မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီနေ့ နံနက် အိုးလ် ထရပ်ဖို့ဒ် ကွင်းမှာ တော့တင်ဟမ် ဟော့ စပါး အသင်း ကို ရင်ဆိုင် ကစား ခဲ့ပြီး 2 – 1 ဆိုတဲ့ အနိုင် ရလဒ် ကို ရယူ နိုင်ခဲ့ ပါတယ် ။ အဆိုပါ ပွဲစဉ် မှာတော့ ယူနိုက်တက် အတွက် သွင်းဂိုး တွေကို တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရ်ှဖို့ က သွင်းယူ ပေးသွား ခဲ့ ပါတယ် ။

အဆိုပါ ပွဲစဉ် အပြီး မှာတော့ ယူနိုက်တက် နည်းပြ အိုလီ ဂန်နား ဆိုးလ်ရှား က သူ ဒီအသင်း ကို ကိုင်တွယ် ခဲ့တဲ့ ကာလ အတွင်း မှာ ဒါဟာ ရပ်ရှ်ဖို့ ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ဖြစ်ခဲ့ ကြောင်း ဆိုးလ်ရှား က တိုက်စစ် ကစားသမား လေးရဲ့ အရည် အသွေး တွေကို ထုတ်ဖော် ချီးကျူး သွားခဲ့ လိုက် ပါတယ် ။

” ဒါဟာ ကျွန်တော့် လက်အောက် မှာ ကစား ခဲ့တဲ့ အချိန် အတွင်း သူ့ ( ရပ်ရှ်ဖို့ ) ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် ပါပဲ ။ သူဟာ ရင့်ကျက် လာပါ ပြီ ။ ဒါ့အပြင် ပရီးမီးယား လိဂ် ပြိုင်ဖက် ကောင်း တွေနဲ့ ရင်ဆိုင် ကစား ရတဲ့ အခါ ပိုပြီး ကောင်းမွန် နေ ပါပြီ ”

” သူရဲ့ ပင်နယ်တီ ကန်သွင်းပုံ က တည်ငြိမ် ပြီး အေးဆေး နေခဲ့ ပါတယ် ။ ပြီးတော့ သူ့ရဲ့ ပထမဆုံး သွင်းဂိုး ရောပေါ့ ။ သူဟာ အဲ့လို ကန်ချက် တွေကို လုပ်ဆောင် တက်တယ် ဆိုတာ ကျွန်တော် တို့ သိရှိ ကြ ပါတယ် ။ သူဟာ အခွင့် အရေး တွေ သုံး ၊ လေးကြိမ် လောက် ပိုင်ဆိုင် ခဲ့ ပါတယ် ”

” သူ့ကို ကြည့်ရှု ရတာ ကစားကွင်း ဒါမှမဟုတ် ပန်းခြံ တစ်ခု ထဲ ရောက်ရှိ နေသလို ပါပဲ ။ ကျွန်တော် တို့က သူတို့ တွေကို ကွင်းထဲ ပျော်ရွှင် ခံစား စေလို ခဲ့ကြ ပါတယ် ။ ကျွန်တော် တို့က သူတို့ တွေရဲ့ အကောင်းဆုံး စွမ်းဆောင်ရည် တွေကို မြင်တွေ့ လိုခဲ့ ကြ ပါတယ် ” လို့ ဆိုးလ်ရှား က ထုတ်ဖော် ပြောကြား ခဲ့လိုက် ပါတယ် ။ အဲ့ဒီနောက် ဆိုးလ်ရှား က နိုင်ပွဲ နဲ့ ပတ်သက်လို့ …

” ခင်ဗျား ဟာ နိုင်တဲ့ အခါ တွေမှာ အမြဲ ပျော်ရွှင် နေမှာ ပါပဲ ။ ကောင်လေး တွေက အချိန် တိုင်း လေ့လာ သင်ယူ နေကြ ပြီး တိုးတက် ကောင်းမွန် လာကြ ပါတယ် ။ ဒါပေမယ့် ဒီနေ့ ပွဲစဉ် မှာတော့ ကျွန်တော် တို့ဟာ အချိန် တွေ အကြာကြီး ကောင်းအောင် ကစား ပြနိုင် ခဲ့ကြ ပါတယ် ”

” အနိုင် သုံးမှတ် ဆိုတာ ကျွန်တော် တို့ အတွက် ထူးကဲ လှတဲ့ အရာ တစ်ခု ပါပဲ ။ ကျွန်တော် တို့ဟာ ဒီ ရာသီ မှာ သရေ ရလဒ် တွေ များစွာ ထွက်ပေါ် ထားခဲ့ ကြပြီး အနိုင် ရရှိ နေတဲ့ အနေအထား ကနေ အမှတ် ဆုံးရှုံး တာတွေ လည်း များပြား ခဲ့ ပါတယ် ။ ဒီအတွက် ရှက်ဖီး ၊ ဗီလာ နဲ့ ကစား ခဲ့တဲ့ ပွဲစဉ် တွေက အကောင်းဆုံး သင်ခန်းစာ တွေ ပါပဲ ”

” ကျွန်တော် တို့ဟာ ကောင်းမွန် တဲ့ အပြု အမူ တွေနဲ့ ပြန်လာ နိုင်ခဲ့ ကြ ပါတယ် ။ ကျွန်တော် တို့ ပြန်လည် တည်ဆောက်ရေး အစီအစဉ် တွေကို ချမှတ် ထားခဲ့ ပြီးပါပြီ ။ ကျွန်တော် တို့ ချမှတ် သင့်တဲ့ ဆုံးဖြတ်ချက် တွေကို လည်း ချခဲ့ ပြီးပါပြီ ။ အခု ကျွန်တော် တို့ဟာ အသင်း ကို ပြန်လည် ပိုကောင်း လာဖို့ လုပ်ဆောင် နေကြ ပါတယ် ”

” ကျွန်တော် အဲ့တာ တွေကို လုပ်ဆောင် နေခြင်း နဲ့ ပတ်သက်လို့ ကြိုးစား နေခြင်းက ကာလတို တစ်ခု နဲ့ ပြီးဆုံး သွားမှာ မဟုတ် ပါဘူး ။ ကျွန်တော် တို့ အလှည့် အပြောင်း တစ်ခု ကို လုပ်ဆောင်ရင်း သုံး ၊ လေးပွဲ လောက် ဆက်တိုက် နိုင်တဲ့ အခါ ကျရင် သူတို့ တွေဟာ မန် ယူနိုက်တက် ဆိုတဲ့ ခံစားချက် ကို ပြန်လည် ပိုင်ဆိုင် လာနိုင် ပါ လိမ့်မယ် ” လို့ ဆိုးလ်ရှား က အသင်းကို တည်ဆောက် ဖို့ အတွက် အချိန် လိုကြောင်း ကိုပါ ထည့်သွင်း ပြောကြား သွားခဲ့ လိုက် ပါတယ် ။

ယူနိုက်တက် အသင်း ဟာ တော့တင်ဟမ် နဲ့ ရင်ဆိုင်ကစား ခဲ့ အပြီး မှာတော့ နောက် တစ်ပွဲ အဖြစ် စနေ နေ့မှာ မြို့ခံ ပြိုင်ဖက် မန်စီးတီး အသင်း နဲ့ ဆက်လက် ရင်ဆိုင် ကစား သွား ရဖို့ ရှိနေ ပါတယ် ။ ဒါဟာ ဆိုးလ်ရှား နဲ့ ယူနိုက်တက် ကစားသမား တွေ အတွက် နောက်ထပ် စမ်းသပ် ခံရမှု တစ်ခု ပါပဲ ။

အကယ်လို့ သူတို့ တွေသာ ရလဒ် ကောင်း တစ်ခု ဆက်လက် ရှာဖွေ နိုင်မယ် ဆိုရင် ကစားသမား တွေရဲ့ ယုံကြည်ချက် ဟာ ပိုမို အားကောင်း လာနိုင် ပါ လိမ့်မယ် ။ ဒါပေမယ့် အမှတ်ပေး ဇယား ထိပ်က လီဗာပူး ကို အမီ လိုက်ဖို့ အားထုတ် နေတဲ့ မန်စီးတီး ကို ရင်ဆိုင် ဖို့ ဆိုတာ ကတော့ တစ်ကယ့် ကို ခက်ခဲ နေပါ လိမ့်မယ် ။

#Sports_Myanmar