနင်္လာနေ့ ညမှာ လီယွန်နယ် မက်ဆီ ဟာ ဗာဂျယ် ဗန်ဒိုက် နဲ့ ခရစ္စတီယာနို ရိုနယ်ဒို တို့ကို ကျော်ဖြတ်ပြိး ရွှေဘောလုံး ဆု ကို ၆ ကြိမ်မြောက် ဆွတ်ခူး ရရှိ ခဲ့ ပါတယ် ။ ဒါဟာ ရွှေဘောလုံး ဆု ပေးပွဲ သမိုင်း တစ်လျောက် ကစား သမား တစ်ဦး တည်းက နေ အကြိမ် အများ ဆုံး ရရှိ နိုင် ခဲ့တာ ဖြစ်ပြီး မက်ဆီ နဲ့ ရိုနယ်ဒို တို့ အကြား က အားပြိုင်မှု တွေ ကို လည်း တိုးတိတ် စေခဲ့ ပါတယ် ။

အာဂျင်တီးနား သားကြီး ဟာ အသက် ၃၀ ကျော်လာ ပေမယ့် အခု အချိန် အထိ ပြောင်မြောက် ကောင်းမွန် တဲ့ ဘောလုံး စွမ်းရည် တွေကို ပြသ နေဆဲ ဖြစ် ပါတယ် ။ မက်ဆီ ရဲ့ ဘဝ တစ်လျောက် မှာ ပြိုင်ဘက် ပေါင်း များစွာ ကို ရင်ဆိုင် ခဲ့ရပြီး အတော်များများ က မက်ဆီ ဟာ ပြိုင်ဘက် ကင်းတဲ့ သူ ဆိုတာ ကို ထုတ်ဖော် ချီးကျုး ခဲ့ကြ ပါတယ် ။

ဒါကြောင့် အခုလို မျိုး ၆ ကြိမ်မြောက် ရွှေဘောလုံး ဆုရှင် ဖြစ်လာ ချိန် မှာ လီယွန်နယ် မက်ဆီ ကို ဂုဏ်ပြု တဲ့ အနေနဲ့ မက်ဆီ ကို အကောင်းဆုံး လို့ ချီးကျုး ပြောဆို ခဲ့ကြ ဖူးတဲ့ နာမည်ကျော် ဘောလုံး သမားတွေ ၊ နည်းပြ တွေ ရဲ့ စကား အချို့ ကို ပြန်လည် ဖော်ပြ ပေးလိုက် ရ ပါတယ် ။

“ဒီ ကမ္ဘာကြီး ပေါ်မှာ လီယွန်နယ် မက်ဆီ လုပ်ပြ ခဲ့တဲ့ ၊ စွမ်းဆောင် ပြခဲ့တဲ့ အရာ တွေ ကို လိုက်ပြီ လုပ်ဆောင် ပြနိုင် မယ့် နောက်ထပ် လူသား တစ်ဦး ကို မြင်တွေ့ ရဖို့ ဆိုတာ မဖြစ်နိုင် တော့ပါဘူး” – ဘူဖွန် ( အီတလီ ဂိုးသမားကြီး )

“အာဂျင်တီးနား သားတွေ ရဲ့ အမြင် မှာတော့ မာရာဒိုနာ က သမိုင်း မှာ အခြား သော ကစား သမား တွေ ထက် အလင်းနှစ် တွေ အများကြီး ရှေ့ ရောက် နေတယ် လို့ ပြောကြ ပါတယ် ။ ကျွန်တော့ ရဲ့ အမြင် ကတော့ လီယွန်နယ် မက်ဆီ ပါပဲ” – ဆာဂျီယို ရာမိုစ့် ( ရီးရဲ မက်ဒရစ် )

“မက်ဆီ ဟာ ကမ္ဘာ့ အကောင်းဆုံး ကစား သမား လို့ ကျွန်တော် ထင် ပါတယ် ။ အကောင်းဆုံး ဆိုတဲ့ ဆု တွေ ကို မက်ဆီ ကစား နေ သရွေ့ သူ့ ကိုပဲ ပေးသင့် တာပါ ။ ရွှေဘောလုံး ဆု နဲ့ ပတ်သက်ပြီး ဘာမှတ်ချက် မှ ကျွန်တော် မပေးချင် ပါဘူး ။ မက်ဆီ ဟာ ကမ္ဘာ့ အကောင်းဆုံး ဘောလုံး သမား အဖြစ် ရှိနေ သေးပြီး ချန်ပီယံ လိဂ် ဖိုင်နယ် ရောက်ခြင်း မရောက်ခြင်း က ဒါကို အဆုံး အဖြတ် ပေးနိုင်မယ် မထင်ပါဘူး” – ဗာဂျယ် ဗန်ဒိုက် ( လီဗာပူး )

“ရိုနယ်ဒို နဲ့ ရင်ဆိုင် ရပြီ ဆိုပါစို့ ၊ ဂိုးဧရိယာ ရဲ့ ညာဘက်ခြမ်း ကို သူ ၀င်မသွား ဖို့ ကို အဓိက ကြိုးစား တားဆီး ရမှာပါ ။ ဒါပေမယ့် မက်ဆီ နဲ့ ရင်ဆိုင် ရပြီ ဆိုရင် တော့ ဘုရား သခင်ဆီ မှာ ဆုတောင်း ထားတာ အကောင်းဆုံး ပဲ ဖြစ် မှာပါ” – ချီယာလီနီ ( အီတလီ ၊ ယူဗင်တပ် )

“ကျွန်တော့ အတွက် တော့ မက်ဆီ ဟာ ဘောလုံး ကမ္ဘာ ရဲ့ အကောင်းဆုံး ကစား သမားပါ ။ သူ့ကို ရင်ဆိုင် ရတာ တကယ် မလွယ် ပါဘူး ။ တစ်ခါ တလေ သူ့ကြောင့် ကိုယ့်မှာ ဆိုးဆိုး ရွားရွား ဖြစ်သွားတာ မျိုးတွေ ရှိတတ် ပါတယ် ။ တစ်ခါ တလေတော့ လည်း သူ့ကို တားလိုက် နိုင်ပါတယ် ။ ဘာပဲ ဖြစ်ဖြစ် မက်ဆီ ကို မတားနိုင် လို့ ဆိုပြီး ကျွန်တော့ ဘဝ ကို အဆုံးသတ် ပစ် စရာ မရှိပါဘူး” – ဂျရုမ်း ဘိုတန် ( ဘိုင်ယန် ၊ ဂျာမဏီ )

“အကောင်းဆုံး ပုံစံ သာ ရမယ် ဆိုရင် မက်ဆီ က ကျွန်တော် မြင်ဖူး သမျှ ထဲမှာ ကမ္ဘာ့ အကောင်းဆုံး ပါ ။ ကျွန်တော့ ဘဝ တစ်လျောက် မှာ သူ့ ထက်ပိုကောင်း တဲ့ ကစား သမားမျိုး မမြင် ခဲ့ဖူး ပါဘူး” – ဟမ်းမဲလ် ( ဒေါ့မွန် ၊ ဂျာမဏီ )

“မက်ဆီ ဟာ ကမ္ဘာ့ အကောင်းဆုံး ကစား သမားပါ ။ သူ့ကို တားချင် တယ် ဆိုရင်တော့ ပြန်ပေးဆွဲ မှ ဖြစ် ပါလိမ့်မယ်” – ဟွမ်ဘားနက် ( ဘိုင်ယန် တောင်ပံ ကစား သမား ဟောင်း )

“မက်ဆီ ကစားတာ ကို မြင်လိုက် ရချိန် မှာ သူ ဟာ ရွှေဘောလုံး ကို နှစ်တိုင်း ရမယ့်သူလို့ ကျွန်တော် ခံစား မိခဲ့ ပါတယ်” – ပေါ်လို မာဒီနီ ( အေစီမီလန် ဂန္ထဝင် ကစား သမားကြီး )

“မက်ဆီ က လူသား တစ်ယောက် မဟုတ်နိုင် ပါဘူး ။ ဒါပေမယ့် သူက တော့ သူ့ကိုယ် သူ လူသား တစ်ယောက် လို့ ပဲ တွေးထင် ထားတုန်းပါ” – မာရှေယာနို ( အာဂျင်တီးနား နှင့် ဘာစီလိုနာ အသင်းဖော်ဟောင်း )

“မက်ဆီ ဟာ ဘောလုံး သမိုင်း တစ်လျောက် ရွှေဘောလုံး ဆုကို အများဆုံး ရယူနိုင်သူ ဖြစ်လာ မှာပါ ။ သူ က 5 ခု 6 ခု 7 ခု လောက် ရနိုင် ပါတယ် ။ သူဟာ နှိုင်းယှဉ် လို့ မရတဲ့ ကစား သမားမျိုးပါ” – ယိုဟန်ခရပ် ( ဘာစီလိုနာ နှင့် နယ်သာလန် ဂန္ထဝင်ကြီး )

“ကျွန်တော့ အတွက်တော့ မက်ဆီ ကစားတာကို ကြည့် နေရတာ နဲ့ ပဲ စိတ်ကျေနပ်မှု အပြည့် ရရှိ နေ ပါတယ်” – လူးဝစ် ဖီဂို ( ပေါ်တူဂီ ဂန္ထဝင် ကစားသမားကြီး )

“သူ့ရဲ့ အလားအလာ က အဆုံး မရှိ ပါဘူး ။ သူ ဟာ အာဂျင်တီးနား ဘောလုံး သမိုင်း ရဲ့ အကြီးကျယ် အခမ်းနားဆုံး ဘောလုံး သမား တစ်ယောက် ဖြစ်လာ ပြီး အရာအားလုံး ကို သိမ်းပိုက် နိုင် ပါလိမ့်မယ်” – ဒီယေဂို မာရာဒိုနာ ( အာဂျင်တီးနား ဂန္ထင် ဘောလုံး သမားကြီး )

“မက်ဆီ ဘောလုံး ကစား နေတာ က ဂိမ်းထဲ ကလို ပါပဲ ။ မယုံကြည် နိုင်လောက်အောင် ကောင်းတဲ့သူပါ ။ ဘောလုံး ကို လုံးဝ သိနားမလည် တဲ့ သူတွေ တောင်မှ မက်ဆီ ကောင်းတယ် ဆိုပြီး ပြောနေကြပါတယ် ။ တကယ့်ကို အံ့ဖွယ် ပါပဲ” – ဇလာတန် အီဘရာဟီမိုဗစ်ချ် ( ဘာစီလိုနာ အသင်းဖော်ဟောင်း )

“မက်ဆီ လား . . . . ကျွန်တော့ အတွက် တော့ အမြဲတမ်း အကောင်းဆုံးပါပဲ” – ၀ိန်းရွန်းနီ ( မန်ချက် စတာ ယူနိုက်တက် ဂန္ထဝင် )

“ကျွန်တော် ရိုနယ်ဒို ဆီကနေ သင်ယူခဲ့ ရတာလေးတွေ ရှိပါတယ် ။ သူတိုးတက်လာတာကို လည်း ကိုယ်တိုင် မြင်ခဲ့ ရပါတယ် ။ သူဟာ တကယ်ကို အရည်အသွေးရှိပြီး ကြိုးစားတဲ့သူပါ ။ ဒါပေမယ့် မက်ဆီ ကတော့ ပါရမီရှင် ပါပဲ ။ တစ်သက်မှာ တစ်ခါ သာ မြင်တွေ့ နိုင်လောက်တဲ့ သူမျိုးပါ” – ရိုင်ယန်ဂစ် ( မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် )

“ရိုနယ်ဒို ဟာ လူတိုင်း ကို အံ့အားသင့်အောင် လုပ်ပြ နိုင် ပါတယ် ။ သူ့ရဲ့ လျှင်မြန်မှု နဲ့ ခွန်အားတွေ က တကယ့်အံ့မခန်း ပါပဲ ။ ဒါပေမယ့် မက်ဆီ က ပိုကောင်းတဲ့ ကစား သမားပါ” – ပေါလ်စခိုး ( မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် )

“ဇီဒန်း ၊ ဖီဂို ၊ ရိုနယ်ဒို ၊ ခရစ္စတီယာနို တို့လို လူတွေနဲ့ တွဲ ကစားခဲ့ဖူးတဲ့ အတွက် အရမ်းကို ဂုဏ်ယူ မိပါတယ် ။ ဒါပေမယ့် မက်ဆီ က သူတို့ အားလုံး နဲ့ ခြားနားတဲ့ သူပါ” – ရာအူးလ် ဂွန်ဇာလက် ( ရီးရဲ ဂန္ထဝင် တိုက်စစ်မှုးဟောင်း )

SPORTS MYANMAR