၂၀၁၉ ခုနှစ် အတွက် Ballon D’or ဆုပေး ပွဲ ကတော့ ပြီးဆုံး သွားခဲ့ ပါပြီ ။ အာဂျင်တီးနား နဲ့ ဘာစီလိုနာ တိုက်စစ်မှုး လီယွန်နယ် မက်ဆီ က သူ့ဘဝ တစ်လျောက် ၆ ကြိမ်မြောက် ရွှေဘောလုံး ဆု ကို သိမ်းပိုက် သွားခဲ့ ပြီး နယ်သာလန် နဲ့ လီဗာပူး ခံစစ်မှုး ဗာဂျယ် ဗန်ဒိုက် က ဒုတိယ ၊ ပေါ်တူဂီ နဲ့ ယူဗင်တပ် တိုက်စစ်မှုး ခရစ္စတီယာနို ရိုနယ်ဒို က တတိယ နေရာ ကနေ ရပ် တည်ခဲ့ ကြပါတယ် ။

မက်ဆီ ဟာ ရွှေဘောလုံး ဆု အတွက် အမှတ်ပေါင်း ၆၈၆ မှတ် ရရှိ ခဲ့ပြီး ဗာဂျယ် ဗန်ဒိုက် က 679 မှတ် ရရှိ ခဲ့ ပါတယ် ။ သူတို့ ၂ ယောက် အကြား က အမှတ် ကွာခြားမှု ဟာ 7 မှတ် သာ ရှိ ခဲ့ပြီး ဗန်ဒိုက် အနေနဲ့ မက်ဆီ ကို အကောင်းဆုံး ယှဉ်ပြိုင် နိုင်ခဲ့ တယ်လို့ သတ်မှတ် လို့ရနိုင် ပါတယ် ။

တတိယ က ရိုနယ်ဒို ဟာ 476 မှတ် သာ ရခဲ့ သလိုု လီဗာပူး တိုက်စစ် အတွဲ ဖြစ်တဲ့ ဆာလာ နဲ့ မာနေး တို့ က 347 နဲ့ 178 မှတ် အသီးသီး ရရှိ ကာ စတုတ္ထ နဲ့ ပဥ္စမ နေရာတွေ ရရှိ ခဲ့ကြ ပါတယ် ။ ဗန်ဒိုက် ရဲ့ ပရိသတ်တွေ ကတော့ 7 မှတ် တည်းနဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ ဆု တစ်ခု ကို လွဲချော် ခဲ့ရတာ ကြောင့် နှမြောတသ ဖြစ်နေမှ အမှန် ပါပဲ ။

ဒါပေမယ့် ရွှေဘောလုံး ဆု ပေးပွဲ သမိုင်း မှာ ဒီထက် အမှတ် ပို ကပ် ခဲ့တဲ့ နှစ် ရှိခဲ့ ဖူး ပါတယ် ။ အဲ့ဒီ အချိန် တုန်းက ထွန်းတောက်စ ပြု နေတဲ့ ဘရာဇီးသားလေး ဟာ ဥရောပ ဂျာနယ်လစ် တွေ စုပေါင်းမဲ ပေး မှု မှာ ဥရောပ ကစား သမားကြီး ကို ကပ်ပြီး အရေးနိမ့် ကာ ရွှေဘောလုံး ဆု ကို လက်လွှတ် ခဲ့ရ ပါတယ် ။ သူကတော့ ရိုနယ်ဒို နာဇာရီယို ပါပဲ . . .

၁၉၉၆ ခုနှစ် အတွက် ရွှေဘောလုံး ဆုပေး ပွဲ မှာ ဘောလုံး ကမ္ဘာကြီး ကို အံ့သြ မင်သက်မှု တွေ ပေးစွမ်း ဖို့ အရှိန်ယူ နေတဲ့ ဘရာဇီးသားလေး ( အဆိုပါ အချိန် က အသက် ၂၀ သာ ရှိသေး ) ဟာ ဂျာမန် ဘောလုံး အကျော် အမော် ကြီး မက်သီးယပ် ဆမ်းမား ရဲ့ နောက် ဒုတိယ နေရာ မှာ ရပ်တည် ခဲ့ ပါတယ် ။

ဒေါ့မွန် နဲ့ ဂျာမဏီ လက်ရွေးစင် ဆမ်းမား ဟာ ရမှတ် ၁၄၄ မှတ် ရရှိ ခဲ့ပြီး ရိုနယ်ဒို လေး ဟာ ၁၄၃ မှတ် အထိ ရရှိကာ အလွန် နီးကပ် တဲ့ အထိ ရောက်ရှိ ခဲ့ ပါတယ် ။ သူတို့ အကြား မှာ ၁ မှတ်သာ ကွာခဲ့ပြီး ဒါဟာ ရွှေဘောလုံး ဆုပေးပွဲ သမိုင်း တစ်လျောက် အမှတ် ကွာဟမှု အနည်းဆုံး နှစ် အဖြစ် မှတ်တမ်း ၀င်သွား ခဲ့ပါတယ် ။

ရိုနယ်ဒို ဟာ ကနဦး က ၁၄၁ မှတ် ရရှိ ခဲ့ ပါတယ် ။ ဒါပေမယ့် မြောက်အိုင်ယာလန် ဟာ သူတို့ရဲ့ မဲပေးမှု ကို ပြန်လည် ပြင်ဆင် ခဲ့တာကြောင့် အပို ၂ မှတ် ထပ် ရကာ ၁၄၃ မှတ် အထိ တိုးသွားခဲ့ တာပဲ ဖြစ် ပါတယ် ။ ဒီလို မျိုး ရွှေဘောလုံး ဆု ကို ကပ်လွဲခဲ့ရ ပေမယ့် ရိုနယ်ဒို ရဲ့ အနာဂါတ် ကတော့ ပြောင်းလဲ မှု မရှိခဲ့ ပါဘူး ။

နောက် တစ်နှစ် ( 1997 ) မှာတော့ ရိုနယ်ဒို ဟာ ရွှေဘောလုံး ဆု ကို ဒုတိယ နေရာက ကစား သမား ထက် အမှတ် ၁၀၀ ကျော် အသာ ရရှိပြီး ထိုက်ထိုက် တန်တန် ဆွတ်ခူး ရရှိ သွားခဲ့ ပါတယ် ။ ဒါဟာ ရိုနယ်ဒို နာဇာရီယို ဆိုတဲ့ ကစား သမား တစ်ဦး ကို ဘောလုံး ကမ္ဘာကြီး က စတင် အသိ အမှတ်ပြု ခဲ့မှု ရဲ့ အစ ဖြစ် ခဲ့ ပါတယ် ။

ဗာဂျယ် ဗန်ဒိုက် ဟာ လည်း ၂၀၁၉ ခုနှစ် ရွှေဘောလုံး ဆုပေးပွဲ မှာ မက်ဆီ ဆိုတဲ့ ဘောလုံး အကျော် အမော်ကြီး ကို 7 မှတ် တည်း နဲ့ ကပ်ပြီး အရေးနိမ့် ခဲ့ ပါတယ် ။ ဒါဟာ ဗန်ဒိုက် ကို ဘယ်လိုမျိုး ပြောင်းလဲ သွားစေ နိုင် မှာလဲ . . . ရိုနယ်ဒို လို မျိုး နောက်တစ်ကြိမ် စင်မြင့်ထက်ကို ပြန်လာပြီး ရွှေဘောလုံးဆု ကို ထိတွေ့ ကိုင်မြှောက် နိုင် မှာလား ဆိုတာ စောင့်ကြည့် ချင်စရာ ကောင်းလှ ပါတယ် ။

SPORTS MYANMAR