မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ဝါရင့် ကွင်းလယ် ကစားသမား ဖြစ်သူ နီမန်ဂျာ မာတစ် က အသင်းဖော် ပေါလ် ပေါ့ဂ်ဘာ ကို ဒီ ရာသီ အသင်း မှာပဲ ဆက်လက် ရှိနေ စေဖို့ မျှော်လင့်နေ ပေမယ့် ဘောလုံး မှာ ဘာမဆို ဖြစ်သွား နိုင်ကြောင်း လည်း ဝန်ခံ သွားခဲ့ ပါတယ် ။

ပြင်သစ် လက်ရွေးစင် ဟာ ရာသီ ကြို နောက်ဆုံး ပွဲစဉ် အဖြစ် ကာဒစ်ဖ် မှာ ယူနိုက်တက် တို့ အေစီ မီလန် အသင်း နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် ရဲ့ ကစားသမား စာရင်း ထဲ မပါဝင် နိုင်ခဲ့တာ ကြောင့် သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့ သတင်းတွေ များစွာ ထွက်ပေါ် နေသူ ပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှား ကတော့ ပေါ့ဂ်ဘာ ဟာ နောက်ကျော နာကျင် တဲ့ ဝေဒနာ ခံစား နေရတာ ကြောင့် မပါဝင် နိုင်ခဲ့တာ လို့ အဆိုပါ ပွဲစဉ် အပြီး ပြောကြား ခဲ့ပါ သေးတယ် ။ အဆိုပါ ပွဲစဉ် မစတင်မီ မှာတော့ ပေါ့ဂ်ဘာ ဟာ ကာဒစ်ဖ် ကို လိုက်ပါမယ့် ကစားသမား စာရင်း ထဲ ပါဝင် ခဲ့ သေးတယ် လို့ သိရှိ ရ ပါတယ် ။

ဆိုးလ်ရှား ကတော့ ရာသီ သစ်ရဲ့ ပထမဆုံး ပွဲစဉ် အဖြစ် ချဲလ်ဆီး အသင်း နဲ့ ကစား ရမယ့် ပွဲစဉ် မှာ ပေါ့ဂ်ဘာ ပါဝင် နိုင် လိမ့်မယ် လို့ ပြောခဲ့ ပါတယ် ။ ဒါပေမယ့် စပိန် မှာ ထွက်ပေါ် နေတဲ့ သတင်း တွေ ကတော့ ပြင်သစ် လက်ရွေးစင် ဟာ ဒီနွေ အတွင်း အိုးလ် ထရပ်ဖို့ဒ် မှ ထွက်ခွာ လိမ့်မယ် လို့ ဖော်ပြ နေကြ ပါတယ် ။

အခုတော့ ပြင်သစ် လက်ရွေးစင် ရဲ့ အသင်းဖော် ကွင်းလယ်လူ နီမန်ဂျာ မာတစ် က ပေါ့ဂ်ဘာ နဲ့ ပတ်သက်လို့ …

” ဘာတွေ ဖြဖစ်လာ မလဲ ဆိုတာ ကျွန်တော် တို့ စောင့်ကြည့် ရတာ ပေါ့ ။ သူ ( ပေါ့ဂ်ဘာ ) ဟာ မန်ချက်စတာ ယူနိုက်တက် အသင်း ရဲ့ ကစားသမား တစ်ဦး ပါ ။ သူ ဆက်ရှိ နေမယ် ဆိုရင် တော့ ကျွန်တော် တို့ ပျော်ရွှင် ကြမှာပါ ”

” သူဟာ ခမ်းနား တဲ့ ကစားသမား တစ်ဦး ဖြစ်သလို အသင်း အတွက် လည်း အရမ်း အရေးကြီး တဲ့ ကစားသမား တစ်ဦး ပါပဲ ။ သူ အသင်း မှ ထွက်ခွာမယ့် လမ်းစ ကျွန်တော် မမြင်မိ ပါဘူး ။ ဒါပေမယ့် ဘောလုံး မှာတော့ ဘာမဆို ဖြစ်သွား နိုင် ပါတယ် ” လို့ မာတစ် က ဆိုသွား ခဲ့လိုက် ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီ သစ်ရဲ့ ပထမဆုံး ပွဲစဉ် အဖြစ် အဖွင့်ပွဲ မှာ ချဲလ်ဆီး အသင်း နဲ့ ရင်ဆိုင် ကစား ရမှာပဲ ဖြစ် ပါတယ် ။ မာတစ် ဟာ ချဲလ်ဆီး အတွက် ပွဲပေါင်း 150 ကျော် ကစား ပေးခဲ့ ဖူးတဲ့ အတွက် အသင်းဟောင်း အကြောင်း ကောင်းကောင်း သိရှိ ထားသူ ပဲ ဖြစ်ပါတယ် ။

အခုတော့ ချဲလ်ဆီး အသင်း ကို ကစားသမား ဟောင်း ဖြစ်သူ ဖရန့် လမ်းပတ် က ကိုင်တွယ် နေတဲ့ အတွက် မာတစ် ဟာ အသင်းဖော် ဟောင်းနဲ့ အသင်း ဟောင်းကို ပြန်လည် ရင်ဆိုင် ရမှာပဲ ဖြစ်ပါတယ် ။ အဆိုပါ ပွဲစဉ် နဲ့ ပတ်သက်လို့ …

” ဖရန့် ဟာ ခမ်းနား တဲ့ လူသား တစ်ဦး ပါ ။ သူဟာ ခမ်းနား တဲ့ ကစားသမား တစ်ဦး လည်း ဖြစ်ခဲ့ ပါတယ် ။ တစ်ကယ့် ပရောက်ဖက် ရှင်နယ် တစ်ဦး ပေါ့ ။ သူ ချဲလ်ဆီး နဲ့ အတူ ကံကောင်း ဖို့ ကျွန်တော် ဆုတောင်း ပေး ပါတယ် ။ ပထမ ပွဲတော့ မပါဘူး ပေါ့ဗျာ ???? ”

” ကျွန်တော် တို့ ရုပ်ပိုင်း နဲ့ စိတ်ပိုင်း ဆိုင်ရာ တွေမှာ အဆင်သင့် ဖြစ်နေ ကြဖို့ လိုအပ် ပါတယ် ။ ဘာဖြစ် လို့လဲ ဆိုတော့ ဒီလို ပွဲစဉ် တွေမှာ အသေး အမွှား အချက် အလက် လေးတွေ က အစ ပွဲ အဖြေ ကို ပြောင်းလဲ စေနိုင် ပါတယ် လေ ”

” ဒါဟာ နှစ်ဖက် အသင်းလုံး အတွက် တစ်ကယ့် ကို ခက်ခဲ သွားမယ့် ပွဲစဉ် ပါ ။ ဒါပေမယ့် ပထမဆုံး ပွဲစဉ် ကို အနိုင် ယူလိုက် ခြင်းက ကျွန်တော် တို့ရဲ့ ယုံကြည်ချက် တွေကို အရမ်းပဲ အားကောင်း သွားစေ ပါ လိမ့်မယ် ” လို့ မာတစ် က ပြောကြား သွားခဲ့ ပါတယ် ။

#Sports_Myanmar