* အာဆင်နယ် အသင်းဟာ နိုဝင်ဘာလ အတွက် တစ်လတာ အကောင်းဆုံး ကစားသမား ဆန်ကာတင်စာရင်းကို ထုတ်ပြန်​ ကြေညာလိုက်ပြီ ဖြစ်ပြီး တိုက်စစ်မှူး အူဘာမီယန်း ၊ ဂိုးသမား လီနို ၊ ကွင်းလယ်လူ ဂွမ်ဒူဇီ တို့ ပါဝင် လာခဲ့ပါတယ် ။

* အာဆင်နယ် အသင်းဟာ နိုဝင်ဘာလ တစ်လတာ အကောင်းဆုံး သွင်းဂိုးဆု အတွက် ဆန်ကာတင် စာရင်းကို ထုတ်ပြန် ကြေညာလိုက်ပါတယ် ။ အဆိုပါ သွင်းဂိုးတွေကတော့ –
ထရေစ့် ကွိုင်လီ ( Vs တော့တင်ဟမ် ယူ-၂၃)
အူဘာမီယန်း ( Vs ဝုလ်ဗာဟမ်တန် )(Vs ဖရန့်ဖတ်)
တိုင်ရီဂျွန်ဂျူးစ် ( Vs ကိန်းဘရစ်ချ် ယူနိုက်တက်)(Vs ဆောက်သမ်တန် ယူ-၂၃)
မူစတာဖီ ( Vs ဗစ်တိုးရီးယား)
ကင်လစ်တယ် ( Vs တော့တင်ဟမ်(W) )
ဒန်နီရယ် အိုရီဂုတ်(Vs ဖူလ်ဟမ် ယူ-၁၈)
မီဒမ်မာ ( Vs လီဗာပူး ( W) )
စမစ်ရို ( Vs ဗီလာရီးရဲလ် ယူ-၂၃ )

* အာဆင်နယ် အသင်းဟာ အက်ဖ်အေ ဖလား တတိယ အဆင့် ပွဲစဥ် အဖြစ် အိမ်ကွင်း အမ်းမရိတ်မှာ လိဒ်ယူနိုက်တက် အသင်းကို ဧည့်ခံ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။ အာဆင်နယ် နဲ့ လိဒ်ယူနိုက်တက် အသင်းပွဲကို ဇန်နဝါရီ ၃ ရက်နေ့ နဲ့ ၆ ရက်နေ့ကြား တစ်ရက်ရက်မှာ ကစားသွားမယ်လို့ သိရပါတယ် ။

* ဘရိုက်တန် အသင်း နဲ့ ပွဲမတိုင်မှီ အာဆင်နယ် အသင်း ဆေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် အရ ကွင်းလယ်လူ စီဘယ်လောစ့် ဟာ ဒဏ်ရာ အရှင်း မပျောက်သေးတာကြောင့် ဒီဇင်ဘာလလယ်လောက်မှ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မယ်လို့ သိရပါတယ် ။ ဘယ်လာရင် ကတော့ ဘရိုက်တန် နဲ့ ပွဲမှာ ပါဝင် ကစားနိုင်မလား ဆိုတာ ကြံ့ခိုင်မှု စစ်ဆေးရဦးမှာ ဖြစ်ပြီး ကျန်ကစားသမားတွေ အားလုံးကတော့ ဒဏ်ရာ ကင်းစင်နေပါတယ် ။

* အာဆင်နယ် အသင်း ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က ယာယီ နည်းပြ ဖြစ်လာတဲ့ တပည့်ဟောင်း ယွန်းဘတ် အကူအညီ လိုအပ်ပါက ပေးဖို့ အဆင်သင့် ရှိကြောင်း နဲ့ အသင်းကို အကောင်းဆုံး ဦးဆောင် နိုင်ပါစေလို့ ဆုတောင်း စကား ဆိုသွား ခဲ့ပါတယ် ။

* ဂန်းနား ဂန္တဝင်ဟောင်း ဖရက်ဒီ ယွန်းဘတ် က အာဆင်နယ် အသင်း ယာယီ နည်းပြ အဖြစ် တာဝန်ယူ ကိုင်တွယ်ခွင့် ရတာဟာ သူ့ဘဝရဲ့ဂုဏ်အယူရဆုံး အခိုက်အတန့် သုံးခုထဲမှာ ပါဝင်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

* Calciomerctao ရဲ့ ဖော်ပြချက် အရ အာဆင်နယ် အသင်းဟာ ဂျူဗင်တပ်စ် အသင်းရဲ့ တူရကီ နောက်ခံလူ ဒီမီရယ် ( Dimiral ) ကို ခေါ်ယူနိုင်ဖို့ ဘယ်လာရင် ကို အလိုက်ပေး ကမ်းလှမ်း သွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ် ။ ဂျူဗင်တပ်စ် အသင်းဟာ ဒီမီရယ် အတွက် ပေါင် ၃၄ သန်းဝန်းကျင် အလို ရှိနေပါတယ် ။

* အာဆင်နယ် ယာယီ နည်းပြ ယွန်းဘတ် က ဘရိုက်တန် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ သူ့ရဲ့ ဆရာ ဖြစ်သူ အာဆင်ဝင်းဂါး နဲ့ တွေ့ဆုံ ဆွေးနွေး စကား ပြောဖို့ အစီအစဉ် ရှိကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့ပါတယ် ။

* အာဆင်နယ် အသင်းရဲ့ နောက်ခံလူဟောင်း လက်ချ်စတိုင်နာ က အူနိုင်း အမ်မရီ ဟာ နည်းပြကောင်း တစ်ဦး ဖြစ်ပေမယ့် ထိပ်တန်း ကစားသမားတွေဆီကနေ စွမ်းဆောင်ရည်ကောင်းတွေ ရရှိအောင် လုပ်ဆောင်နိုင်မှု အပိုင်းမှာတော့ အားနည်းခဲ့ကြောင်း ဆိုပါတယ် ။

* ဂန်းနားတို့ရဲ့ ဂန္တဝင် ဂိုးသမားကြီး ဒေးဗစ်ဆီမန်း က အာဆင်နယ် အသင်းသားတွေ အားလုံး နီးပါးဟာ နည်းပြသစ် အဖြစ် တော့တင်ဟမ် နည်းပြဟောင်း ပိုချက်တီနို ကို အလိုရှိမယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြား လိုက်ပါတယ် ။

* ဂန်းနား တိုက်စစ်မှူးဟောင်း အလန်စမစ် က ( ၁၉၈၇ – ၁၉၉၅ အထိ ကစားခဲ့သူပါ ။ ) က အာဆင်နယ် အသင်း အနေနဲ့ မန်စီးတီး အသင်း လက်ထောက် နည်းပြ အာတီတာ ကို အမြဲတမ်း နည်းပြ အဖြစ် ခန့်အပ်နိုင်အောင် ကြိုးစားသင့်ကြောင်း တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR