ယနေ့ နံနက် အစော ပိုင်း မှာ ကစားသွား ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် မှာ ယူနိုက်တက် အသင်းက စပါး အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမှာ ခြေစွမ်းပြသနိုင်ခဲ့တာကတော့ ရတ်ဖို့ဒ်ဖြစ်ပြီး ယူနိုက်တက် အသင်းရဲ့ သွင်းဂိုး ၂ဂိုးလုံးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

 

အိုးထရတ်ဖို့ဒ်မှာ ကစားခဲ့တဲ့ ဒီပွဲ မှာ အိမ်ရှင် ယူနိုက်တက် အသင်း အသင်း ပွဲအစ ၆ မိနစ် မှာ ပဲ ဦးဆောင်ဂိုးရ ခဲ့ပေမယ့်ပထမပိုင်း ပွဲချိန် ပြီးဆုံးခါနီးမှာ ဒယ်လီ အလီက စပါးအတွက် ပြန်ပြီး ချေပခဲ့ပါတယ်။အလီအတွက်တော့ မော်ရင်ဟို လက်ထက်ပွဲတိုင်းမှာ သွင်းဂိုးတွေနဲ့ ပတ်သက်နိုင်ခဲ့မှုကိုဆက်ထိန်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စပြီး မကြာခင်မှာ ယူနိုက်တက်အသင်း ပင်နယ်တီရခဲ့ပြီး ရတ်ဖို့ဒ်က အဆုံးသတ်နိုင်ခဲ့ လို့ နည်းပြ ဟောင်း မော်ရင်ဟိုကို အသင်းသစ်နဲ့ ပထမဆုံး ရှံုးပွဲကြံုတွေ့သွားစေခဲ့တာဖြစ်ပါတယ်။မော်ရင်ဟိုကတော့ ယူနိုက်တက် ကစားသမား တွေဟာပြစ်ဒဏ်ဘောတွေရယူရမှာပါးနပ်ကြပြီး ဟန်ဆောင်ဒဏ်ရာတွေလည်း ရယူတတ်ကြတယ်လို့ ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

ပွဲအပြီး beIN Sports နဲ့အင်တာဗျူးမှာ မော်ရင်ဟိုက – ” ကျွန်တော်တို့က ပွဲကို ဆိုးဆိုးရွားရွားပုံစံ မျိုးနဲ့ စတင်ခဲ့ ကြ ပြီး သူတို့ကတော့ ကောင်းကောင်းမွန်မွန် စတင်နိုင်ခဲ့ပါတယ်။သူတို့ဟာ ပွဲချိန် မိနစ် ၃၀ လောက် အတွင်းမှာ ပထမဂိုးသွင်းယူနိုင်ခဲ့ကြပြီး ဒုတိယဂိုးအတွက်ပါ နီးစပ် ခဲ့ကြပါတယ်။သူတို့ဟာ ကျွန်တော်တို့ ထက် ပိုပြီး ကောင်းခဲ့ရုံ မဟုတ်ပဲ ကျွန်တော်တို့ ထက်အရမ်း အများကြီးကို ကောင်းခဲ့တာ ဖြစ်ပါတယ်။ပထမပိုင်း ရဲ့ လက်ကျန် ၁၅ မိနစ် လောက် အတွင်း မှာတော့ ဇာတ်လမ်းက တမျိုး အပြောင်း အလဲ ဖြစ်သွားခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စအပြီး မှာ ကျွန်တော်တို့ အသင်းအနေနဲ့ မူလပုံမှန် အနေအထားကို ပြန်ရောက်မယ်လို့ ယူဆမိခဲ့ပါတယ်။မူလပုံမှန်အနေအထားဆိုတာ ပွဲကို ထိန်းချုပ်ပြီး ကစားနိုင်တာကိုပြောတာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီပွဲကလို ဦးဆောင်ဂိုး မျိုး ထပ်ပေးလိုက်ရတဲ့ အတွက် အခြေအနေ တွေက ခက်ခဲသွားခဲ့ပါတယ်။သူတို့ အသင်းကတော့ ပြစ်ဒဏ်ဘောတွေကိုရယူတဲ့ နေရာမှာ ပါနပ်မှုရှိကြပြီး ဟန်ဆောင်ဒဏ်ရာတွေလည်း ရရှိခဲ့ ကြပါတယ်။ဒါပေမယ့်သူတို့ရဲ့ တန်ပြန်တိုက်စစ်က အန္တရာယ်ရှိနေဆဲဖြစ်ခဲ့ပါတယ်။

ဒုတိယ ဂိုးပေး လိုက်ရတာဟာ ကျွန်တော်တို့ အသင်း ကိိုယ့်အမှားတွေ နဲ့ ကိုယ်ခံလိုက်ရတာဖြစ်ပါတယ်။ပထမပိုင်း ပွဲချိန် မိနစ် ၃၀ လောက် အတွင်းမှာသူတို့က အများကြီးပိုကောင်းခဲ့လို့ ဒီပွဲကိုသူတို့အနိုင်ရဖို့ထိုက်တန်တယ်ဆိုတဲ့ အကြောင်းပြချက်မျိုးကျွန်တော်ပေးချင်ပါတယ်။ဒီလို ဖြစ်နေခဲ့တာ အခုပွဲမှာမှ မဟုတ်ပါဘူး၊ ပြီးခဲ့တဲ့ ပွဲတွေကို ပြန်ကြည့်လိုက်ရင်လည်း အလားတူ မြင်တွေ့ရမှာဖြစ်ပါတယ်။အိုလံပီယာကော့စ်နဲ့ပွဲမှာလည်း ကျွန်တော်တို့ ပွဲကို ကောင်းကောင်းမစတင်နိုင်ခဲ့ပါဘူး။ဘုန်းမောက်နဲ့ ပွဲမှာလည်း အချိန် ယူခဲ့ရပါတယ်။

ကျွန်တော်တို့ အနေနဲ့ ပြိုင်ဘက် အသင်းကို ဘယ်လို ဦးဆောင်ပြီး လုပ်ဆောင် ဖို့ ထက် ပြိုင်ဘက် အသင်းရဲ့ လုပ်ဆောင် လာမှုတွေကို ပဲ ဘယ်လို တုန့်ပြန်သွား မယ် ဆိုပြီး စိတ်အားထက် ထက်သန် ခဲ့ကြ သလိုပါပဲ ” လို့ပြောခဲ့တာ ဖြစ်ပါတယ်။

ပင်နယ်တီ ခွင့်ပြု ပေးခဲ့ရတဲ့ အပေါ် မှတ်ချက် ပေးခိုင်းရာမှာတော့ မော်ရင်ဟိုက – ” မမြင်လိုက်ရတဲ့ အတွက် ကျွန်တော်မသိပါဘူး။ဒါပေမယ့် ပင်နယ်တီ ဧရိယာ အတွင်းမှာ ဖြစ်ပျက်ခဲ့တာကတော့ အဲ့ဒီမတိုင်မီမှာ ဖြစ်ခဲ့တဲ့ အရာတွေ ရဲ့ အကျိုးဆက် လို့ တော့ ကျွန်တော် ထင်ပါတယ်။

အက်ရှ်လေယန်း ဘောလုံး ရသွားပြီး ကတည်းကကျွန်တော်တို့ အနေနဲ့ချက်ချင်း သတိထားခဲ့ရ မှာဖြစ်ပါတယ်။ဒါပေမယ့်အဲ့လို မလုပ်ခဲ့လို့ ရတ်ဖို့ဒ်ဘောလုံးရရှိဖို့ နေရာလွတ်တွေပေးသလိုဖြစ်ခဲ့ပါတယ်။ သူဘောလုံးရသွားပြီးမှ ကျွန်တော်တို့ လန့်နိုးသလို ဖြစ်ခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR