အာဆင်နယ် အသင်း ရဲ့ ရာသီသစ် အကြို ပြင်ဆင် မှု တွေ ကတော့ ယမန်နေ့ ညက ဘာစီလိုနာ အသင်း ကို ၂ – ၁ နဲ့ အရေး နိမ့် ခဲ့တဲ့ ဂမ်ပါ ဖလား ပွဲ အပြီး မှာ အဆုံးသတ် ပြီးစီး သွားခဲ့ ပြီဖြစ် ပါတယ် ။ အာဆင်နယ် ဟာ ရာသီကြို ခြေစမ်းပွဲ တွေ ကို အမေရိက ၊ ပြင်သစ် နဲ့ စပိန် မြေတွေ မှာ လှည့်လည် ကစား ခဲ့ ပြီး အခု ဆိုရင်တော့ အားလုံး ဟာ နယူး ကာဆယ် နဲ့ ပွဲ အပေါ် ကို အာရုံ တွေ စုပြုံ ကျရောက် လာခဲ့ပြီ ပဲ ဖြစ် ပါတယ်

အသင်း ရဲ့ ရာသီကြို ခြေစမ်းပွဲ က တော့ ဘာစီလိုနာ တိုက်စစ်မှုး လူးဝစ် ဆွာရက် ရဲ့ နောက်ကျ ဂိုး ကြောင့် နူးကမ့် မှာ အရှုံး ရလဒ် နဲ့ ပိတ်သိမ်း ခဲ့ရ ပါတယ် ။ ဒီလို ရှုံးနိမ့် ခဲ့ပေမယ့် လည်း အာဆင်နယ် အသင်း အတွက် အပေါင်း လက္ခဏာ ဆောင်မှုတွေ ကို မြင်တွေ့ ခဲ့ရ သလို ခြေစမ်းပွဲ ကာလ တစ်လျောက် အားနည်းမှု တွေ ကို လည်း မြင်တွေ့ ခဲ့ရ ပါတယ် ။

အာဆင်နယ် အတွက် အဖွင့်ဂိုး ကိုတော့ တိုက်စစ်မှုး ပီယာ အင်းမရစ် အော်ဘားမီးယန်း က သွင်းယူ ပေးခဲ့ ပါတယ် ။ ဂါဘွန် တိုက်စစ်မှုး ဟာ ဧရိယာ ထိပ် မှာ ရလာတဲ့ ဘောလုံး ကို တစ်ချက် လှည့်ပြီး ဘာကာ ဂိုး သမားရဲ့ ဘယ်ဘက် အပေါ်ထောင့်ထဲ ကို ကန်သွင်း ယူခဲ့တာ ဖြစ်ပါတယ် ။ ဒီဂိုး ဟာ အော်ဘားမီးယန်း ရဲ့ အရည် အသွေးကို ပြသခဲ့ သလို လှုပ်ရှား နေတဲ့ ဘာစီလိုနာ ကစား သမားတွေ ကြားကနေ အော်ဘားမီးယန်း ဆီ ဘောလုံး အရောက်ပို့ ပေးနိုင်ခဲ့တဲ့ အိုဇေးလ် ရဲ့ အခန်းကဏ္ဍ ကိုလည်း မေ့ထားးလို့ မရခဲ့ ပါဘူး ။

ပြောရရင်တော့ မီဆွတ် အိုဇေးလ် ဟာ ဒီနှစ် အာဆင်နယ် ရဲ့ ရာသီကြို ခရီးစဉ် မှာ လုံးဝ ခြားနားတဲ့ ကစား သမား တစ်ဦး အဖြစ် မြင်တွေ့ ခဲ့ရ ပါတယ် ။ ပြီးခဲ့တဲ့ ရာသီ တုန်းက နည်းပြ အမ်မရီ နဲ့ အဆင် မပြေမှုတွေ ဖြစ် ခဲ့ပြီး လုပ်ခ လစာ ကိစ္စ ကြောင့် အသင်း ကို စွန့်ခွာ ရမလို ဖြစ်ခဲ့တဲ့ အိုဇေးလ် ဟာ စာချုပ်သစ် အတွက် သဘောတူညီမှု ရရှိ အပြီး မှာတော့ သူ့ရဲ့ စိတ်အာရုံတွေ ကို ဂန်းနား တွေ အပေါ်မှာပဲ အပြည့်အ၀ ပုံအပ် ခဲ့ ပါတယ် ။

ဒါကြောင့် အိုဇေးလ် ဟာ အာဆင်နယ် ရဲ့ ရာသီကြို ခြေစမ်းပွဲတွေ မှာ အရင်က ထက် ပိုပြီး ဘောလုံး ကို တောင်းယူ လာသလို တိုက်စစ် မှာ လည်း ပြေးလွှား ကစား လာတာ တွေ ကို မြင်တွေ့ လာခဲ့ရ ပါတယ် ။ ပီပီ ၊ အော်ဘားမီးယန်း ၊ လာကာဇက်တီ တို့လို တိုက်စစ် အတွဲ ကို အိုဇေးလ် ရဲ့ ပံ့ပိုးမှုတွေ ပေါင်းစပ် လိုက်မယ် ဆိုရင် တိုက်စစ် ပိုင်း ဟာ တော်တော် ကြောက်ဖို့ ကောင်းလာမယ် ဆိုတာ မေးခွန်း ထုတ်စရာ လိုမယ် မထင် ပါဘူး ။

အူနိုင်း အမ်မရီ ဟာ ၄-၂-၃-၁ ကစားကွက် ကို ခင်းကျင်း တတ်သူ ဖြစ်တဲ့ အတွက် အိုဇေးလ် ရဲ့ အခန်းကဏ္ဍ က အရေးပါ နေဦးမှာ ပါပဲ ။ ဒါကြောင့် ဒီရာသီဟာ ဂျာမန်သား ပြန်လည် တောက်ပတဲ့ ရာသီ ဖြစ်လာ မလား ဆိုတာ စောင့်ကြည့် ရမှာပါ ။ ဒါ့အပြင် ရီးရဲ ကနေ အငှား ရောက်လာတဲ့ ဒါနီ ဆီဘယ်လော့ ဟာလည်း အသင်း ရဲ့ လိုအပ်မှု ကို ဘယ်လောက် အထိ ဖြည့်ဆည်းပေး နိုင် မလဲ ဆိုတာ စိတ်ဝင် စားဖို့ ကောင်းနေပါပြီ ။

တိုက်စစ်ပိုင်း ကတော့ အားလုံး ရိပ်စားမိတဲ့ အတိုင်း ပြီးပြည့်စုံ နေပြီလို့ ပြောလို့ရ ပါတယ် ။ ဒါပေမယ့် အာဆင်နယ် ရဲ့ အားနည်းချက် ကတော့ ရှိနေဆဲပါ ။ ဒါက တော့ နောက်တန်း မှာ ဖြစ်ပြီး ဂန်းနားတို့ရဲ့ ခံစစ် ကြောင်း ဟာ အမြဲလိုလို အားပျော့နေခဲ့ ပါတယ် ။

ဘာစီလိုနာ နဲ့ ပွဲရဲ့ ပထမ ပိုင်းမှာ အာဆင်နယ်တို့ အဆင်ပြေခဲ့ ပါတယ် ။ ဒါပေမယ့် ပွဲအပြီး မှာတော့ အာဆင်နယ် တို့ ထုံးစံအတိုင်းပဲ ကိုယ့် အမှားတွေ အတွက် ကိုယ် ပြန်ပေးဆပ် ရပါတော့တယ် ။ ဒုတိယပိုင်း တစ်လျောက် လုံး အာဆင်နယ် ခံစစ် ဟာ မလွတ်သင့်တဲ့ ဘောလုံး တွေကို လက်လွှတ် ခဲ့ပြီး အန္တရာယ် ဖြစ်စေ ခဲ့ ပါတယ် ။ ကိုယ့်ကွင်းဘယ်ခြမ်း မှာ ဖိအားတွေ ပေါ်လာအောင် ကိုယ့်ဘာသာ ဖန်တီးယူ ခဲ့ကြပါတယ် ။

အဲ့ဒါ ရဲ့ အကျိုးဆက် ကတော့ မစ်လန်းနီးလ် ကိုယ့်ဂိုး ကို သွင်းမိ ခဲ့တာပါပဲ ။ လူးဝစ်ဆွာရက် က အနိုင် ဂိုးကို သွင်းခဲ့ တယ် ဆိုပေမယ့် အာဆင်နယ် ရဲ့ ခံစစ် အားနည်းမှုတွေ က သူတို့ ကို ဒီလို ရလဒ်တွေ ဆီ ဆွဲခေါ် သွားခဲ့ တာပါ ။ ဘာစီလိုနာ ရယ်လို့မှ မဟုတ်ပါဘူး ၊ ပဲလေ့စ် ၊ ၀ုဗ် ၊ ဆောက်သမ်တန် ၊ ဘယ်လို အသင်းတွေ နဲ့ ပဲ ယှဉ်ပြိုင် ရပါစေ ၊ အာဆင်နယ် ရဲ့ ခံစစ် ကတော့ ကိုယ့်သေတွင်းကို မကြာခဏ ပြန်တူး နေတုန်း ပါပဲ ။

ငွေမသုံးဘဲနဲ့ တော့ အောင်မြင်မှာ မဟုတ်ပါဘူး ။ ခေတ် ရေစီးကြောင်း က လုံးဝ ပြောင်းလဲ သွားပါပြီ ။ အက်စ်တွန် ဗီလာ တို့လို အသင်းတွေတောင် ငွေသုံးကြမ်း နေတဲ့ ခေတ်မှာ အာဆင်နယ်တို့ ကပ်စီး နည်းနေ သရွေ့ကတော့ နောက်မှာ ကျန်ရစ် နေဦး မှာပါပဲ ။ ဆုဖလား တွေ ကို ရယူလိုတယ် ဆိုရင်တော့ စံချိန်တင် လောက်တဲ့ ပြောင်းရွှေ့မှု တွေ ကို မဖြစ်မနေ ပြုလုပ် ရမှာပါ . . .

တစ်ချိန်တုန်းက လို ရွှေရောင်အောင်မြင်မှုတွေ ကို ပြန်ပြီး မြင်တွေ့ချင်တယ် ဆိုရင်တော့ ကူလီဘာလေ လို နောက်ခံလူကောင်း တွေ ကို ဈေးကြီးပေးပြီး ခေါ်ယူုလိက်ပါ ၊ အဲ့လိုမှ မဟုတ်ရင်တော့ အာဆင်နယ်တို့ အိပ်ပေါက် နဲ့ ဖားကောက် နေဦးမှာ ပါပဲ . . .

SPORTS MYANMAR