ဒီဇင်ဘာလထဲ ကို ရောက်လာပြီ ဆိုတာ နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ကို ဆက်တိုက် ကြည့်ရှု အားပေး ရတော့ မှာ ဖြစ် ပါတယ် ။ စနေ ၊ တနင်္ဂနွေ နေ့ တွေတုန်းက ပွဲစဉ် ( ၁၄ ) ကို ကစား သွားခဲ့ သလို ၂ ရက် အကြာ မှာ ပဲ ပွဲစဉ် ( ၁၅ ) ကို ဆက်လက် ယှဉ်ပြိုင် ကစား ကြမှာ ပဲ ဖြစ် ပါတယ် ။ ပွဲစဉ် ( ၁၄ ) မှာ ချဲလ်ဆီး နဲ့ မန်ချက်စတာ စီးတီး တို့ အမှတ်တွေ လျော့ခဲ့ပြီး ဦးဆောင်သူ လီဗာပူး နဲ့ အမှတ် ကွာဟမှု တွေ ပိုများ လာခဲ့ ပါတယ် ။ လက်စတာ စီးတီး ကတော့ အဲဗာတန် ကို နောက်ဆုံး မိနစ် သွင်းဂိုး နဲ့ အနိုင် ရကာ လီဗာပူး နဲ့ ၈ မှတ် အကွာ မှာ ဆက်လက် ရပ်တည် နေခဲ့ ပါတယ် ။

ဒီတစ်ခေါက် ပွဲစဉ် တွေထဲ မှာ မန်ချက် စတာ ယူနိုက်တက် နဲ့ တော့တင်ဟမ် ဟော့စပါး တို့ရဲ့ ပွဲက ပရိသတ်တွေ ကို စိတ်ဝင်စားမှု အမြင့်ဆုံး ဖြစ်အောင် ဆွဲဆောင် နိုင် သလို လီဗာပူး နဲ့ အဲဗာတန် တို့ရဲ့ မာဆေးဆိုက် ဒါဘီ က လည်း ဖျော်ဖြေမှုတွေ ပေးစွမ်း မှာ သေချာ ပါတယ် ။

ပဲလေ့စ် နဲ့ မန်စီးတီး တို့ ကတော့ ယမန်နေ့ ညကပွဲတွေ မှာ နိုင်ပွဲ ကိုယ်စီ ရရှိခဲ့ကြ ပါတယ် ။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် တွေ အတွက် မိုက်ကယ် အိုဝင် ၊ ချာလီ နီကိုလပ်စ် နဲ့ မာတင် လော်ရင်ဆန် တို့ ရဲ့ခန့်မှန်း ချက်တွေ ကို ပေါင်းစပ် ဖော်ပြ ပေးလိုက် ရပါတယ်

ယနေ့ ည မှာ ကစားမယ့် ပွဲတွေ မှာတော့ ချဲလ်ဆီး အသင်း က အက်စ်တွန် ဗီလာ ကို အနိုင် ယူလိမ့်မယ် လို့ ၃ ဦး စလုံးက ခန့်မှန်းခဲ့ ကြပါတယ် ။ အိုဝင် နဲ့ လော်ရိုး တို့ က ချဲလ်ဆီး ကို အနည်းဆုံး ၂ ဂိုးပြတ် နဲ့ အနိုင် ရမယ် လို့ ခန့်မှန်း ခဲ့ကြပြီး ချာလီ နီကိုလပ်စ် ကတော့ ကပ်နိုင်လိမ့်မယ် လို့ ခန့်မှန်းခဲ့ ပါတယ် ။

လီဗာပူး နဲ့ အမှတ် အနီးဆုံး အသင်းဖြစ်တဲ့ လက်စတာ စီးတီး က တော့ အိမ်ကွင်းမှာ ၀က်ဖိုဒ့် ကို လက်ခံ ကစား ရမှာ ဖြစ် ပါတယ် ။ ဂျေမီ ဗာဒီ ဂိုးသွင်းခြေမှန် နေပြီး ပုံစံ ကောင်း ရနေတဲ့ လက်စတာ ဟာ ၀က်ဖိုဒ့် ကို ဂိုးပြတ် အနိုင် ရမယ်လို့ အိုဝင် တို့ ၃ ဦး စလုံးက ခန့်မှန်း ခဲ့ကြ ပါတယ်ရှင် . . .

ဗုဒ္ဓဟူးနေ့ည ပွဲစဉ်တွေ ရဲ့ ပရိသတ် စိတ်ဝင်စားမှု အများဆုံး ဖြစ်လာမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတို့ရဲ့ ပွဲစဉ် မှာတော့ မော်ရင်ဟို ရဲ့ စပါး အသင်း က အနိမ့်ဆုံး သရေ ကစား သွားမယ် လို့ သုံးသပ် ထားခဲ့ကြ ပါတယ် ။ အိုဝင် နဲ့ ချာလီနီကိုလပ်စ် တို့ က သရေကျမယ် လို့ သုံးသပ် ခဲ့ပြီး လော်ရိုး ကတော့ နည်းဗျုဟာ ပိုကောင်းတဲ့ မော်ရင်ဟို က အနိုင်ရမယ် လို့ ခန့်မှန်းခဲ့ ပါတယ် ။ ဒါ့အပြင် သွင်းဂိုးများမယ် လို့လည်း ခန့်မှန်း ထားခဲ့ကြ ပါတယ် ။

ဆောက်သမ်တန် နဲ့ နောဝှစ် ၊ ၀ုဗ် နဲ့ ၀က်စ်ဟမ်း ပွဲစဉ် တွေ မှာ လည်း ခန့်မှန်းသူ တွေ ဟာ အိမ်ရှင် အသင်းတွေ က အနိမ့်ဆုံး သရေ ရလဒ် ထွက်ပေါ် လာအောင် ကစားနိုင် လိမ့်မယ် လို့ ခန့်မှန်းခဲ့ကြ ပါတယ် ။ ရှက်ဖီး ယူနိုက်တက် နဲ့ နယူးကာဆယ် ယူနိုက်တက် တို့ရဲ့ ပွဲစဉ် ကတော့ သရေကျဖို့ အလားအလာ များတယ် လို့ သုံးသပ် ခဲ့ကြ ပါတယ် ။

ပွဲစဉ် ( ၁၅ ) ရဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာမယ့် မာဆေးဆိုက် ဒါဘီ မှာတော့ အဆင့် ၁ က လီဗာပူး ပဲ အနိုင် ရမယ် လို့ ခန့်မှန်း သုံးသပ် ခဲ့ကြ ပါတယ် ။ ဒါပေမယ့် ဒါဘီ ပွဲစဉ် ဖြစ်သလို ဖိအားတွေ များနေတဲ့ အဲဗာတန် အသင်းရဲ့ ရုန်းအား ကို သတိပြု ရမှာ ဖြစ်တာ ကြောင့် ဂိုးပြတ် နိုင်ဖို့ တော့ မသေချာ ဘူးလို့ ခန့်မှန်း သုံးသပ်မှု တွေရှိခဲ့ ပါတယ်. . .

ပွဲစဉ် ( ၁၅ ) ရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်တဲ့ အာဆင်နယ် နဲ့ ဘရိုက်တန် အသင်းတို့ရဲ့ ပွဲစဉ် မှာတော့ အိမ်ရှင် အာဆင်နယ် က အနည်းဆုံး ၂ ဂိုး ပြတ်နဲ့ အနိုင် ရရှိလိမ့်မယ် လို့ သုံးသပ်သူ ၃ ဦး စလုံး က ခန့်မှန်း သွားခဲ့ ကြ ပါတယ် . . . .

၁ ။ ချဲလ်ဆီး – ဗီလာ

လော်ရိုး – ချဲလ်ဆီး ၂ – ၀ ဗီလာ
အိုဝင် – ချဲလ်ဆီး ၃ – ၁ ဗီလာ
ချာလီနီကိုလပ်စ် – ချဲလ်ဆီး ၂ – ၁ ဗီလာ

၂ ။ လက်စတာ – ၀က်ဖိုဒ့်

လော်ရိုး – လက်စတာ ၂ – ၀ ၀က်ဖိုဒ့်
အိုဝင် – လက်စတာ ၃ – ၀ ၀က်ဖိုဒ့်
ချာလီနီကိုလပ်စ် – လက်စတာ ၃ – ၀ ၀က်ဖိုဒ့်

၃ ။ မန်ချက်စတာ ယူနိုက်တက် – တော့တင်ဟမ် ဟော့စပါး

လော်ရိုး – မန်ယူနိုက်တက် ၀ – ၂ စပါး
အိုဝင် – မန်ယူနိုက်တက် ၂ – ၂ စပါး
ချာလီနီကိုလပ်စ် – မန်ယူနိုက်တက် ၂ – ၂ စပါး

၄ ။ ဆောက်သမ်တန် – နောဝှစ်ချ်

လော်ရိုး – ဆောက်သမ်တန် ၁ – ၁ နောဝှစ်ချ်
အိုဝင် – ဆောက်သမ်တန် ၂ – ၁ နောဝှစ်ချ်
ချာလီနီကိုလပ်စ် – ဆောက်သမ်တန် ၂ – ၁ နောဝှစ်ချ်

၅ ။ ၀ုဗ် – ၀က်စ်ဟမ်း

လော်ရိုး – ၀ုဗ် ၂ – ၀ ၀က်စ်ဟမ်း
အိုဝင် – ၀ုဗ် ၁ – ၁ ၀က်စ်ဟမ်း
ချာလီနီကိုလပ်စ် – ၀ုဗ် ၂ – ၁ ၀က်စ်ဟမ်း

၆ ။ လီဗာပူး – အဲဗာတန်

လော်ရိုး – လီဗာပူး ၂ – ၀ အဲဗာတန်
အိုဝင် – လီဗာပူး ၂ – ၁ အဲဗာတန်
ချာလီနီကိုလပ်စ် – လီဗာပူး ၂ – ၀ အဲဗာတန်

7 ။ ရှက်ဖီး ယူနိုက်တက် – နယူးကာဆယ်

လော်ရိုး – ရှက်ဖီး ၂ – ၁ နယူးကာဆယ်
အိုဝင် – ရှက်ဖီး ၁ – ၁ နယူးကာဆယ်
ချာလီနီကိုလပ်စ် – ရှက်ဖီး ၁ – ၁ နယူးကာဆယ်

၈ ။ အာဆင်နယ် – ဘရိုက်တန်

လော်ရိုး – အာဆင်နယ် ၂ – ၀ ဘရိုက်တန်
အိုဝင် – အာဆင်နယ် ၂ – ၁ ဘရိုက်တန်
ချာလီနီကိုလပ်စ် – အာဆင်နယ် ၃ – ၁ ဘရိုက်တန်

SPORTS MYANMAR