ရီးရဲလ် အသင်းရဲ့ တောင်ပံ တိိုက်စစ် ကစားသမား တဦး ဖြစ်တဲ့ ဂါရတ်ဘေးလ်က ဟိုဆေးမော်ရင်ဟို ဟာ စပါး အသင်းအတွက် ပြီးပြည့်စုံကောင်း မွန်တဲ့ နည်းပြ တဦးဖြစ်တယ် လို့ ချီးကျူးလိုက်ပါတယ်။ ဘေးလ်ရဲ့ အသင်းဟောင်းစပါး တို့ဟာ နည်းပြပိုချက်တီနိုကို ထုတ်ပယ်ခဲ့ အပြီးမှာ ဒီပေါ်တူဂီသား ကြီးကို တာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟို ပထမဆုံးကိုင်တွယ်ခဲ့တဲ့ ပွဲမှာ ပဲ စပါးအသင်းကဒီရာသီ ပထမဆုံး အဝေးကွင်းနိုင်ပွဲ ကို ရရှိခဲ့တဲ့ အထိအဖွင့်လှခဲ့ပါတယ်။ဒါ့အပြင် သူ့ရဲ့ လက်ထက်ပြိုင်ပွဲစုံ ၃ပွဲ အပြီးမှာ ၃ပွဲလုံး အနိုင်ရ ရှိအောင်စွမ်းဆောင် ထားနိုင် ခဲ့ပါတယ်။

 

စပါး အသင်းဟာ ပိုချက်တီနိုကိုင်တွယ် ခဲ့တဲ့ ၅နှစ်ကျော် ကာလအတွင်းမှာ တိုးတက်မှုတွေ အများကြီးရှိခဲ့ ပြီး အသင်းရဲ့သမိုင်း တလျှောက် ပထမဆုံးအဖြစ် ချန်ပီယံ လိဂ်ဖိုင်နယ်ကို ယမန်နှစ်က တက်ရောက်နိုင်ခဲ့ပါတယ်။ဒါပေမယ့် လီဗာပူးကိုအရေးနိမ့်ခဲ့လို့ ဆုဖလားနဲ့ ကပ်လွဲထားခဲ့ရတာ ဖြစ်ပါတယ်။

စပါး ဘုတ်အဖွဲ့ဝင်တွေဟာ ဆုဖလားအောင်မြင်မှုတွေ ရယူပေးနိုင်ခြင်း မရှိခဲ့သေးတဲ့ ပိုချက်တီနိုကို ဒီရာသီအစပိုင်း မှာ ပါ ဆိုးရွားတဲ့ရလဒ်တွေ ထပ်ပြီး ကြုံတွေ့ ခဲ့လို့ အားချင်းဆိုသလိုထုတ်ပယ် ခဲ့တာဖြစ်ပါတယ်။ဘေးလ် ကတော့ မော်ရင်ဟိုဟာ အသင်းကို ဆုဖလားအောင်မြင်မှုတွေရယူပေးနိုင်ဖို့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့သုံးသပ်သွားခဲ့ပါတယ်။

BT Sport နဲ့ အင်တာဗျူးမှာ ဘေးလ်က – ” မော်ရင်ဟို လို နည်းပြ တဦးကို ရရှိထားပြီ လို့ ကြေငြာ လိုက်တာဟာ စပါး အသင်း ရဲ့အံ့မခန်းထုတ်ပြန်ချက်မျိုးဖြစ်ပါတယ်။သူဟာ အောင်မြင်မှု တွေကို တန်းစီ ပြီးရယူထားနိုင်သူတဦးဖြစ်တယ် လို့ ကျွန်တော်ထင်ပါတယ်။ဆုဖလား အောင်မြင်မှုတွေလိုနေတဲ့ စပါး အသင်းအတွက်တော့ မော်ရင်ဟိုလို နည်းပြမျိုးနဲ့ ပူးပေါင်း ဆောင်ရွက်တာထက် ပိုတဲ့ ပေါင်းစည်းမှုမျိုး မရှိနိုင်တော့ ဘူးလို့ ကျွန်တော်ထင်ပါတယ်။သူတို့ဟာ အတူတကွကြိုးစားကြမှာဖြစ်ပြီး ဆုဖလားအချို့ ရရှိကြပါလိမ့်မယ် ” လို့ပြောခဲ့တာ ဖြစ်ပါတယ်။

ဘေးလ်ဟာ ၂၀၁၃ ခုနှစ်မှာ စပါး အသင်းကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့ ခဲ့တာဖြစ်ပြီး လတ်တလော အခြေအနေတွေအရ ဘာနေဗျူးမှာ အနာဂတ် ဆက်ရှိဖို့ မသေချာပဲ လန်ဒန်ကို ပြန်လာဖို့ ရှိနေတယ်ဆိုတဲ့ ကောလာဟလတွေလည်းထွက်နေပါတယ်။ဝေးလ်အတွက် ကစားပေးခဲ့တဲ့ ယူရိုပွဲစဉ်မှာ ” ဝေးလ်၊ ဂေါက်သီးအားကစား၊ ရီးရဲလ် “အစရှိသဖြင့်သူဦးစားပေးတဲ့ အရာတွေကို ရေးသားဖော်ပြပြီး အောင်ပွဲခံသွား ခဲ့ လို့ ရီးရဲလ်ဖန်တွေရဲ့အမျက်ဒေါသကို ရင်ဆိုင်ခဲ့ရသေးတာဖြစ်ပါတယ်။

အသင်း ပရိသတ် တွေ ကိုယ်တိုင်ရဲ့ မကြာခဏ ဆိုသလို လှောင်ပြောင် အောင်ဟစ် တာတွေကို ခံနေရခဲ့ရတဲ့အပေါ်ဘေးလ်က – ” ဒီလိုမျိိုး ပရိသတ်တွေ ရဲ့ အော်ဟစ်မှုကို ပထမဆုံး အကြိမ် ခံရတုန်းကဆိုရင် ကျွန်တော့် ရှော့ခ်ရခဲ့ပြီး ဘယ်လို ရင်ဆိုင်ရမလဲ ဆိုတာ လုံးဝမသိခဲ့ပါဘူး။ဒါပေမယ့် အသက်အရွယ် နည်းနည်း ကြီးရင့် လာအပြီး နောက်ပိုင်း တကြိမ် ၂ကြိမ်လောက်အဲ့ဒီလို ထပ်ထပ်ပြီးဖြစ်လာချိန်မှာတော့ဘယ်လို ရင်ဆိုင်ရမယ်ဆိုတာ ကို သိနားလည်လာပါတယ်။အခုဆိုုရင် အရေးမစိုက်ပဲတောင် နေနိုင် နေပါပြီဗျာ။

နည်းလမ်းတကျ နဲ့ လေးစားသမှု ထားပြီး ပြောရမယ်ဆိုရင်တော့ လည်း ကွင်းအတွင်းမှာ ခြေစွမ်းကောင်းမပြသနိုင်တဲ့ အချိန်မှာ ပရိသတ် တွေရဲ့ အော်ဟစ် လှောင်ပြောင် မှုတွေကို ခံရသင့်ပါတယ်။ကျွန်တော့် အနေနဲ့ လည်း ဒါကို နားလည်ပြီး လက်ခံပါတယ်။

ကျွန်တော့် အနေနဲ့ အလုပ်ကိုကြိုးစားပြီး ဘာတွေ လုပ်နိုင်စွမ်းရှိတယ်ဆိုတာ ပရိသတ်တွေကို ဆက်ကြီး သက်သေပြသနေခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့် လှောင်ပြောင်သံတွေ တဖြည်းဖြည်းရပ်သွားပြီးပုံမှန်ကစားသမားဘဝကို ပြန်ပြီးဖြတ်သန်းသွားနိုင်ခဲ့ပါတယ် ” လို့ပြောသွားခဲ့ပါတယ်။

SPORTS MYANMAR