ချယ်လ်ဆီး အသင်း ဟာ ယနေ့ မနက် က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ တန်းတက် အက်စတွန် ဗီလာ အသင်း ကို စတမ်းဖို့ဒ် ဘရစ်ချ် မှာ လက်ခံ ကစားခဲ့ရာ ၊ တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ၊ ကွင်းလယ်လူ မေဆင်မောင့် တို့ရဲ့ သွင်းဂိုး တွေနဲ့ ၂ – ၁ ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရရှိခဲ့ကာ ၊ အဆင့် ၅ နေရာ က ဝုလ်ဗ် အသင်း ကို ၆မှတ် ဖြတ်ထား နိုင်ဆဲ ဖြစ်ပါတယ် ။ ထို ပွဲစဉ် မှာ ပြောစရာ ဖြစ်ခဲ့တဲ့ အချက် ၅ချက် ကို အခုလိုပဲ တင်ပြ ပေးလိုက်ရပါတယ် ။

၁ ။ မေဆင်မောင့် Vs ဂရီးလစ်ရှ်

လက်ရှိ ပရီးမီးယားလိဂ် မှာ ပြစ်ဒဏ် ကျူးလွန်ခံမှု အများဆုံး ကစားသမား အဖြစ် ရပ်တည် နေတဲ့ အက်စတွန် ဗီလာ တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ် ဟာ ယနေ့ မနက် က ပွဲမှာလည်း ချယ်လ်ဆီး ခံစစ် ကစားသမား တွေရဲ့ အဓိက ပစ်မှတ် ကစားသမား ဖြစ်ခဲ့ပါတယ် ။ ပြီးခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း နဲ့ တဖက် ၂ဂိုးစီ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ ပွဲစဉ် မှာ ကိုယ်တိုင် သွင်းဂိုး တဂိုး သွင်းယူ နိုင်ခဲ့တဲ့ ဂရီးလစ်ရှ် ဟာ ယနေ့ မနက် ချယ်လ်ဆီး အသင်း နဲ့ ပွဲမှာတော့ ခြေစွမ်း ပြဖို့ ရုန်းကန် ခဲ့ရပါတယ် ။

တဖက် မှာ အင်္ဂလန် လက်ရွေးစင် အသင်း မှာ နေရာ တနေရာ ရဖို့ အတွက် ပစ်မှတ် ထားနေတဲ့ မေဆင်မောင့် ကတော့ ခြေစွမ်းပြ ကစား နိုင်ခဲ့ပြီး ၊ အေဘရာဟမ် ရင်ဘတ် နဲ့ ချပေးတဲ့ ဘောလုံး ကို Volley အပြင်း ကန်သွင်းကာ ချယ်လ်ဆီး အတွက် အဖိုးတန် အနိုင်ဂိုး ကို ရယူ ပေးနိုင် ခဲ့ပါတယ် ။ ဒီ အနေအထား ကြောင့် အင်္ဂလန် လက်ရွေးစင် နည်းပြ ဂါရက် ဆောက်ဂိတ် အနေနဲ့ လာမယ့် ယူရို ၂၀၂၀ အတွက် မေဆင်မောင့် နဲ့ ဂရီးလစ်ရှ် အကြားမှာ ရွေးချယ်ရ ပိုမို ကျပ်တည်း စေပြီ ဖြစ်ပါတယ် ။

၂ ။ ဂျွန်တယ်ရီ ရဲ့ အပြန်ခရီး

ချယ်လ်ဆီး အသင်း ပရိသတ် တွေဟာ ယနေ့ မနက် ပွဲစဉ် မှာ ၄င်းတို့ရဲ့ ဂန္တဝင် ခံစစ်မှူး ဟောင်း ဂျွန်တယ်ရီ ကို စတမ်းဖို့ဒ် ဘရစ်ချ် ကွင်းကြီး ကနေ အကြီးအကျယ် ကြိုဆို ခဲ့တာ ကို မြင်တွေ့ ခဲ့ရပါတယ် ။ ပွဲမစခင် တီဗွီ ဖန်သားပြင်ကြီး ကနေ စာမျက်နှာ ၆မျက်နှာ ပါရှိတဲ့ ‘ Captain , Leader , Legend ‘ စာသား နဲ့ အတူ တယ်ရီ ကို အထူး ဂုဏ်ပြု ကြိုဆို ခဲ့ကြပါတယ် ။

ပွဲမစခင် အင်တာဗျူး မှာလည်း ချယ်လ်ဆီး မန်နေဂျာ လည်း ဖြစ် ၊ တယ်ရီ ရဲ့ သူငယ်ချင်း အရင်း လည်း ဖြစ်တဲ့ ဖရန့် လမ်းပတ် က တယ်ရီ ဟာ ၄င်းရဲ့ ကစားသမား ဘဝ တလျှောက် အကြီးကျယ်ဆုံး အသင်းခေါင်းဆောင် ဖြစ်တယ် လို့ ချီးကျူး ခဲ့ပါတယ် ။ တယ်ရီ လက်ထောက် မန်နေဂျာ အဖြစ် တာဝန်ယူထားရတဲ့ ဗီလာ အသင်း ကတော့ ပွဲအပြီး မှာ အရေးနိမ့် ခဲ့ပေမယ့် ၊ ချယ်လ်ဆီး ပရိသတ် တွေကတော့ ၄င်းကို နွေးနွေးထွေးထွေး ပဲ ပြန်လည် နှုတ်ဆက် ခဲ့ကြပါတယ် ။

၃ ။ သံသယရှိသူ တွေကို သွင်းဂိုး နဲ့ ဆက်လက် သက်သေ ပြခဲ့တဲ့ အေဘရာဟမ်

ယနေ့ မနက် ပွဲမှာ ချယ်လ်ဆီး ပရိသတ် တွေဟာ ၄င်းတို့ရဲ့ ဂန္တဝင် တဦး ဖြစ်တဲ့ တယ်ရီ ရဲ့ နာမည် ကို သံပြိုင် သီဆို ခဲ့ကြသလို ၊ အက်စတွန် ဗီလာ ပရိသတ် တွေကလည်း ပြီးခဲ့တဲ့ ဘောလုံး ရာသီ က ၄င်းတို့ အသင်း ကို အငှား လာကစားပြီး သွင်းဂိုး များစွာ နဲ့ အကျိုးပြု ပေးခဲ့တဲ့ အေဘရာဟမ် ရဲ့ နာမည် ကိုလည်း သံပြိုင် သီဆို ကြိုဆို ခဲ့ကြပါတယ် ။ အေဘရာဟမ် ဟာ ယနေ့ မနက် က ပွဲစဉ် မှာ ၄င်း ကစားခဲ့ဖူးတဲ့ အသင်းဟောင်း ဗီလာ ကို ဂိုးသွင်း နိုင်ခဲ့ပေမယ့် ၊ ဗီလာ အသင်း အပေါ် လေးစားသမှု ထားတဲ့ အနေနဲ့ အောင်ပွဲ ခံခဲ့ခြင်း မရှိခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။

၄ ။ ခြေစွမ်းပိုင်း ဆက်လက် တိုးတက်နေဆဲ ရိစ်ဂျိမ်းစ်

အနာဂတ် မှာ ချယ်လ်ဆီး အသင်း အတွက် အားထားရမယ့် ညာနောက်ခံလူကောင်း တယောက် ဖြစ်လာမယ် လို့ ထင်ကြေးပေးခြင်း များစွာ ခံထားရတဲ့ ရိစ်ဂျိမ်းစ် ဟာ ၄င်း အပေါ် မျှော်လင့် ထားကြတဲ့ သူတွေ အတွက် လုံးဝ စိတ်မပျက် စေခဲ့ပါဘူး ။ ဝက်စ်ဟမ်း ကို အိမ်ကွင်း မှာ အရေးနိမ့် ခဲ့တဲ့ ပွဲမှာ ခြေစွမ်း ပေါ်လွင် ခဲ့တဲ့ ဂျိမ်းစ် ဟာ ယနေ့ မနက် က ဗီလာ နဲ့ ပွဲမှာလည်း ၄င်းရဲ့ တည်ငြိမ်မှု ကို ဆက်လက် ပြသ ခဲ့ပါတယ် ။

အရင် ပွဲစဉ် တွေ ကတည်းက ဂျိမ်းစ် ဟာ လှပ သေသပ်တဲ့ ဖြတ်တင်ဘော တွေကို ပြုလုပ် ခဲ့ပေမယ့် ၊ အဆုံးသတ်မယ့် ကစားသမား တွေ မရှိခဲ့တာကြောင့် assist ရရှိခဲ့ခြင်း မရှိခဲေ့ပမယ့် ၊ ယနေ့ မနက် က ပွဲမှာတော့ ၄င်းရဲ့ ဖြတ်တင်ဘော ကို အေဘရာဟမ် က အဆုံးသတ် သွင်းယူ နိုင်ခဲ့တာကြောင့် ပထမဆုံး ပရီးမီးယားလိဂ် ဂိုးဖန်တီးမှု တကြိမ် ကို စတင် နိုင်ခဲ့ပြီ ဖြစ်ပါတယ် ။

၅ ။ တပွဲလုံး အာရုံ အပြည့်စိုက်ဖို့ လိုနေတဲ့ အက်စတွန် ဗီလာ

ပြီးခဲ့တဲ့ မန််ချက်စတာ ယူနိုက်တက် နဲ့ ပွဲမှာ ခြေကုန် ထုတ်သုံးပြီး ကစားခဲ့တဲ့ ဗီလာ အသင်း ဟာ ယနေ့ မနက် က ပွဲမှာတော့ အနည်းငယ် ပွဲပန်းနေဟန် ပေါ်နေသလို ၊ ချယ်လ်ဆီး အသင်း လောက် ပွဲ အပေါ် အာရုံစိုက် နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။ ပထမပိုင်း ပြီးခါနီး မိနစ် ၂၀ အတွင်း မှာသာ ဖိဖိစီးစီး ကစား နိုင်ခဲ့လို့ ဗီလာ တို့ ချေပဂိုး ရရှိခဲ့တာ ဖြစ်ပါတယ် ။ ကျန်တဲ့ ပွဲချိန် တွေမှာ ဗီလာ အသင်း ဟာ ချယ်လ်ဆီး အသင်း ရဲ့ ထိုးဖောက်မှု မှန်သမျှ ကိုသာ ခံခဲ့ရပါတယ် ။

SPORTS MYANMAR