ဒီဗို့အိုရီဂီဟာ ယနေ့ မနက်က အဲဗာတန် ကို အနိုင် ရရှိ ခဲ့တဲ့ မာဆေးဆိုက် ဒါဘီမှာ လီဗာပူး အတွက် ရှားရှားပါးပါး ပွဲထွက် ကစားခွင့် ရရှိ ခဲ့ပြီး အရေးပါတဲ့ သွင်းဂိုး ၂ ဂိုး ကိုပါ ရယူ သွားနိုင် ပါတယ်။ အာဆင်နယ် ဂန္တဝင် သီယာရီ အွန်နရီ ကတော့ ဘယ်ဂျီယံ စတား အနေနဲ့ ရင့်ကျက်မှုကို ပြသ သွားခဲ့တဲ့ အတွက် ချီးကျူး ပြောဆို လိုက်ပါတယ်။

ယာဂန်ကလော့ ဟာ မာဆေးဆိုက် ဒါဘီ အတွက် အ့ံအားသင့်စရာ ပွဲထွက် ကစားသမား စာရင်းကို အသုံးပြု ခဲ့ပြီး အဓိက တိုက်စစ်မှုးတွေ ဖြစ်ကြတဲ့ ရော်ဘတ်တို ဖာမီနို နဲ့ မိုဟာမက် ဆာလား တို့ကို ပွဲထွက် ကစားသမား စာရင်း ကနေ ချန်လှပ် ခဲ့ကာ ဒီပွဲရဲ့ front three အဖြစ် ဆာဒီယိုမာနေး ၊ ဇာဒန်ရှကီရီ နဲ့ အိုရီဂီ တို့ကို အသုံးပြု သွားခဲ့ ပါတယ်။

မာဆေးဆိုက် ဒါဘီမှာ ပွဲထွက်ခွင့် ရခဲ့တဲ့ လီဗာပူး ရဲ့ တိုက်စစ် ကစားသမား ၃ ဦး စလုံး ခြေစွမ်းပြကာ ဂိုးလည်း သွင်းယူ နိုင်ခဲ့ ကြပြီး အိုရီဂီ က ၂ ဂိုး ၊ မာနေး ၊ ၀ုိင်နယ်ဒန် နဲ့ ရှကီရီ တို့က တစ်ဂိုးစီ သွင်းယူကာ လီဗာပူး ဟာ အဲဗာတန်ကို ၅ ဂိုး ၂ ဂိုး နဲ့ အနိုင် ရရှိ ခဲ့ပါတယ်။ ဘယ်ဂျီယံ စတား ရဲ့ ခြေစွမ်းကတော့ ဒီပွဲမှာ တကယ်ကို ကောင်းမွန် နေခဲ့ပြီး အဆိုပါ ပွဲစဉ် အပြီးမှာတော့ အိုရီဂီ ဟာ အသင်းရဲ့ စွမ်းဆောင်ရည် ကိုသာ အဓိက ပြောဆို သွားခဲ့တဲ့ အပြင် သူ့အနေနဲ့ ဒီအသင်းရဲ့ အစိတ်အပိုင်း ဖြစ်ရတာ ဘယ်လောက် ပျော်ရွှင် နေသလဲ ဆိုတာကို ပြောသွား ခဲ့ပါတယ်။

အိုရီဂီ က “ကျွန်တော်တို့ဟာ အရမ်း ကောင်းတဲ့ အသင်း ဆိုတာကို အမြဲ ပြောလေ့ ရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ့်ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသ ရပါမယ်။ အသင်း တစ်သင်း အနေနဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ဟာ အရေး ပါပါတယ်။ ကျွန်တော်တို့ တစ်ဦး နဲ့ တစ်ဦး တွန်းအား ပေးသွား ရမှာပါ။ ကျွန်တော်တို့ဟာ အရမ်း ကောင်းတဲ့ အစုအဖွဲ့ ဖြစ်ပြီး လူငယ် ကစားသမား တွေတောင် ဘယ်လောက် ကောင်းသလဲ ဆိုတာ ကို အာဆင်နယ် နဲ့ ကာရာဘောင် ဖလား မှာ မြင်တွေ့ နိုင်ပါတယ်။ ကျွန်တော် ဒီမှာ ရှိနေတာကို ကျေးဇူး တင်မိ ပါတယ်။ ကျွန်တော် ဒီမှာ ရှိနေတဲ့ ကာလတွေကို ပျော်ရွှင် နေပါတယ်။” လို့ ဆိုခဲ့ ပါတယ်။

အွန်နရီ က အိုရီဂီ ရဲ့ မှတ်ချက် စကား တွေကို ကြည့်လိုက်မယ် ဆိုရင် ဘယ်ဂျီယံ ကစားသမားဟာ ကစားသမား တစ်ဦး အနေနဲ့ လူသား တစ်ဦး အနေနဲ့ ဘယ်လောက် ရင့်ကျက် လာသလဲ ဆိုတာ ပြသ လိုက်တာ ဖြစ်တယ်လို့ ဆိုလိုက်တဲ့ အပြင်

အွန်နရီ က “ဒီဗို့ အိုရီဂီ ဘယ်လောက်တောင် ရင့်ကျက် နေသလဲ ဆိုတာ ခင်ဗျားတို့ မြင်တွေ့ နိုင်မှာပါ။ သူဟာ အသင်း အစုအဖွဲ့ နဲ့ လူငယ် ကစားသမားတွေ အကြောင်းပဲ ဖော်ပြ ခဲ့ပါတယ်။ အကြိမ်တိုင်း သူဘယ်လောက် ကောင်းသလဲ ဆိုတာကို သတင်းထောက် တွေက ပြောစေ ချင်ကြ ပါတယ်။ ဒါပေမယ့် သူဟာ အသင်း အစုအဖွဲ့ အကြောင်း ကိုပဲ အမြဲ ပြောလေ့ ရှိပါတယ်။ အသင်းသား တစ်ဦးဟာ ကိုယ့်ဂုဏ် ကိုယ်ဖော် နေတဲ့ အခါ ဆိုရင်တော့ ဒါဟာ ဒုက္ခရောက် ပါပြီ။” လို့ ဆိုသွား ပါတယ်။

အိုရီဂီ အဲဗာတန် ဘက်ကို သွင်းယူ ခဲ့တဲ့ ဂိုး ၂ ဂိုး စလုံးဟာ အဆင့်အတန်း မြင့်မားလှပြီး ပထမဂိုးမှာ ဆိုရင်လည်း မာနေး ရဲ့ မျှောထိုး ပေးမှုကို ပစ်ဖို့ဒ် လက်ဦးမှု မရယူမီ ကြားဖြတ်ကာ ရယူ နိုင်ခဲ့ပြီး ဒီအတွက် ကြောင့်လည်း ဂိုးထဲကို လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခွင့် ရခဲ့ ပါတယ်။ ဒုတိယဂိုး ကတော့ လော့ဗရန် ခုတ်တင် ပေးလို်က်တဲ့ အဝေးဘော ကို အကောင်းဆုံး ထိန်းချုပ်ကာ လှလှပပ ပိတ်သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။

အိုရီဂီ က “ပထမဂိုးဟာ ပွဲကို Open ဖြစ်စေဖို့ အတွက် အရေးပါ ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ဒုတိယဂိုး ကတော့ နည်းစနစ်ပိုင်း နဲ့ သက်ဆိုုင် ပါတယ်။ ကျွန်တော် ဒီဂိုးကို နှစ်သက် ပါတယ်။ ပထမဂိုးဟာ ဆာဒီယိုရဲ့ အရမ်း ကောင်းတဲ့ ဘောလုံး ပေးပို့မှု ကနေ ရခဲ့တာ ဖြစ်ပြီး ဒုတိယဂိုး ကလည်း ဒီဂျန် ဆီကနေ ရခဲ့တာပါ။” လို့ ဆိုလိုက်ပါတယ်။

ဘယ်ဂျီယံ မန်နေဂျာ ရော်ဘတ်တိုမာတီနက် ကလည်း အိုရီဂီ ရဲ့ စကားကို ထောက်ခံ သွားခဲ့ပြီး လီဗာပူး စတားရဲ့ ဒုတိယ သွင်းဂိုး ကို သူ ပိုမို နှစ်သက်တယ်လို့ ဆိုလိုက် ပါတယ်။

မာတီနက် က “အိုရီဂီ သွင်းယူ ခဲ့တဲ့ ဒုတိယ ဂိုးဟာ အလှပဆုံး ဂိုးပါပဲ။ ဘယ်ရှုထောင့် ကနေပဲ ဒီဂိုးကို ခင်ဗျား အကဲဖြတ်ဖြတ် ဒါဟာ အရမ်းကို ရိုးရှင်းပြီး တိုက်ရိုက်ကျတဲ့ ဘောလုံး ပေးပို့မှုပါ။ ညာခြေထောက်နဲ့ ၂ ချက်ထိပြီး ဂိုးသွင်း ခဲ့တာပါ။ နည်းစနစ်ပိုင်း အရ ဒါဟာ လှပပါတယ်။ သူ့ရဲ့ လျှင်မြန်တဲ့ အတွေးဟာ လက်ဖျားခါလောက် ပါတယ်။” လို့ ဆိုသွား ပါတယ်။

SM