နာမည်ကြီး ယူနိုက်တက် အသင်း ဟာ ဂန္တဝင် နည်းပြကြီး ဖာဂူဆန် အနားယူသွား အပြီးမှာ အောင်မြင်မှုတွေ ရရှိဖို့ ရုန်းကန်နေရပြီး ချန်ပီယံလိဂ် ဝင်ခွင့်တောင် နပ်မမှန် တော့တာဖြစ်ပါတယ်။ဒီရာသီမှာတော့ အခြေအနေအတော်ဆိုးနေပြီး နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ဟာ အတော် လှုပ်ခတ်နေပြီဖြစ်ပါတယ်။

သူတို့ဟာ ယူရိုပါလိဂ်မှာ အုပ်စုအဆင့်ကို ကျော်လွှားထားနိုင် ခဲ့ပြီ ဖြစ်ပေမယ့် ပရီး မီးယားလိဂ် မှာတော့ ပွဲစဉ်၁၄ အပြီး ရမှတ် ၁၈ မှတ်သာ ရယူထားနိုင်နေခဲ့သေးတာဖြစ်ပါတယ်။ဒ့ါအပြင် အခုအပတ်အတွင်းမှာ စပါး၊ မန်စီးတီး အသင်းတွေနဲ့ပွဲကျပ်တွေဆက်တိုက်ရင်ဆိုင်ရဖို့ရှိနေတာဖြစ်ပါတယ်။

ဒီီရာသီယူနိုက်တက် အသင်းမှာ ခြေစွမ်း အပြသထားနိုင်ဆုံး ကစားသမားလို့ ဆိုရမယ့် တောင်ပံ ကစားသမားလေး ဒန်နီရယ်ဂျိန်းစ်ကတော့ ယနေ့ ညမှာကစားရဖို့ ရှိနေတဲ့ စပါးနဲ့ ပွဲကိုအနိုင်ကန်တာဟာ ဒီရာသီ ရဲ့ သွေးရူးသွေးတန်း အနေအထားတွေကို အဆုံးသတ်ဖို့ အကောင်းဆုံး စတင်မှုမျိုးဖြစ်တယ်လို့ဆိုပါတယ်။

ယူနိုက် တက်အသင်းဟာ သူတို့ အသင်းရဲ့ နည်းပြဟောင်းဖြစ်သူ မော်ရင်ဟိုနဲ့ ပြန်ပြီးရင်ဆိုင်ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။စပါး အသင်းဟာ ဒီပေါ်တူဂီသားကြီး လက်ထက်မှာ အခြေအနေအတော်ကောင်းနေပြီး ၃ပွဲကစား ၃ပွဲလုံးအနိုင်ရထားပါတယ်။

ဒါကြောင့် ဒီလို အသင်းတသင်းကို အနိုင်ရလိုက်ပါက ကောင်းမွန်တဲ့ အလှည့်အပြောင်းကို ဦးတည်စေနိုင်မယ်လို့ ဒန်နီရယ်ဂျိန်းစ်က ယူဆနေတာလည်းဖြစ်ပါတယ်။ယူနိုက်တက် အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ်နဲ့ အင်တာဗျူးမှာ ဒန်နီရ်ဂျိန်းစ်က –

” ဒီပွဲဟာ အတော်လေးကို အရေးပါတဲ့ ပွဲတပွဲ လို့ ကျွန်တော်ကတော့ ယူဆပါတယ်။ကျွန်တော်တို့ဟာ ပွဲတိုင်းကို အနိုင်ရဖို့ အတွက် ပဲ သွားကစားတာမှန်ပေမယ့် လတ်တလော အနေအထားတွေကြောင့် ကြားရက် ပွဲစဉ်တွေဟာ အရမ်း အရေးကြီးပါတယ်။ဒီဇင်ဘာ ပွဲကျပ် ကာလနဲ့ ခရစ္စမတ်ကာလ တွေ ကျော်လွန်ချိန်မှာတော့ ဒီ လိဂ်ပြိုင်ပွဲကြီးက လုံးဝရှင်းရှင်းလင်းလင်းဖြစ်သွားတော့မှာဖြစ်ပါတယ်။ဒါဟာ ကျွန်တော်တို့ဆက်တိုက် ကောင်းကောင်းရှေ့ဆက်ဖို့အတွက် အခွင့်အရေးလည်းဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ယူနိုက်တက် အသင်း ဟာနောက်ထပ် ပွဲစဉ် မှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ဒါကြောင့် လည်း စပါးအသင်းနဲ့ ပွဲစဉ်မှာ ရလဒ်ကောင်းခဲ့ပါက အသင်းသားတွေကို ယုံကြည်မှုဖြစ်စေမယ်လို့ဒန်နီရယ်ဂျိန်းစ်က ဆိုပါတယ်။

မန်ချက်စတာ ဒါဘီ ပွဲစဉ်အပေါ် ဒန်နီရယ်ဂျိန်းစ်က – ” လီဗာပူးနဲ့ ပွဲအပြီး ထွက်ပေါ်ခဲ့တဲ့ ရလဒ်တုန်းကလည်းကျွန်တော်တို့ ဒါကို သက်သေပြသထားပြီးပါပြီ။သရေ ရလဒ်ထွက်ခဲ့တာကြောင့်လည်းပွဲကို အနိုင်မကစားနိုင်ခဲ့ဘူးဆိုပြီးစိတ်ပျက်ခဲ့ကြပါတယ်။အခု ဒီဇင်ဘာလဆိုတာကလည်း အဲ့လိုအရာတွေ ကြုံတွေ့ရတတ်တဲ့ လဖြစ်ပါတယ်။ပွဲတွေအများအပြားက ရောက်လာတော့မှာဖြစ်ပြီး ဒီတလလုံးမှာ အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲတွေပြုလုပ်ရပါလိမ့်မယ်။လူတိုင်းကအသင်းအတွက်ပါဝင်ချင်ကြကြီးကျွန်တော်ကလည်းအတူတူပဲဖြစ်ပါတယ် “လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR