မန်ချက် စတာ ယူနိုက်တက် ဟာ ယမန်နေ့ ညက ပရီးမီးယားလိဂ် ပွဲစဉ် ( ၁၅ ) အဖြစ် တော့တင်ဟမ် ဟော့စပါး အသင်း ကို အိမ်ကွင်း အိုးရက်ဖိုဒ့် မှာ လက်ခံ ကစား ခဲ့ပြီး အနိုင် ရခဲ့ ပါတယ် ။ ဒီ နိုင်ပွဲဟာ ယူနိုက်တက် နည်းပြ အိုလီဂန်နာ ဆိုးရှား အတွက် ဖိအား တွေ အတန်အသင့် လျော့ကျ သွားခဲ့ ရတဲ့ ပွဲလို့ ဆိုရင် မှား နိုင်မယ် မထင် ပါဘူး ။ ဒီနိုင်ပွဲကြောင့် ယူနိုက်တက် ဟာ အဆင့် ၆ ကို ရောက်လာ ခဲ့ပြီး မျှော်လင့် ချက်တွေ ပြန်လည် ရှင်သန် လာခဲ့ရ ပါတယ် ။

မန်ချက် စတာ ယူနိုက်တက် ဟာ နောက်တန်း ၃ ယောက် ကစားကွက် နဲ့ ပွဲထွက် လာမယ်လို့ သတင်း ထွက်ခဲ့ ပေမယ့် တကယ်တမ်း ကစားချိန် မှာတော့ ၄-၂-၃-၁ ကစားကွက် ကိုသာ အသုံးပြု ခဲ့ ပါတယ် ။ ဒဏ်ရာကြောင့် မပါနိုင် ခဲ့တဲ့ တိုက်စစ်မှုး မာရှယ် ရဲ့ နေရာ ကို လူငယ်လေး ဂရင်းဝုဒ် ၀င်ကစား ခဲ့ပြီး ကွင်းလယ်မှာ တော်မီနေး ပြန်ပါ လာခဲ့ ပါတယ် ။

စပါး ကတော့ မော်ရင်ဟို စရောက် ကတည်းက ခင်းကျင်း ခဲ့တဲ့ ၄-၂-၃-၁ ကိုပဲ ဆက်လက် အသုံးပြု ခဲ့ သလို ကွင်းလယ် မှာ ဆစ်ဆိုခို ၀င် ကစားတာက လွဲရင် ရှေ့ ပွဲက လူစာရင်း အတိုင်း အပြောင်း အလဲ မရှိ ခဲ့ ပါဘူး ။

ပထမ ပိုင်း 7 မိနစ် မှာပဲ ယူနိုက်တက် တို့ အဖွင့်ဂိုး စရခဲ့ ပါတယ် ။ ဒီဂိုး ကို မားကပ် ရက်ဖိုဒ့် က ကန်သွင်း ခဲ့တာ ဖြစ်ပြီး ကန်ချက် ကောင်း သလို စပါး ကွင်းလယ်လူ တွေ ရဲ့ ခံစစ် ကို လိုက်ကူဖို့ ပျက်ကွက် ခဲ့မှု ကလည်း ရက်ဖိုဒ့် ကို စိတ်ကြိုက် ကန်ခွင့် ရစေ ခဲ့ တာဖြစ် ပါတယ် ။

အဲ့ဒီ နောက်ပိုင်း မှာလည်း ယူနိုက်တက် ဟာ စပါး ထက် ပိုကောင်းအောင် ကစားနိုင် ခဲ့ ပါတယ် ။ ရက်ဖိုဒ့် ဟာ ပထမပိုင်း မှာ on-fire ဖြစ်နေ ခဲ့ပြီး စပါး ဂိုးပေါက် ကို မကြာခဏ ခြိမ်းခြောက် နိုင်ခဲ့ ပါတယ် ။ ရက်ဖိုဒ့် ခြေထဲ ကို ဘောလုံး ရောက်သွားတာဟာ စပါး ဂိုး သမား ဂတ်ဇာနီဂါ ကို ပူပင်သောက ဖြစ်စေ ခဲ့ ပါတယ် ။

ပထမ ပိုင်း မှာ ယူနိုက်တက် တို့ အသုံးပြု ခဲ့တဲ့ ဗျုဟာတွေ ထိရောက် ခဲ့ ပါတယ် ။ မော်ရင်ဟို အားထား ရတဲ့ လူးကပ်မော်ရာ ၊ အူရီယာ တို့ ရှိနေတဲ့ စပါး ညာခြမ်း ကို အဓိက ထိုးနှက် ခဲ့ပြီး အကောင်းဆုံး တိုက်စစ် ဟာ အကောင်းဆုံး ခံစစ် ဆိုတဲ့ စကားကို အကောင်အထည် ဖော်ခဲ့ ပါတယ် ။ ဒါ့အပြင် ဖြတ်တင်ဘောတွေ ကို လည်း မြေလှိမ့်ဘောတွေ သာ ပေးစေ ခဲ့တာက လည်း အမြင့်ဘော အားသာတဲ့ စပါး ခံစစ် ကို ထိုးနှက်တဲ့ နေရာ မှာ အထောက် အကူ ဖြစ်စေ ခဲ့ ပါတယ် ။

ပထမပိုင်း ၃၅ မိနစ် လောက် အထိ စပါးတို့ ဂိုးပေါက် တည့်မှု မရှိ ခဲ့ သလို ဟယ်ရီကိန်း ရဲ့ ဖရီးကစ် တစ်လုံးသာ ဂိုးပေါက် ကန်သွင်းမှု အဖြစ် ရှိနေခဲ့ ပါတယ် ။ ဒါပေမယ့် ၃၉ မိနစ် မှာတော့ ယူနိုက်တက် တို့ ထုံးစံ အတိုင်း ဂိုးတစ်ဂိုး ကို လွယ်လွယ် ကူကူ ပြန်လည် ခွင့်ပြု ခဲ့ ပါတော့တယ် ။

စပါး သွင်းသွားတဲ့ ဂိုး မှာ ဒယ်လီ အလီ ရဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှု တွေ ပါသလို ယူနိုက်တက် ခံစစ် က အက်ရှ်လေယန်း ရဲ့ အသက်အရွယ်နဲ့ မလိုက်တဲ့ အတွေ့ အကြုံ နုနယ်မှု ကလည်း အပြစ်ဖြစ် ခဲ့ ပါတယ် ။ ပိုလို့ ဆိုးတာက ဒီလို ဂိုးမျိုးကို ဘုန်းမောက် နဲ့ ပွဲတုန်းက ပေးခဲ့ရပြီး ဖြစ်တာကြောင့် ယူနိုက်တက် ခံစစ် ဟာ လေ့လာ သင်ယူမှု အားနည်းတယ် လို့ ဆိုရမှာပါ ။

ယူနိုက်တက် တို့ ကံကောင်းသွားတာက ဒုတိယ ပိုင်း အစမှာတင် ပင်နယ်တီ ရခဲ့ တာပါပဲ ။ ပင်နယ်တီ အဖြစ် အပျက် ဟာ soft ဖြစ်တယ်လို့ ယူဆလို့ ရပေမယ့် ပင်နယ်တီ တော့ ရခဲ့ ပါတယ် ။ ဒါကြောင့် ဒုတိယပိုင်း ကို တစ်ဂိုး အသာ နဲ့ ပြန်စတင် နိုင်ခဲ့ပြီး စိတ်ဓါတ်ပိုင်း မှာ အသာရခဲ့ ပါတယ် ။

စပါး ရဲ့ ခြေစွမ်း ကတော့ ပုံမှန် အောက်ကို ရောက် နေခဲ့ ပါတယ် ။ စပါး တိုက်စစ် က ဟယ်ရီကိန်း ၊ ဆွန်ဟောင်မင် ၊ လူးကပ် မော်ရာ တို့ လုံးဝ အလုပ် မဖြစ် ခဲ့သလို အလီ က လည်း ဂိုးသွင်းလိုက်ချိန် က လွဲရင် ကျန်တဲ့ အချိန် တွေ မှာ ယူနိုက်တက် ခံစစ် ကို မကျော်ဖြတ် နိုင် ခဲ့ ပါဘူး ။

မက်တော်မီနေး ပြန်ပါလာမှု ဟာ ယူနိုက်တက် ကွင်းလယ်ကို အားတက်စေခဲ့ ပါတယ် ။ အထူးသဖြင့် နောက်ပိုင်း ပွဲတွေ မှာ ခြေမှန် နေတဲ့ ဖရက်ဒ် ဟာ ဒီညမှာ ခြေစွမ်း ပိုပြ နိုင်ခဲ့ပြီး စပါး ကစား သမား အားလုံး ထက် ပိုကောင်းတဲ့ ပုံစံ ကို ပြသ နိုင်ခဲ့ ပါတယ် ။

ဒုတိယ ပိုင်း ၆၅ မိနစ် အထိ စပါးတို့ ဂိုးပေါက် တည့်မှု မရှိ ခဲ့ သေးပါဘူး ။ အဲ့ဒီ နောက် မှာတော့ မော်ရင်ဟို ဟာ အဲရစ်ဆင် ကို ထည့် ၊ လူးကပ် မော်ရာ ကို ထုတ်ပြီး သူ လုပ်နေကျ အတိုင်း အူရီယာ ကို wing-back ဆန်ဆန် ကစားစေ ခဲ့ ပါတယ် ။

မိနစ် 70 လောက်ကစပြီး စပါးတို့ ဂိုးပေါက် တည့်တဲ့ ကန်ချက်တွေ ရှိခဲ့ ပါတယ် ။ ဒါပေမယ့် ဒီဂီယာ အတွက် တော့ စာမဖွဲ့ စေခဲ့ ပါဘူး ။ ယူနိုက်တက် ရဲ့ တိုက်စစ် က တော့ ဒုတိယ ပိုင်း မှာ သိပ် မထက်မြက်တော့ဘဲ ချေပဂိုး ပြန်မပေး ရရေး ကိုသာ အဓိက ကစား သွားခဲ့ ပါတယ် ။ ပါရဲရား ၀င်လာပြီး နောက်မှာတော့ ယူနိုက်တက်တို့ တစ်ယောက်လျော့ နဲ့ ကစားလိုက်ရသလို ဖြစ်သွားခဲ့ပြီး စပါး က ဆက်တိုက် ဖိအားပေး လာခဲ့ ပါတယ် ။

ပွဲ အပြီး မှာတော့ မန်ချက်စတာ ယူနိုက်တက် ဟာ တော့တင်ဟမ် ဟော့စပါး ကို ၂ – ၁ နဲ့ အနိုင် ရပြီး စပါး နည်းပြသစ် မော်ရင်ဟို ကို ပထမဆုံး ရှုံးပွဲ ကြုံတွေ့ စေခဲ့ ပါတယ် ။ ဒီည ပွဲမှာ ယူနိုက်တက် ဘက်က ရက်ဖိုဒ့် ၊ ဖရက်ဒ် ၊ တော်မီနေး ၊ ဘစ်ဆာကာ တို့ ကစားပုံ ကောင်းခဲ့ ကြ ပါတယ် ။

SPORTS MYANMAR