တော့တင်ဟမ် ဟော့စပါး အသင်း နည်းပြ မော်ရင်ဟို က တော့ ယမန်နေ့ ညက ရင်ဆိုင် ကစားပြီး အနိုင်ယူ သွား ခဲ့တဲ့ အသင်း ဟောင်း မန်ချက် စတာ ယူနိုက်တက် ကို ချီးကျုး စကား ဆိုသွား ခဲ့ သလို စပါး ဘက်ကို ၂ ဂိုး သွင်းယူ ခဲ့တဲ့ ယူနိုက်တက် တိုက်စစ်မှုးလေး မားကပ် ရက်ဖိုဒ့် နဲ့ ပတ်သက်လို့ သူ့ရဲ့ အယူ အဆ မှန်ကန် ခဲ့ ကြောင်း ကို ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

မန်ချက် စတာ ယူနိုက်တက် ဟာ မနှစ် က ဒီဇင်ဘာ တုန်းက ထုတ်ပယ် ခဲ့တဲ့ နည်းပြ ဟောင်း မော်ရင်ဟို ရဲ့ စပါး အသင်း ကို အိုးထရက် ဖိုဒ့် မှာ လက်ခံ ကစား ခဲ့ပြီး ပွဲအစ 7 မိနစ် မှာ တင် မားကပ် ရက်ဖိုဒ့် ရဲ့ သွင်းဂိုး နဲ့ ဦးဆောင် နိုင် ခဲ့ ပါတယ် ။ ၃၉ မိနစ် မှာ ဒယ်လီ အလီ က ပြန်လည် ချေပ ခဲ့ ပေမယ့် ဒုတိယပိုင်း အစ မှာ ရခဲ့တဲ့ ပင်နယ်တီ နဲ့ ပြန်လည် ဦးဆောင် နိုင်ခဲ့ပြီး ပွဲပြီးဆုံးသည် အထိ အနိုင် ရလဒ် ကို ထိန်းသွား နိုင်ခဲ့ ပါတယ်

မော်ရင်ဟို ကတော့ စပါး အသင်း ကို ကိုင်တွယ် အပြီး စတုတ္ထ မြောက် ပွဲစဉ် မှာ ရှုံးပွဲ စတင် ကြုံတွေ့ သွားခဲ့ ရတာပဲ ဖြစ် ပါတယ် ။ စပါး ဟာ ယမန်နေ့ ညက ပွဲ မှာ ကစားပုံ မကောင်းခဲ့ ဘဲ ယူနိုက်တက် ကို ယှဉ်ပြိုင် ကစား နိုင်ခြင်း မရှိခဲ့ ပါဘူး ။ မော်ရင်ဟို က တော့ ယူနိုက်တက် ရဲ့ ပထမ ပိုင်း ခြေစွမ်း နဲ့ ကစားပုံ ဟာ ဒီပွဲ ကို အနိုင် ရဖို့ ထိုက်တန် ခဲ့ ပါတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။

“ပထမပိုင်း ခြေစွမ်း အရ သူတို့ ( ယူနိုက်တက် ) နိုင်ပွဲ နဲ့ ထိုက်တန်ခဲ့ ပါတယ် ။ ကျွန်တော် တို့ အစ မကောင်း ခဲ့ပါဘူး ။ ပထမ မိနစ် ၃၀ လောက် မှာ ယူနိုက်တက် ဟာ ပိုကောင်း တဲ့ အသင်း ဖြစ် ခဲ့ ပါတယ် ။ ဒီ မိနစ် ၃၀ ရယ် ၊ ဒုတိယ ပိုင်း အစ မှာ ပေးလိုက် ရတဲ့ ဂိုး ရယ်က ကျွန်တော်တို့ ကို ပြန် မထနိုင်အောင် လုပ် ခဲ့ တာ ပါပဲ”

“ခြံုပြီး ပြောရရင် တော့ ယူနိုက်တက် က ပိုကောင်း အောင် ကစားပြ နိုင် ခဲ့တယ် ၊ ဒါကြောင့် သူတို့ အနိုင် ရဖို့ ထိုက်တန် တယ်လို့ ထင် ပါတယ်” လို့ မော်ရင်ဟို က ပွဲ အပြီး မှာ သတင်း ထောက် ရဲ့ မေးမြန်းမှု ကို ဖြေကြား သွားခဲ့ ပါတယ် ။

ဒါ့အပြင် မော်ရင်ဟို က ယူနိုက်တက် တိုက်စစ်မှုးလေး မားကပ် ရက်ဖိုဒ့် ရဲ့ နေရာ နဲ့ ပတ်သက် ပြီး သူ မှန်ကန် ခဲ့ကြောင်း ယနေ့ ည ပွဲ မှာ ထပ်မံ မြင်တွေ့ ခဲ့ ရတယ် လို့ ပြောဆို သွားခဲ့ ပါတယ် ။ ရက်ဖိုဒ့် ဟာ လူငယ် အသင်း မှာ အထောင် တိုက်စစ်မှုး အဖြစ် ကစား ခဲ့ရ ပေမယ့် မော်ရင်ဟို လက်အောက် မှာတော့ တောင်ပံ ကစား သမား အဖြစ် နဲ့ သာ ကစားခဲ့ရ ပါတယ် ။

ရက်ဖိုဒ့် ဟာ ဘယ်တောင်ပံ နေရာ မှာ ပိုမို ခြေစွမ်းပြ နိုင်လေ့ ရှိပြီး သူ့ရဲ့ အလိမ် အခေါက် နဲ့ ညာခြေ ကန်ချက် တွေ ဟာ ဘယ်တောင်ပံ ကစား သမား တစ်ဦး ရဲ့ အရည် အသွေး မျိုး ဖြစ် ခဲ့ ပါတယ် ။ စပါး နဲ့ ပွဲ ကလို ခြေစွမ်းမျိုး ရက်ဖိုဒ့် ဆီကနေ အရင် တုန်းက မြင်ခဲ့ ဖူးသလား လို့ သတင်း ထောက် က မေးမြန်း ချိန် မှာတော့ မော်ရင်ဟို ဟာ သူ မှန်ကန် ခဲ့ကြောင်း ကို ထုတ်ဖော် ပြောပြ လာခဲ့တာ ပဲ ဖြစ် ပါတယ် ။

“ဒါပေါ့ ၊ အရင် ကတည်း က လည်း ကျွန်တော် ပြောခဲ့ ဖူး ပါတယ် ။ ရက်ဖိုဒ့် ဟာ တောင်ပံ ကစား သမားပါ ၊ သူ့ အတွက် အကောင်းဆုံး နေရာက ဘယ်တောင်ပံ ပါ ။ နံပါတ် ၉ ( အထောင် တိုက်စစ်မှုး ) နေရာ မဟုတ် ပါဘူး ။ ဒါကို ကျွန်တော် သိ ပါတယ်”

“ဒါကို ရက်ဖိုဒ့် နဲ့ သက်ဆိုင် တဲ့ သူတွေ ကို ပြောခဲ့ ဖူး ပါတယ် ။ ရက်ဖိုဒ့် ကိုယ်တိုင် ကိုလည်း သေချာ ပြောခဲ့ ပြီး သူ ဒီနေရာ မှာ အကောင်းဆုံး ကစားနိုင် တယ်ဆိုတာ ကို မကြာခဏ သက်သေ ပြခဲ့ ပြီး ပါပီ ။ ဘယ်တောင်ပံ ကစား သမား တစ်ယောက် အနေနဲ့ သူ က တကယ် ကို ကောင်း ပါတယ်” လို့ မော်ရင်ဟိုက ပြောပြ သွားခဲ့ ပါတယ် ။

စပါး ဟာ မော်ရင်ဟို ရောက်ရှိ လာပြီး နောက် ၃ ပွဲ ဆက်တိုက် အနိုင် ရရှိ ထားခဲ့ ပေမယ့် အိုးထရက်ဖိုဒ့် မှာတော့ ရှုံးပွဲ နဲ့ ကြုံတွေ့ သွားခဲ့ ရ ပါတယ် ။ ပွဲစဉ် ၁၅ ပွဲ ကစား ပြီးချိန် မှာတော့ စပါး ဟာ အဆင့် ၈ နေရာမှာ ရှိနေပြီး လာမယ့် စနေနေ့ မှာ ပွဲစဉ် ( ၁၆ ) အဖြစ် ဘန်လေ အသင်း ကို အိမ်ကွင်း မှာ လက်ခံ ကစား ရမှာပဲ ဖြစ် ပါတယ် ။

SPORTS MYANMAR