လီဗာပူး ဟာ ယနေ့ မနက်မှာ ကစားခဲ့တဲ့ မာဆေးဆိုက် ဒါဘီမှာ အဲဗာတန် ကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင် ရရှိခဲ့ပြီး အမှတ်ပေးဇယား ကို အမှားအယွင်း မရှိ ဆက်လက် ဦးဆောင် နေကာ နည်းပြ မာကိုဆေးဗား ကတော့ ဂွတ်ဒီဆင်ပက် ကနေ ထွက်ခွာ ရဖို့ နီးစပ် သွားခဲ့ပါတယ်။ အိုရီဂီ ဟာ ပွဲချိန် ၆ မိနစ်မှာပဲ မာနေးရဲ့ အကောင်းဆုံး ဘောလုံး မျှောပေးမှုကို ရှေ့တက်လာခဲ့တဲ့ ပစ်ဖို့ဒ် ထက် လက်ဦးမှု ရယူကာ ဘယ်သူမှ မရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းယူကာ အဖွင့်ဂိုးကို ရယူပေး ခဲ့ပါတယ်။

လီဗာပူး ဟာ ၁၇ မိနစ်မှာပဲ နောက်တစ်ဂိုး ထပ်ရခဲ့ပြီး မာနေးရဲ့ ဖန်တီးပေးမှု ကနေ ရှကီရီ က သွင်းယူ ခဲ့တာပါ။ ဒါပေမယ့် နောက်ထပ် လေးမိနစ် အကြာမှာ လီဗာပူး တို့ရဲ့ ခံစစ်ပိုင်း အားနည်းမှု ကနေ ကိန်းက ချေပဂိုး သွင်းပေး ခဲ့ပါတယ်။ ဒါပေမယ့် ၃၁ မိနစ်မှာ လော့ဗရန် ရဲ့ တိကျတဲ့ ပေးပို့မှု ကနေ အိုရီဂီ က နောက်ထပ် တစ်ဂိုး ရယူ ခဲ့ပြီး ၄၅ မိနစ်မှာ တန်ပြန်တိုက်စစ် ကနေ အလက်ဇန်းဒါးအာနိုး ရဲ့ ဖန်တီးမှု ကနေ မာနေးက ဂိုးသွင်း ခဲ့ပြီး လီဗာပူး တို့ ၄ ဂိုး ၁ ဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ရစ်ချယ်လဆင် က ချေပဂိုး သွင်းယူ ခဲ့ပြီး အဲဗာတန် ကို မျှော်လင့်ချက် ရှင်သန် စေခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မာနေးဟာ အကောင်းဆုံး အခွင့်အရေး နှစ်ကြိမ် ရခဲ့ပေမယ့်လည်း ဒါကို အသုံးမချ နိုင်ခဲ့တာကြောင့် လီဗာပူး တို့ ပွဲကို မဖြတ် နိုင်ခဲ့ဘဲ မိနစ် ကိုးဆယ်မှာ ဖာမီနို ရဲ့ ဖန်တီးမှု ကို ဝိုင်နယ်ဒန် က အဆုံးသတ် ကာ ဂိုးပြတ် နိုင်ပွဲနဲ့ အဆုံးသတ် ခဲ့ပါတယ်။

လီဗာပူး

အင်ဒရီယန် 5.5 – ဒီပွဲမှာ ၎င်းရဲ့ ဆုံးဖြတ်ချက် တွေဟာ လုံးဝ သက်တောင့်သက်သာ မရှိခဲ့ဘဲ အသင်းရဲ့ ခံစစ် ကိုလည်း စိုးရိမ်စရာ ဖြစ်စေ ခဲ့ပါတယ်။

အလက်ဇန်းဒါးအာနိုး 7 – တိုက်စစ်ပိုင်း ကို လိုက်ပါ ပံ့ပိုးရာမှာ အရမ်း ကောင်းခဲဲ့ပြီး မာနေး အတွက် ဂိုးဖန်တီးမှု လုပ်ပေး ခဲ့ပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်း မှာတော့ အနည်းငယ် လိုအပ် နေခဲ့ပါတယ်။

လော့ဗရန် 5.5 – အဲဗာတန် ကို ပေးလိုက်ရတဲ့ ဂိုးတွေမှာ ၎င်းရဲ့ အားနည်းမှုတွေ ရှိခဲ့ပြီး အိုရီဂီ ရဲ့ ဂိုးမှာတော့ အံ့ဖွယ် တိကျတဲ့ အဝေးဘောကို ပေးပို့ ခဲ့ပါတယ်။

ဗန်ဒိုက် 6 – အဲဗာတန် နဲ့ ပွဲမှာတော့ လီဗာပူး ရဲ့ ခံစစ်ပိုင်းဟာ တုန်လှုပ် နေခဲ့ပါတယ် ။ ဒါပေမယ့် ပေးလိုက်ရတဲ့ ဂိုးတွေဟာ ၎င်းရဲ့ အမှားတွေကြောင့် မဟုတ်ဘဲ အရေးပါတဲ့ တားဆီးမှူတွေပါ လုပ်ပေး ခဲ့ပါတယ်။

ရောဘတ်ဆန် 8 – ခံစစ်ပိုင်းမှာ အမှားအယွင်း အချို့ ရှိခဲ့ပေမယ့်လည်း ဘယ်တောင်ပံ တစ်လျှောက် ပြင်းထန်တဲ့ အားထုတ်မှု ၊ မာကျောမှုတွေကို ပြသ ခဲ့ပါတယ်။

လယ်လာနာ 7 – မျက်စိကျစရာ ဖြစ်ခဲ့တာ ကတော့ ၎င်းရဲ့ ပြေးလွှား လှုပ်ရှားမှုတွေ ၊ အဲဗာတန် ခံစစ်ကို pressing လုပ်မှုတွေ ဖြစ်ပြီး ဘောလုံး ပေးပို့မှုတွေလည်း ကောင်းခဲ့ပါတယ်။

မီနာ 6 – ကွင်းလယ်မှာ ခက်ခဲတဲ့ အလုပ်ကို ထမ်းဆောင် ခဲ့ရပြီး နေရာလွတ် တွေကို ဖြည့်ကစားဖို့ အတွက် အလုပ်ကို အထူး ကြိုးစား ခဲ့ရပါတယ်။

ဝိုင်နယ်ဒန် 7 – အသင်းရဲ့ နည်းစနစ်ပိုင်း တွေကို အစီအစဥ် တစ်ကျ ဖြစ်အောင် လုပ်ဆောင်ရတဲ့ ကြီးမားတဲ့ တာဝန်ကို ထမ်းဆောင် ခဲ့ရပေမယ့် အကောင်းဆုံး စွမ်းဆောင် သွားခဲ့ပြီး ဂိုးပါ ရယူ နိုင်ခဲ့ပါတယ်။

ရှကီရီ 7 – ကောင်းမွန်တဲ့ ဘောလုံး ထိချက်တွေနဲ့ အတူ အသင်းရဲ့ တိုက်စစ် ကစားဟန်မှာ အထူး အရေးပါခဲ့ပြီး ဒီရာသီ ရဲ့ ပထမဦးဆုံး ဂိုးကိုပါ ရယူ ခဲ့ပါတယ်။

မာနေး 9 – ဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ အခွင့်အရေး နှစ်ကြိမ်ကိုသာ ဂိုးအဖြစ် ဖန်တီး နိုင်ခဲ့မယ်ဆိုရင် ratings အပြည့် ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆီနီဂေါ စတားဟာ အသင်းအတွက် ဘယ်လောက် အဖိုးထိုက်တန် သလဲ ဆိုတာကို ၁ ဂိုးသွင်းကာ ၂ ဂိုး ဖန်တီး ပေးခဲ့ကာ ပြသသွားပါတယ်။

အိုရီဂီ 9 – ၎င်းသွင်းယူ ခဲတဲ့ ဂိုး ၂ ဂိုးကို ကြည့်လိုက်မယ် ဆိုရင် အိုရီဂီ ရဲ့ ကမ္ဘာ့ အဆင့် ဂိုးသွင်း စွမ်းရည်ကောင်းကို မြင်ရမှာ ဖြစ်ပါတယ်။

လူစားဝင် – ဟန်ဒါဆန် 6.5 ၊ ဖာမီနို 6.5

အဲဗာတန်

ပစ်ဖို့ဒ် 5 ၊ ဟိုးဂိတ် 5 ၊ မီနာ 4၊ ကိန်း 5 ၊ ဆစ်ဒဘီ 3.5 ၊ ဒီနေး 5၊ ဆီဂတ်ဆန် 6 ၊ ဒေဗီးစ် 6 ၊ အီဝိုဘီ 5 ၊ ရစ်ချယ်လဆင် 6 ၊ ကလာဗန်လီဝန် 6.5

လူစားဝင် – ဘားနက် ၆ ၊ ကင်း ၆

SM