အိုးထရတ်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ယူနိုက်တက် အသင်း က စပါး အသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရ ခဲ့ပါတယ်။ ပွဲအစ ၆ မိနစ် မှာပဲ ရတ်ဖို့ဒ်ကဦး ဆောင်ဂိုးသွင်းသွားခဲ့ လို့ စပါးအသင်းရုန်းကန်ခဲ့ရပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ဒယ်လီ အလီက ပြန်ပြီး ချေပ ပေခဲ့ပါတယ်။ဒုတိယပိုင်း ပြန်စပြီး မကြာ ခင်မှာ လည်း ယူနိုက်တက် အသင်း ဦးဆောင် ဂိုး ထပ်ရ ခဲ့ပြီး ပင်နယ်တီ ကနေ ရတ်ဖို့ဒ် ကပဲ သွင်းယူပေး ခဲ့တာဖြစ်ပါတယ်။ဒါကြောင့် လည်း မော်ရင်ဟို အတွက်တော့ စပါး နည်းပြ ဘဝပထမဆုံး ရှုံးပွဲ ကြံုတွေ့သွားခဲ့ရတာဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားရဲ့ ယူနိုက်တက် အသင်း ဟာ ဒီရာသီ မှာ အတော်လေး အခြေအနေ ဆိုးနေခဲ့ပေမယ့် ပြိုင်ဘက် အသင်းကြီးတွေနဲ့ ပွဲတွေမှာ ရလဒ်တွေကောင်းထားခဲ့တာဖြစ်ပါတယ်။စပါး၊ချဲဆီးလ်တို့ကိုခြေတက်နေတဲ့အသင်းတွေကိုအနိုင်ကစားထားပြီးလီဗာပူးနဲ့ အာဆင်နယ်တို့ကို သရေကစားထားပါတယ်။

မော်ရင်ဟို ဟာ ပိုချက်တီနို ရဲ့ နေရာမှာ တာဝန်ယူကိုင်တွယ်နေခဲ့တာ ဖြစ်ပြီး ပြိုင်ပွဲ စုံ ၃ပွဲလုံးမှာ အနိုင်ရအောင်စွမ်းဆောင်ပေးထားခဲ့လို့ အဖွင့်လှနေခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် နောက်ဆုံး ၂ပွဲဆက် တိုက် တန်းတက် အသင်းတွေကို တောင်အနိုင် မရထားတဲ့ ယူနိုက်တက်နဲ့ အတွေ့မှာ ရှံုးပွဲကြံုလိုက်ရတာဖြစ်ပါတယ်။

ဒါကြောင့်လည်း မော်ရင်ဟို က ယူနိုက်တက် အသင်းဟာ ပွဲကို အရင်ဦးဆောင်ချင်တဲ့ ပြိုင်ဘက် အသင်းကြီးတွေနဲ့ ပွဲတွေကို ပိုပြီး လွယ်လွယ်ချဉ်းကပ်နိုင်စွမ်း ရှိကြတယ်လို့ ထုတ်ပြောလိုက်တာဖြစ်ပါတယ်။ပွဲအပြီး အင်တာဗျူးတခုမှာ မော်ရင်ဟို က –

” ဒီရာသီ ယူနိုက်တက် အသင်းရဲ့ ရလဒ်တွေကို ခင်ဗျားတို့ ပြန်ကြည့်လိုက်ကြပါဗျာ။ သူတို့ဟာ အကောင်းဆုံး အသင်းတွေနဲ့ ပွဲတွေမှာ ရလဒ်ကောင်းအောင် စွမ်းဆောင် ထားနိုင် ခဲ့ကြပါတယ်။သူတို့ဟာ ချဲဆီးလ်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်း ပွဲမှာလည်း ဒီလို လုပ်နိုင် ခဲ့ကြတယ်လို့ ကျွန်တော်ထင်ပါတယ်။လီဗာပူး၊ လက်စတာ တို့လို အသင်းတွေ နဲ့ အပြင် ဒီရာသီ ရဲ့ အံံ့မခန်း အသင်းကြီးတသင်းနဲ့ ပွဲမှာလည်း အတူူတူပဲဖြစ်ပါတယ်။ဒီလိုပွဲကြီးတွေမှာ သူတို့ ကအမြဲတမ်း လိုလို တူညီတဲ့စိတ်နေသဘောထားမျိုးရှိကြပါတယ်။ဒါကြောင့်သူတို့ကစားရတာပိုပြီးလွယ်ကူစေတယ်လို့ ကျွန်တော်ထင်ပါတယ်။

 

သူတို့ဟာ ပြိုင်ဘက် ကို ခံစစ် ကစားပုံ နဲ့ ချဉ်းကပ်ရမှာကို မကြောက်ကြပါဘူး။အိမ်ကွင်းမှာ ကစားရပေမယ့် တိုက်စစ် ကစားဖို့ အချိန်ယူရမှာကို လည်းမကြောက်ကြပါဘူူး။ပွဲအတွင်း စိတ်ခံစားချက်တွေ အထိန်းချုပ်ခံဖြစ်သွားမှာကိုလည်း မကြောက်ကြပါဘူး။

အဲ့ဒီနောက်မှာတော့ လူငယ်လေးတွေရဲ့ အံံ့မခန်း စွမ်းအားတွေ အံ့မခန်း ကောင်းမွန်တဲ့ စိတ်ပိုင်းဖြတ်မှုတွေနဲ့ အတူ ကြိုးစားကြပါတော့တယ်။အမြင့်ဘော ကောင်းတဲ့ မက်ဂွိုင်းယား၊လျင်မြန်တဲ့ တန်ပြန်တိုက်စစ်တွေ အတွက်ရတ်ဖို့ ၊ ဒန်နီရယ်ဂျိန်းစ်၊ လင်ဂတ်၊ မာရှယ် တို့ ရှိနေလို့ ပွဲတွေကို သက်တောင့်သက်သာ အနိုင်ရနေတာဖြစ်ပါတယ်။ယူနိုက်တက် အသင်း ဟာ သူတို့ထက် ပိုကောင်း ပြီး သူတို့ထက် ဘောလုံး ပိုင်ဆိုင်မှု ပိုလိုချင်တဲ့ အသင်းတွေ ပွဲကို ဦးဆောင် ဖို့ ကြိုးစားတတ်တဲ့ အသင်းတွေ နဲ့ ပွဲတွေကို ပိုပြီး လွယ်လွယ်ကူကူကစားနိုင်ပါတယ်။အဲ့ဒီပွဲတွေကို ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ လည်း ထင်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီပွဲအနိုင်ကြောင့် အဆင့် ၆ နေရာအထိ ရောက်ရှိသွား ခဲ့ပြီး စပါး အသင်းကတော့ အဆင့်၈ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။ယူနိုက်တက် အသင်းဟာ လာမယ့်ပွဲမှာတော့ မန်စီးတီး အသင်းနဲ့ မန်ချက်စတာ ဒါဘီ ပွဲစဉ်ကို ဆင်နွှဲရမှာဖြစ်ပါတယ်။

SPORTS MYANMAR