မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ မနေ့ ညက အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ ယခင် နည်းပြ ဟောင်း ဟိုဆေး မော်ရင်ဟို ဦးဆောင် တဲ့ တော့တင်ဟမ် ဟော့ စပါး အသင်း ကို ရင်ဆိုင် ခဲ့ ရပြီး 2 – 1 ဆိုတဲ့ ရလဒ် နဲ့ အနိုင် ရယူ နိုင်ခဲ့ ပါတယ် ။

 

အဆိုပါ ပွဲစဉ် မှာ ယူနိုက်တက် အတွက် အဖွင့် ဂိုးကို ရပ်ရှ်ဖို့ မှ သွင်းယူ သွားခဲ့ ပေမယ့် အလီ က လှလှပပ ပြန်လည် ချေပ နိုင်ခဲ့ တာကြောင့် ပထမပိုင်း ဟာ 1 – 1 ဆိုတဲ့ သရေ ရလဒ် နဲ့သာ ပြီးဆုံး ခဲ့ရ ပါတယ် ။

အဲ့ဒီနောက် ဒုတိယပိုင်း မှာ ယူနိုက်တက် တို့ ပင်နယ်တီ ရရှိ ခဲ့ပြီး ရပ်ရှ်ဖို့ က အမှားအယွင်း မရှိ အဆုံးသတ် နိုင်ခဲ့ တာကြောင့် ယူနိုက်တက် တို့ သုံးပွဲဆက် နိုင်ပွဲ မရရှိ သေးတဲ့ မှတ်တမ်း ဆိုးကို ချေဖျက် ပြီး အမှတ်ပေး ဇယား အဆင့် 6 နေရာ ကို တက်လှမ်း နိုင်ခဲ့ ကြ ပါတယ် ။

အခြား တစ်ဖက် မှာတော့ အသင်း သစ်ကို ကိုင်တွယ် ပြီး သုံးပွဲဆက် နိုင်ပွဲ ရှာဖွေ ထားနိုင် ခဲ့တဲ့ ဟိုဆေး မော်ရင်ဟို အတွက် တော့ အသင်း ဟောင်းကို ပထမဆုံး အကြိမ် ပြန်လည် ရင်ဆိုင် ခဲ့ရ ခြင်းက စပါး နည်းပြ ဘဝ ပထမဆုံး ရှုံးပွဲ ကြံုတွေ့ ခဲ့ရ ခြင်း ဖြစ်သွား ခဲ့ရ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ပြိုင်ဖက် နည်းပြ နှစ်ဦး ဖြစ်ကြ တဲ့ ဟိုဆေး မော်ရင်ဟို နဲ့ ဆိုးလ်ရှား တို့ဟာ အသင်း ရဲ့ အဝတ် လဲခန်း သွားရာ ဥမင် လိုဏ်ခေါင်း တစ်လျောက်မှာ စကား တွေ ပြောခဲ့ ကြတာ ကို တွေ့ရှိ ခဲ့ရ ပါ သေးတယ် ။

ဒါကို ပွဲ အပြီး အင်တာဗျူး အစီအစဉ် မှာ Amazon Prime Video မှ သူတို့ နှစ်ဦး ဘာတွေ ပြောဖြစ် ခဲ့ကြ သလဲ ဆိုတာ ကို မေးမြန်း ခံလိုက် ရချိန် ဆိုးလ်ရှား က အဆိုပါ အကြောင်း အရာ ကို ဖြေကြားဖို့ အတွက် ငြင်းဆန် သွားခဲ့ လိုက် ပါတယ် ။

အဲ့ဒီနောက် ဆိုးလ်ရှား က နှစ်ဖက် အသင်း ထိပ်တိုက် ရင်ဆိုင် ကစား ကြတဲ့ အချိန် မှာ ဟိုဆေး မော်ရင်ဟို ဟာ ရှံုးနိမ့် ခဲ့တဲ့ အသင်း ဖက်မှ ဖြစ်နေ ခဲ့တဲ့ အတွက် ကြောင့် မပျော်မရွှင် ဖြစ်နေ ခဲ့ကြောင်း ကိုပဲ ပြန်လည် ဖြေကြား သွားခဲ့ လိုက် ပါတယ် ။

” ဘယ်သူ မှ ပွဲစဉ် တွေကို ရှံုးနိမ့် ရတာ မနှစ်သက် ကြ ပါဘူး ။ ကျွန်တော် တို့ အားလုံး လည်း အတူတူ ပါပဲ ။ ကျွန်တော် တို့ တွေက ပြိုင်ပွဲ တွေမှာ အနိုင် ရလဒ် ကိုပဲ လိုချင် ကြတာ လေ ” လို့ ဆိုးလ်ရှား က ပြန်လည် ပြောကြား သွားခဲ့ လိုက်ပြီး သူတို့ ဘာတွေ ပြောခဲ့ သလဲ ဆိုတာ ကိုတော့ မဖြေ ကြားခဲ့ ပါဘူး ။

အဆိုပါ နိုင်ပွဲ ကြောင့် မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ အမှတ်ပေး ဇယား မှာ တော့တင်ဟမ် ကို ကျော်ဖြတ် ပြီး အဆင့် 6 နေရာ ကို ရောက်ရှိ သွားခဲ့ ပါပြီ ။ ယူနိုက်တက် ဟာ နောက် တစ်ပွဲ အဖြစ် မန်စီးတီး အသင်း နဲ့ ဆက်လက် ရင်ဆိုင် သွားရ ဖို့ ရှိနေ ပါတယ် ။

#Sports_Myanmar